Android 8 Oreo ၊ RAM 4GB နဲ့ Snapdragon 835 SoC တို့ ပါဝင်လာမယ့် Nokia 9

date_range 17 September 2017

Android 8 Oreo ၊ RAM 4GB နဲ့ Snapdragon 835 SoC တို့ ပါဝင်လာမယ့် Nokia 9

visibility 32020 Views

                ဒီနှစ်အတွက် လူပြောအများဆုံးသတင်းတွေထဲက တစ်ခုကတော့ ဖုန်းလောကထဲကို Nokia ပြန်ဝင်လာခဲ့တာပါပဲ။ Nokia အတွက် ဖုန်းတွေထုတ်လုပ်ပေးနေတဲ့ HMD Global ကတော့ ဒီနှစ်ထဲမှာတင် Nokia 3, Nokia 5, Nokia 6 နဲ့ Nokia 8 ဆိုတဲ့ ဖုန်းလေးမျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခုတော့ နောက်ထပ်ပရီမီယမ်ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 9 ကို ဒီနှစ်ကုန်လောက်မှာ ကြေငြာဖို့ စိုင်းပြင်းနေပြန်ပါပြီ။ ကျွန်တော်တို့ဟာ ဒီဖုန်းအကြောင်းကို အစောကြီးတည်းက သတင်းတွေကြားခဲ့ပေမယ့် နောက်ဆုံးမှာတော့ Nokia 8 ပဲ ထွက်လာခဲ့တာပါ။ ဒါပေမယ့် Nokia 9 က တကယ်ရှိနေခဲ့ပုံပါပဲ။

                Nokia 9 အတွက် ကောလာဟလတွေက Internet ပေါ်မှာ ထွက်ပေါ်နေတာ အတော်ကိုကြာနေပါပြီ။ တကယ်တော့ Nokia 8 မထွက်ခင်တည်းက Nokia 9 ကို HMD Global က ကြေငြာလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုအခါမှာတော့ Benchmarking Website တစ်ခုဖြစ်တဲ့ GFXBench Website မှာ Nokia 9 ရဲ့ အချက်အလက်အချို့ကို တွေ့ခဲ့ရပါပြီ။ ဒီ Website မှာ ဖော်ပြထားချက်အရ Nokia 9 ဟာ လက်ရှိ Flagship ဖုန်းတွေမှာပါတဲ့ Hardware တွေအပြင်၊ Google ရဲ့ နောက်ဆုံးပေါ် OS ဖြစ်တဲ့ Android Oreo နဲ့ ထွက်လာနိုင်တယ်ဆိုတာပါ သိခဲ့ရပါတယ်။


                GFXBench က တွေ့ရှိမှုအရဆို Nokia 9 မှာ Snapdragon 835 Chipset၊ RAM 4GB နဲ့ Internal Storage 64GB ပါဝင်မှာပါ။ ဒီအတိုင်းသာ မှန်မယ်ဆိုရင်တော့ Nokia 9 ဟာ Nokia 8 နဲ့ Specifications တွေ တူညီနေမှာဖြစ်ပါတယ်။ ဒါဆို Nokia 8 နဲ့ Nokia 9 ကို HMD Global က ဘယ်လိုခွဲထုတ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါတယ်။ ဖြစ်နိင်တာက Screen Size နဲ့ပဲ ခွဲထုတ်လိုက်ဖို့ များပါတယ်။ Nokia 8 ထက် ပိုကြီးမယ့် 5.5 လက်မ ဒါမှမဟုတ် LG G6 လိုမျိုး 5.7 လက်မ Screen နဲ့ ထွက်လာနိုင်ပါတယ်။

                အစပိုင်းထွက်ခဲ့တဲ့ သတင်းတွေအရ Nokia 9 ဟာ Nokia 8 မှာ ပါဝင်တဲ့ Screen Size နဲ့ Camera အတိုင်aးကိုမှ ပိုများတဲ့ RAM 6GB ဒါမှမဟုတ် RAM 8GB၊ Internal Storage 128 GB တို့နဲ့ Nokia 8 ရဲ့ အမြင့်မော်ဒယ်အနေနဲ့ ထွက်လာမယ်လို့ အများစုကခန့်မှန်းခဲ့ပေမယ့်၊ ခုပုံအရဆို Screen Size ပဲ ကွာသွားဖို့ရှိပါတယ်။ 

                Nokia 8 မှာတော့ Snapdragon 835၊ 4GB RAM၊ Internal 64GB အပြင် Maximum Brightness 700 nits ရရှိနိုင်တဲ့ 5.3 လက်မ 2560x1440 QHD Resolution Display ကို 2.5D ခုံးထားတဲ့ Gorilla Glass 5 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ အရှေ့ဘက်မှာ Ziess Optics က ထုတ်လုပ်ပေးထားတဲ့ 13 MP Selfie Camera နဲ့ အနောက်ဘက်မှာတော့ အဓိက 13MP RGB (Color) Sensor ကို Depth of Field အတွက် 13MP Monochrome (Black and White) Sensor နဲ့ တွဲပေးထားတဲ့ Ziess Optics ရဲ့ Dual camera ပါဝင်ပါတယ်။

This Article is Contributed by YLin
References
India Today
About Author
Assinged Tags
Smartphones Nokia Nokia 8 HMD Global Snapdragon 835 Nokia 9 Benchmark
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed