တကျော့ပြန်ထွက်ရှိလာတဲ့ Nokia ရဲ့ နာမည်ကျော် Nokia 3310 မိုဘိုင်းဖုန်း

date_range 27 February 2017

တကျော့ပြန်ထွက်ရှိလာတဲ့ Nokia ရဲ့ နာမည်ကျော် Nokia 3310 မိုဘိုင်းဖုန်း

visibility 700 Views

                ဘက်ထရီခံမှုနဲ့ အကြမ်းခံလွန်းမှုတွေကြောင့် Meme (မီးမ်) တွေတောင် လုပ်ယူရတဲ့ Nokia ရဲ့ နာမည်ကျော် 3310 မိုဘိုင်းဖုန်း ပြန်လာပါပြီ။


                Nokia ဖုန်းတွေထုတ်လုပ်ရောင်းချခွင့်ရထားတဲ့ HMD Global က Nokia 3310 (2017) စမတ်ဖုန်းကို မနေ့က ကျင်းပခဲ့တဲ့ MWC 2017 ပွဲမှာ ကြေငြာခဲ့တာဖြစ်ပြီး၊ ၅၂ ဒေါ်လာစျေးနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

                ၂၀၁၀ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အရင် Nokia 3310 ဖုန်းလိုပဲ Nokia 3310 (2017) ဟာ ဖုန်းပြောချိန် ၂၂ နာရီအတိ ခံပြီး၊ ဒီတိုင်းမသုံးဘဲ Stand By ဖွင့်ထားမယ်ဆိုရင် ဘက်ထရီက တစ်လလောက်အထိ ခံမယ်လို့ HMD Global က ဆိုပါတယ်။ ဒီထက်ပို စိတ်ဝင်စားစရာကောင်းတာက အရင် Nokia ဖုန်းကိုင်သူတိုင်းဆော့ဖူးကြမယ့် မြွေဂိမ်းလည်း ယခု ၂၀၁၇ ဖုန်းမှာ ဗားရှင်းအသစ်နဲ့ ပါဝင်လာမှာဖြစ်ပါတယ်။


                Nokia 3310 ကို အနီဖျော့ရောင်၊ အဝါရောင်၊ အနက်ရောင်နဲ့ ခဲရောင်ဆိုပြီး အရောင်လေးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ ယခုနှစ် ဒုတိယသုံးလပတ် (ဧပြီ၊ မေ၊ ဂျွန်လ) အတွင်း ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဘက်ခေတ်စမတ်ဖုန်းတွေလိုတော့ စွမ်းဆောင်ရည်မြင့်မှာမဟုတ်ပေမယ့်၊ ဖုန်းတစ်လုံးရဲ့ လိုအပ်ချက်တွေ အကုန်ပြည့်စုံတဲ့ဖုန်းဖြစ်ပြီး၊ အမှတ်တရပြန်လည်ကိုင်ဆောင်ချင်သူတွေ ကြိုက်ကြမှာပါ။

                Nokia ဟာ မနေ့က MWC 2017 ပွဲမှာ Nokia 3 နဲ့ Nokia 5 စမတ်ဖုန်းမော်ဒယ်အသစ်တွေကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။

References
Gadgets NDTV The Verge
About Author
Assinged Tags
Smartphones Nokia Nokia 3310
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed