မြန်မာငွေသိန်း ၂၃ ကျော်ကုန်ကျမယ့် Nokia 3310 Supremo Putin

date_range 07 March 2017

မြန်မာငွေသိန်း ၂၃ ကျော်ကုန်ကျမယ့် Nokia 3310 Supremo Putin

visibility 750 Views

                Cavir ဆိုတဲ့ Russian ကုမ္ပဏီက ပြုလုပ်ခဲ့တဲ့ ရွေတွေ၊ Titanium တွေနဲ့ အလှဆင်ထားတဲ့ Nokia 3310 Supremo Putin ဆိုတဲ့ဖုန်းရဲ့ ဈေးနှုန်းဟာ မြန်မာငွေသိန်း ၂၃ ကျော်ရှိပါတယ်။

                ဖုန်းရဲ့ Body ကို Titanium နဲ့ပြုလုပ်ထားပြီး အရောင်ကတော့ အမဲရောင်ဖြစ်ပါတယ်။ အဲ့ဒီ့ အမဲရောင် Titanium Body ပေါ်မှာမှ ရွှေပြားတွေနဲ့ အလှဆင်ထားတယ်ဆိုတော့ အမြင်ကတော့ တော်တော်ကိုလှပါတယ်။

                ဖုန်းရဲ့ကျောဘက်မှာတော့ ရုရှားသမ္မတ Vladmir Putin ရဲ့မျက်နှာပုံစံအတိုင်း ထုထွင်းထားတဲ့ ရွှေပြားတစ်ချပ်နှင့်အတူ၊ ရုရှားနိုင်ငံရဲ့ နိုင်ငံတော်သီချင်းမှာ ပါဝင်တဲ့စာသားအချို့ကို ထွင်းထုထားတဲ့ ရွှေပြားတစ်ချပ်ကိုလည်း တွေ့မြင်ရမှာပါ။ ဒီ့အပြင် ကုမ္ပဏီရဲ့တံဆိပ်ကိုလည်း ရွှေပြားပေါ်မှာ ထွင်းထုထားပြီး ဖုန်းရဲ့ကျောဘက်ခြမ်း၊ ကင်မရာရဲ့အပေါ်ဘက်မှာ မြင်တွေ့နိုင်ပါတယ်။

                ဖုန်းရဲ့ရှေ့ဘက်ခြမ်းမှာလည်း ခလုတ်တွေကို ရွှေပြားတွေနဲ့ကပ်ထားပြီး Home Button ကိုတော့ ရုရှားစစ်တပ်ရဲ့ လက်မောင်းတံဆိပ်ပုံစံအတိုင်း ထုထွင်းထားတဲ့ ရွှေပြားတစ်ချပ်နဲ့ အလှဆင်ထားပါတယ်။

                ဒီဖုန်းဟာ ရုရှားနိုင်ငံအတွင်းမှာပါ ဝယ်ယူလို့ရမှာလို့ထင်ရပြီး၊ ဖုန်းရဲ့ Specification တွေကတော့ Nokia 3310 ရဲ့ Specifiction တွေနဲ့ အတူတူပဲဖြစ်ပါတယ်။ ထူးထူးခြားခြား ဘာ Function မှတော့ ပါလာမှာမဟုတ်ပါဘူး။

                ဖုန်းကဘာမှတော့ မထူးခြားပေမယ့် ရုရှားသူကြွယ်တွေအတွက်ကတော့ သမ္မတကြီးကိုချစ်ရင် ဝယ်ကြမယ်လိုတော့ ထင်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Nokia 3310 Caviar Supremo Putin Vladmir Putin
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed