Samsung Galaxy Note 8 အတွက် ဒီဇိုင်းပုံစံ ပေါက်ကြား

date_range 01 August 2017

Samsung Galaxy Note 8 အတွက် ဒီဇိုင်းပုံစံ ပေါက်ကြား

visibility 1160 Views

                ကျွန်တော်တို့အနေနဲ့ Samsung ရဲ့ နာမည်ကြီး “Note” Phablet Series ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် Samsung Galaxy Note 8 ကို သြဂုတ်လ ၂၃ ရက်မှာ စတင်မိတ်ဆက်ပေး မယ်ဆိုတာကို သိရှိခဲ့ရပြီးပါပြီ။ 

                အခုအခါမှာလည်း Venture Beat က Evan Blass (@evleaks) ရဲ့ Tweet တစ်ခုကနေ Samsung Galaxy Note 8 (Midnight Black) မော်ဒယ်ရဲ့ အရှေ့ပိုင်းပုံစံကို မြင်တွေ့ခဲ့ရပြီပဲ ဖြစ်ပါတယ်။ Evan Blass ဟာ ဖုန်းမော်ဒယ်အသစ်တွေကို မှန်ကန်စွာခန့်မှန်းပေးနိုင်တဲ့ နာမည်ကြီး Mobile Reporter တစ်ယောက်ဖြစ်ပြီး Samsung Galaxy S8 တုန်းကလည်း သူမှန်းခဲ့တဲ့အတိုင်း ဒီဇိုင်းပုံစံနဲ့ထွက်ရှိလာခဲ့ပါတယ်။ 


                    အခုမြင်တွေ့နေရတဲ့ Samsung Galaxy Note 8 ပုံစံဟာ Samsung Galaxy S8+ နဲ့အတော်ကြီးဆင်တူပါတယ်။ မျက်နှာပြင် အနည်းငယ်ရှည်လျားသွားပြီး 6.3 လက်မရှိတဲ့ AMOLED Display နဲ့အတူ 18.5:9 Aspect Ratio အသုံးပြုထားပုံရပါတယ်။ Aspect Ratio အရကတော့ Galaxy S8+ နဲ့အတူတူဖြစ်ပြီး Galaxy Note 8 ဟာ 0.1 လက်မ ပိုပြီး Galaxy S8+ ထက်ရှည်လျားသွားမှာဖြစ်ပါတယ်။


                Galaxy Note 8 ဟာ Specification အရတော့ Galaxy S8 နဲ့သိပ်ကွာခြားသွားဖို့မရှိပါဘူး။ Snapdragon 835 ဒါမှမဟုတ် Exynos 8895 ကို SoC အနေနဲ့ဆက်လက်အသုံးပြုဖို့ရှိပြီး Galaxy Note 8 မှာတော့ Storage ကို RAM 6GB, Internal Storage 128GB အထိမြှင့်တင်သွားဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။ “S Pen” အတွက် ဒီဇိုင်းနဲ့ ဘာ Feature တွေထူးပြီးဘာ၀င်လာမလဲဆိုတာကိုလဲ အတိအကျမသိရှိရသေးပါဘူး။

                Galaxy Note 8 ကို Samsung ရဲ့ ပထမဦးဆုံး Dual-Camera အသုံးပြုထားတဲ့ စမတ်ဖုန်းအနေနဲ့လည်း မြင်တွေ့ရဖို့ရှိပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့  သြဂုတ်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် Samsung Unpacked Event မှာ Galaxy Note 8 ကို မိတ်ဆက်မှသာ သိရှိနိုင်မှာဖြစ်ပါတယ်။

References
Android Central Android Police
About Author
Assinged Tags
Samsung Smartphone Leaks Leaked information Galaxy Note 8 Samsung Galaxy Note 8 Design Front Design
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed