Curved Edges နဲ့အတူ မျက်နှာပြင် ၆ လက်မ OLED Screen ပါ၀င်လာမယ့် LG V30

date_range 03 August 2017

Curved Edges နဲ့အတူ မျက်နှာပြင် ၆ လက်မ OLED Screen ပါ၀င်လာမယ့် LG V30

visibility 540 Views

                LG က ကုမ္ပဏီအခြေစိုက် တောင်ကိုရီးယားနိုင်ငံမှာ သတင်းထုတ်ပြန်ချက်တစ်ခုအရ အသစ်ထွက်ရှိလာမယ့် LG V30 စမတ်ဖုန်းရဲ့ Features အချို့ကိုသိရှိခဲ့ရပါတယ်။ ကောလာဟလ ထွက်ရှိခဲ့တဲ့အတိုင်း OLED Display အသုံးပြုပြီးထွက်ရှိလာ ဖို့လည်းသေချာသလောက်ရှိနေပါပြီ။


                လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ LG V30 စမတ်ဖုန်းရဲ့ အရှေ့ဘက်အောက်ပိုင်းနေရာကို အပေါ်မှာပြထားတဲ့ပုံအတိုင်း တွေ့မြင်နေရပါပြီ။ LG V30 ဟာ Samsung Galaxy S8 ပုံစံလိုမျိုး ဘေးဘက်တွေကွေးကောက်နေတဲ့ Display ပါ၀င်လာမယ့်ဆိုတာ သေချာသလောက်ရှိသွားပါပြီ။

                နောက်ထပ်သိရှိချက်အရ LG V30 မှာ P-OLED Display Panel အမျိုးအစားကိုအသုံးပြုထားမှာမို့ မှန်အစား Plastic Panel အဖြစ်ပြောင်းလဲအသုံးပြုထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး Plastic Panel အသုံးပြုထားတဲ့အတွက် Gorilla Glass 5 ရဲ့ကာကွယ်မှုနဲ့အတူ Display ဟာ အလွယ်တကူကွဲအက်သွားမှာ မဟုတ်တော့ဘူးလို့ သိရှိရပါတယ်။ 

                P-OLED နည်းပညာကြောင့်လည်း LG ဟာ ကွေးကောက်နိုင်တဲ့ Display တွေကို ထည့်သွင်းပေးနိုင်တာဖြစ်ပါတယ်။  ဒီ P-OLED Display Panel ကိုအသုံးပြုပြီး LG ကနေ ဖုန်းတစ်ခုလုံးကိုကွေးကောက်နေတဲ့ ပုံစံအဖြစ် LG G Flex 2 မှာထုတ်လုပ်ပေးခဲ့တာကို မြင်တွေ့ခဲ့ရဖူးပြီး၊ အခုအခါ LG V30 မှာ ထောင့်ဘက်တွေကိုပဲ ကွေးကောက်နေအောင်ပြုလုပ်သွားမယ်လို့လည်း သိရှိထားပါတယ်။

                နောက်ထပ်လည်း LG V30 မှာ LG’s FullVision 2:1 Display နည်းပညာပါ၀င်လာမှာဖြစ်ပါတယ်။ စမတ်ဖုန်းရဲ့ အပေါ်ဘက်ဘောင်တွေဟာ 20% ပိုမိုကျဉ်းမြောင်းသွားမှာဖြစ်ပြီး၊ အောက်ဘက်ဘောင်တွေဟာတော့ 50% ခန့်ပိုမိုကျဉ်းမြောင်းသွားမှာဖြစ်ပါတယ်။ LG Logo ကိုလည်း LG V30 စမတ်ဖုန်းရဲ့ အရှေ့ဘက်ခြမ်းအစား အနောက်ဘက်မှာပဲ မြင်တွေ့လာရဖို့ရှိပါတယ်။ Display Resolution ကိုတော့ LG G6 ကအတိုင်း QHD+ (1440 x 2880 Pixel Resolution) ကိုပဲ LG V30 မှာဆက်လက်မြင်တွေ့ရဖို့ရှိပါတယ်။

                ဆက်လက်ပြီးတော့ LG V30 မှာ HDR10 Playback ပါ၀င်လာမှာဖြစ်ပြီး Video တွေကြည့်ရှုတဲ့အခါမှာ အဖြူအမည်းပိုမိုပြတ်သားလာသလို၊ Framerates တွေလည်းပိုမိုကောင်းမွန်လာပြီး၊ အရောင်တွေပိုမိုစုံလင်လာမယ်လို့ သိရှိရပါတယ်။

                LG V30 စမတ်ဖုန်းကို LG ကနေ သြဂုတ်လကုန်လောက်မှာ မိတ်ဆက်ပေးသွားဖို့ရှိပါတယ်။ SoC အနေနဲ့လည်း Snapdragon 835 ကိုအသုံးပြုပေးသွားဖို့ရှိတဲ့အပြင် RAM အနေနဲ့လည်း 4GB ထည့်သွင်းပေးထားမယ်လို့ ယူဆရပါတယ်။ Dual-Camera Setup လည်းပါ၀င်လာမှာဖြစ်ပြီး၊ Ultra-Wide Lens တစ်ခုနဲ့ သာမန် Lens တစ်ခု စသဖြင့် ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ကောလာဟလတွေအရလည်း LG V30 ဟာ စမတ်ဖုန်း Camera တွေထဲမှာ Aperture အကျယ်ဆုံးပါ၀င်လာမယ့်စမတ်ဖုန်းလို့လည်း သိရှိထားပါသေးတယ်။

References
GSM Arena
About Author
Assinged Tags
LG Curved Screen Android Smartphones OLED Display LG V30 series smartphone LG Smartphones OLED Display P-OLED Plastic
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed