HTC Pixel Team နဲ့ နည်းပညာလိုင်စင်ကို $1.1 ဘီလီယံနဲ့၀ယ်ယူဖို့ အတည်ပြုလိုက်တဲ့ Google

date_range 21 September 2017

HTC Pixel Team နဲ့ နည်းပညာလိုင်စင်ကို $1.1 ဘီလီယံနဲ့၀ယ်ယူဖို့ အတည်ပြုလိုက်တဲ့ Google

visibility 680 Views

                Google ဟာ သူတို့ရဲ့ Flagship Series ဖြစ်တဲ့ Pixel စမတ်ဖုန်းတွေကို အဓိကထားထုတ်လုပ်ပေးနေတဲ့ HTC Team ကို ရယူဖို့ကြိုးစားနေခဲ့ပါတယ်။ Google ဟာ Pixel Team တစ်ခုတည်းကိုပဲ HTC ကနေ ၀ယ်ယူလိုက်တာဖြစ်ပြီး၊ HTC အနေလည်း အခြားကိုယ်ပိုင်စမတ်ဖုန်းတွေကို သူတို့ Brand နာမည်နဲ့ပဲ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

                Google ဟာ HTC ကို Pixel Team အတွက် USD $1.1 ဘီလီယံခန့်နဲ့ ၀ယ်ယူလိုက်တာဖြစ်ပြီး၊ ဒီသဘောတူညီမှုအတွက် HTC ဟာ Pixel ထုတ်လုပ်မှုမှာ အဓိကတာ၀န်ယူထားတဲ့ ၀န်ထမ်းတွေကိုလည်း Google သို့ရွှေ့ပြောင်းပေးရမှာဖြစ်ပါတယ်။ Google အနေနဲ့လည်း Pixel Team အပြင် HTC ရဲ့ ဉာဏဆိုင်ရာမူပိုင်ခွင့်တွေကို အသုံးပြုခွင့်ရရှိမယ့် Non-Exclusive License (ကုမ္ပဏီတစ်ခုအတွက်သီးသန့်မဟုတ်တဲ့ မူပိုင်ခွင့်) ကိုရရှိမှာဖြစ်ပါတယ်။ 

                HTC ရဲ့ပြောကြားချက်အရ Pixel Team မရှိတော့တာကြောင့် သူတို့ရဲ့ကိုယ်ပိုင်စမတ်ဖုန်းတွေကို ပိုမိုအာရုံစိုက်လာနိုင်မယ်လို့လည်း သိရှိရပါတယ်။ HTC ဟာ HTC U11 လို့ခေါ်တဲ့ Flagship စမတ်ဖုန်းကို မေလလောက်က တရား၀င်မိတ်ဆက်ပေးခဲ့ပြီး၊ U11 Life လို့ခေါ်တဲ့ Android One စမတ်ဖုန်းအသစ် ကိုလည်း မိတ်ဆက်ပေးလာဖွယ်ရှိတယ်လို့ ကောလာဟလတွေအရ သိရှိထားရပါသေးတယ်။

                နောက်ထပ်လည်း HTC ကနေ Flagship စမတ်ဖုန်းအသစ်တွေကို ထုတ်လုပ်ဖို့ကြိုးစားနေတယ်လို့ သိရှိရပြီး၊ ဒီလိုထုတ်လုပ်ဖို့အတွက် အထောက်အကူပြုမယ့် USD $1.1 ဘီလီယံဟာလည်း လက်ထဲရောက်ရှိနေပြီဖြစ်ပါတယ်။ 

                လက်ရှိအချိန်မှာ Google ကနေပြီးတော့ Pixel 2 စမတ်ဖုန်းအသစ်ကို အောက်တိုဘာလ ၄ ရက်နေ့မှာ တရား၀င်မိတ်ဆက်ပေးသွားဖို့ရှိပြီး၊ Pixel 2 အပါအ၀င် Product ငါးခုစလုံးရဲ့ဓာတ်ပုံနဲ့ စျေးနှုန်းတွေကိုလည်း ပေါက်ကြားထားပါတယ်။ အသစ်ထွက်ရှိလာမယ့် Pixel 2 စမတ်ဖုန်းကိုတော့ HTC ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး၊ Pixel XL 2 စမတ်ဖုန်းကိုတော့ LG ကနေထုတ်လုပ်ပေးထားတာလို့လည်း သိရှိထားပါတယ်။

                Google ဟာ Pixel Team အတွက် HTC နဲ့ သဘောတူညီချက်ကို ၂၀၁၈ အကုန်မှာ အပြီးသတ်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့လည်းသိရှိထားပါတယ်။ Google အနေနဲ့လည်း အသစ်ထွက်ရှိလာမယ့် Pixel စမတ်ဖုန်းအသစ်တွေကို ကိုယ်တိုင်ကိုယ်ကျထုတ်လုပ်ဖို့အတွက် ပထမဆုံးခြေလှမ်း စ လှမ်းလိုက်တာဖြစ်ပါတယ်။ 

References
Android Police
About Author
Assinged Tags
Google Pixel Smartphones HTC Google Pixel
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed