၄၇၉ ဒေါ်လာစျေးနဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ OnePlus 5

date_range 21 June 2017

၄၇၉ ဒေါ်လာစျေးနဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ OnePlus 5

visibility 10580 Views

                One Plus 5 စမတ်ဖုန်းဟာ ယခင် Leak ဖြစ်ထားတဲ့ Design နဲ့ပဲထွက်ရှိလာတာဖြစ်ပြီး အနောက်ဘက်ကကြည့်ရင် Apple iPhone 7 Plus နဲ့ တူညီတယ်ထင်ရပေမယ့် အရှေ့ဘက် Design ကတော့ One Plus 3T ရဲ့ Design ကို အခြေခံထားတယ်လို့ပြောလို့ရပါတယ်။ ဒီဇိုင်းပိုင်း ထူးထူးခြားခြားပြောင်းလဲမှုတော့ မရှိပါဘူး။


                Specifications တွေအနေနဲ့ One Plus 5 မှာ Qualcomm ရဲ့ Snapdragon 835 CPU ပါဝင်ပြီးတော့ RAM 6GB အပြင် လက်ရှိဖုန်းတွေထဲမှာ အသုံးပြုမှုအလွန်နည်းပါးသေးတဲ့ RAM 8GB ပါ ပါဝင်လာတယ်။ Internal Storage ကတော့ RAM ပေါ်လိုက်ပြီး 64GB, 128GB ၂ မျိုးရွေးချယ်နိုင်ပါမယ်။

                One Plus 3T လိုပဲ Full HD 5.5" Optic AMOLED Display ကို သုံးပေးထားပြီးတော့ Color ရုပ်ထွက်ပိုကောင်းတဲ့ DCI P3 Color Space ကို အသုံးပြုပေးထားတယ်။ တခြား Flagship ဖုန်းတွေက QHD Display လောက်နဲ့ ထွက်ရှိနေချိန်မှာ OnePlus 5 ကတော့ Full HD ပဲ ဆက်လက်အသုံးပြုထားတာ တွေ့ရပါတယ်။


                One Plus 5 မှာ အဓိကပြောင်းလဲမှုလုပ်ထားတာကတော့ ကင်မရာပိုင်းဖြစ်ပြီးတော့ Dual Camera Lens ကို စတင်ပြီးတော့ အသုံးပြုထားပါတယ်။ သုံးထားတဲ့ Sensor တွေက လက်ရှိအကောင်းဆုံး ကင်မရာ Sensor တွေလို့ပြောလို့ရတဲ့ Sony IMX 398 Sensor 16MP f1.7 Primary Lens နဲ့ Sony IMX 350 Sensor 20MP f2.6 Telephoto Lens ကိုအသုံးပြုပေးထားတယ်။ One Plus ရဲ့အဆိုအရတော့ လက်ရှိမှာ Megapixels အရ Dual Camera ဖုန်းတွေထဲမှာ အမြင့်ဆုံးဖြစ်တယ်လို့ဆိုထားပြီး 2× Optical Zoom, Portrait Mode, Pro Mode တွေပါဝင်မှာဖြစ်ပါတယ်။ အရှေ့ Selfie Camera ကိုလည်း Sony IMX 371 Sensor 16MP Lens သုံးထားတဲ့အတွက် တော်တော်လေးကောင်းတယ်လို့ ပြောလို့ရမှာပါ။


                အခြား Features တွေအနေနဲ့တော့ Bluetooth 5.0, Dash Charging စနစ်နဲ့အတူ ပိုပြီးကောင်းမွန်တဲ့ Vibration Motor, Fingerprint Sensor ကို ပိုပြီးအကြမ်းခံတဲ့ Ceramic နဲ့ပြောင်းလဲအသုံးပြုထားပါတယ်။ Audio 3.5mm Port လည်းပါဝင်မှာပါ။

                လက်ရှိမှာ Slate Grey နဲ့ Midnight Black အရောင်၂ ရောင်နဲ့အတူ ဒီလ (ဂျွန်လ) ၂၇ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး 6GB RAM + 64GB ကို ၄၇၉ ဒေါ်လာ, 8GB RAM + 128GB ကို ၅၃၉ ဒေါ်လာ ဈေးနှုန်းသတ်မှတ်ထားပါတယ်။

References
TechX Myanmar The Verge
About Author
Assinged Tags
Smartphones Snapdragon 835 Dual Camera Smartphone OnePlus 5 OnePlus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed