Nokia ရဲ့ ပထမဆုံး Bezel-less Phone ဖြစ်လာဖွယ်ရှိသည့် Nokia 6 (2018)

date_range 14 December 2017

Nokia ရဲ့ ပထမဆုံး Bezel-less Phone ဖြစ်လာဖွယ်ရှိသည့် Nokia 6 (2018)

visibility 2200 Views

                အသစ်ထွက်ရှိလာခဲ့တဲ့ Nokia Smartphones တွေဟာ ကောင်းမွန်တဲ့ Android Smartphones တွေလို့ ပြောလို့ရပေမယ့် Smartphone လောကကြီးကို တုန်လှုပ်သွားအောင် အထိတော့ ခြိမ်းခြောက်နိုင်စွမ်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် Entry-level Smartphone တစ်လုံးဖြစ်တဲ့ Nokia 6၊ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 8 တို့ဟာ စျေးကွက်ထဲမှာ ကောင်းမွန်တဲ့ ဖုန်းတွေအဖြစ်နဲ့တော့ ရပ်တည်နိုင်ခဲ့ကြပါတယ်။

                ဒါကြောင့်လည်း စျေးကွက်ထဲမှာ ပိုပြီးနာမည်ကောင်း ရယူနိုင်ရန်အတွက် ရည်ရွယ်ပြီး Nokia အနေနဲ့ ယခုနှစ် အစောပိုင်း ဇန်နဝါရီလကမှ ထွက်ရှိခဲ့တဲ့ Nokia 6 ကို Upgrade ပြုလုပ်ထားတဲ့ Nokia 6 (2018) Smartphone ကို အခုလာမယ့် ၂၀၁၈ ခုနှစ်ထဲမှာ ထပ်မံမိတ်ဆက်ပေးဖို့ အလောတကြီး ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

                Nokia 6 (2018) Smartphones မှာ Bezel-Less Display သုံးထားတာကို မြင်တွေ့နိုင်မယ့် Leak Photos များ ယခုအခါမှာ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ Nokia 6 (2018) Smartphones တွေကို တရုတ်ပြည်မှာရောင်းချဖို့အတွက် TENNA Certification တင်ရာကနေတစ်ဆင့် အခုလို 2018 Nokia 6 ဖုန်းနဲ့ ပတ်သတ်တဲ့ Leak Photos တွေ ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။


                ကောလာဟလတွေအရ Nokia 6 (2018) ရဲ့ Display ပိုင်းမှာတော့ 5.5-Inch Display with Slimmer Bezels နဲ့ 18:9 Aspect Ratio Display ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ Resolution ပိုင်းမှာတော့ 2160 X 1080 နဲ့ ထွက်ရှိလာနိုင်ပါတယ်။ ဒါက သိပ်ထူးဆန်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာဆိုရင် Bezel-Less Display With 18:9 Aspect Ratio ကို Flagship ဖုန်းတွေဖြစ်တဲ့ OnePlus 5T, LG V30, Galaxy S8, iPhone X စတဲ့ဖုန်းတွေအပြင် Midrange ဖုန်းတွေဖြစ်တဲ့ Nova 2S၊ Budget Phone တွေဖြစ်တဲ့ Honor 7X တို့မှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ်။

                Camera ပိုင်းမှာတော့ Nokia 6 (2018) မှာ Dual Rear Camera ကိုအသုံးပြုလာနိုင်ပါတယ်။ အခုနှစ်အစောပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ Nokia 6 မှာတော့ 16-Megapixel Sensor ပါရှိတဲ့ Back Camera တစ်လုံးထဲကို အသုံးပြုသွားခဲ့ပါတယ်။ Rear Camera ကို ဖုန်းရဲ့ အနောက်ဘက် အလယ်တည့်တည့်လောက်မှာပဲ Nokia 6 တုန်းက အတိုင်း ဆက်ပြီး ထားသွားမှာပဲဖြစ်ပါတယ်။

                Rear Panel ပိုင်းမှာတော့ အခုထွက်ရှိထားတဲ့ Nokia 6 အတိုင်း Slighty Curved Aluminium Body ကိုပဲ ဆက်လက် အသုံးပြုလာနိုင်ပါတယ်။ Front Panel မှာ Bezel-Less Display ကိုအသုံးပြုမှာ ဖြစ်တဲ့ အတွက် Fingerprint Sensor ကတော့ Rear Camera ရဲ့  အောက်ကို ရောက်သွားမှာပဲ ဖြစ်ပါတယ်။

                Processor ကိုတော့ Qualcomm’s Snapdragon 630 Processor ကို အသုံးပြုလာဖွယ် ရှိပါတယ်။ အခုထွက်ရှိထားတဲ့ Nokia 6 မှာတော့ Snapdragon 430 Processor ကို အသုံးပြုခဲ့တာပါ။ RAM 4GB/ Internal Storage 32 GB တစ်မျိုးထဲသာထွက်လာလောက်တယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိ ထွက်ရှိထားတဲ့ Nokia 6 မှာတော့ RAM 3GB/Internal Storage 32GB Version အပြင် 4GB/64GB Version ကိုလည်း ထုတ်လုပ်ရောင်းချသွားခဲ့ပါတယ်။ Nokia 6 တုန်းကလိုပဲ 2018 Nokia 6 မှာလည်း Dual-Sim Support ပါ ရှိလာနိုင်တယ်လို့ သိရပါတယ်။

                ခုထက်ထိတော့ တရား၀င် ဖြန့်ချိမယ့်နေ့ကို Nokia ဘက်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ Nokia 6 တုန်းကလိုပဲ 2018 January လထဲမှာပဲ ထွက်လာနိုင်ခြေ များပါတယ်။ Nokia 6 (2018) ဖုန်းဟာ Budget Phone တစ်လုံးဖြစ်တဲ့အတွက် ခန့်မှန်းခြေ ဒေါ်လာ 280 ( မြန်မာငွေ သုံးသိန်းခွဲကျော်) လောက်သာ ကျသင့်နိုင်ပါတယ်။

References
India Today Digital Trends
About Author
Assinged Tags
Smartphones Nokia Rumors Nokia 6 Bezel-Less Smartphones Bezel-Less Display 18:9 Aspect Ratio Nokia 6 (2018)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed