TIME မဂ္ဂဇင်းရဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး Gadget (၁၀) ခု စာရင်းမှာ ပါဝင်လာတဲ့ iPhone X နဲ့ Apple Watch Series 3

date_range 21 November 2017

TIME မဂ္ဂဇင်းရဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး Gadget (၁၀) ခု စာရင်းမှာ ပါဝင်လာတဲ့ iPhone X နဲ့ Apple Watch Series 3

visibility 1080 Views

                TIME မဂ္ဂဇင်းက သတ်မှတ်တဲ့ (၂၀၁၇) ခုနှစ်ရဲ့ အကောင်းဆုံး တီထွင်မှု (၂၅) ခု စာရင်းမှာ iPhone X ပါဝင်ခဲ့တာတောင် ရက်ပိုင်းပဲ ရှိပါသေးတယ်။ အခု ထပ်မံ ကြေငြာလိုက်တဲ့ ဒီနှစ်အတွက် အကောင်းဆုံး Gadget (၁၀) ခု စာရင်းမှာလည်း iPhone X ဟာ Apple Watch Series 3 နဲ့ အတူ ပါဝင်လာပြန်ပါတယ်။

                အကောင်းဆုံး Gadget (၁၀) ခုမှာ iPhone X ဟာ နံပါတ် (၂) ချိတ်ခဲ့ပါတယ်။ iPhone X ရဲ့ Face ID နဲ့ Edge-to-edge Display လို လူကြိုက်များတဲ့ Feature အသစ်တွေဟာ နောက်ထွက်မယ့် ဖုန်းတွေအတွက် စံနမူနာ တစ်ခု ဖြစ်လာမှာ သေချာတာကြောင့် အခုလို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

“ဟုတ်ပါတယ်၊ iPhone X က ဈေးကြီးတယ်။ ဟုတ်တယ်၊ iPhone X တစ်လုံး ကိုင်ရဖို့ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ မှန်တာပေါ့၊ ဒီ Feature တွေကို Android က အရင် လုပ်ခဲ့တာ။ ဒါပေမယ့် iPhone X ရဲ့ Edge-to-edge Screen နဲ့ Facial Recognition စနစ်တွေကတော့ နောက်ထွက်မယ့် ဖုန်းတွေအတွက် ‘စံ’ တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။ အားနည်းချက် တချို့ ရှိနေပေမယ့်လည်း Apple ရဲ့ Face ID ကို Samsung ရဲ့ Facial Identification ထက်စာရင် ပိုပြီး Creative ဖြစ်တဲ့ နည်းလမ်းတွေနဲ့ အသုံးချနေကြပါပြီ။ Snapchat နဲ့ Warby Parker လို Third-party App တွေဟာ iPhone X ရဲ့ Face-mapping နည်းပညာကို သုံးပြီး Realistic ဖြစ်တဲ့ မျက်နှာဖုံးတွေ တပ်ပေးတာမျိုး၊ သင့်မျက်နှာ နဲ့ လိုက်ဖက်တဲ့ မျက်မှန်ကို ရွေးချယ်ပေးတာမျိုးတွေ လုပ်ဆောင်လာကြပါတယ်။ အခုပြောခဲ့တာတွေ အပြင် ကြည်လင်ပြတ်သားတဲ့ ကင်မရာ၊ တာရှည်ခံတဲ့ ဘက်ထရီ၊ ကြီးမားတဲ့ Screen တို့ကို သင့်တင့်တဲ့ ဖုန်းအရွယ်အစားမှာ ပေါင်းစပ် ထည့်သွင်းလိုက်တဲ့အခါ iPhone X ကို ထိပ်တန်း Gadget တစ်ခု အဖြစ် ရွေးချယ်ဖို့ ဖြစ်လာပါတော့တယ်။”

လို့ TIME မဂ္ဂဇင်းက ရေးသားခဲ့ပါတယ်။

                iPhone X ရဲ့ နောက်မှာဆိုရင်တော့ Microsoft Surface Laptop က နံပါတ် (၃)၊ DJI Spark က နံပါတ် (၄) နဲ့ Samsung Galaxy S8 က နံပါတ် (၅) နေရာတို့ အသီးသီး ရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Super Nintendo Entertainment System (SNES) Classic, Amazon Echo (2nd Generation) နဲ့ Xbox One X တို့ ရှိနေပြီး၊ နံပါတ် (၉) နေရာ ရရှိခဲ့တာကတော့ Apple Watch Series 3 ဖြစ်ပါတယ်။ ဒီ Apple Watch အသစ်မှာ ပိုမိုမြန်ဆန်တဲ့ Processor နဲ့ Barometric Altimeter လို နည်းပညာအသစ်တွေ ပါဝင်လာတာ ဖြစ်ပြီး၊ အကောင်းဆုံး Feature အသစ်ကတော့ LTE စနစ် ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။


“...Apple Watch က သင့်ဖုန်းကို အစားထိုးဖို့ မဟုတ်ပါဘူး၊ နောက်ပြီး သင်လုပ်နေကျ အရာတွေအားလုံးဟာ ဖုန်းမျက်နှာပြင်ပေါ်မှာ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် ခဏတဖြုတ် အပြင်ထွက်တဲ့အချိန် ဖုန်းကို အိမ်မှာ ထားခဲ့လို့ရတယ် ဆိုတဲ့ လွတ်လပ်မှုက Smartwatch မကြိုက်တဲ့သူတွေကိုတောင် Apple Watch ကို ဝယ်ယူဖို့ ဆွဲဆောင်နိုင်ပါလိမ့်မယ်၊ အထူးသဖြင့် အားကစား ပြုလုပ်သူတွေကိုပေါ့။”

ဆိုပြီး ရေးသား ဖော်ပြခဲ့ပါတယ်။

                ကဲ၊ ဟုတ်ပါပြီ။ နံပါတ် (၁) နေရာကိုကော ဘယ် Gadget က ရသွားတာတုန်း။ (၂၀၁၇) အတွက် အကောင်းဆုံး Gadget အဖြစ် သတ်မှတ်ခံခဲ့ရတာကတော့ Nintendo Switch ပါပဲ။ သွားလေရာ ယူသွားလို့ရတဲ့ Portable Gaming Device အနေနဲ့သာ မဟုတ်ဘဲ TV နဲ့ ချိတ်ဆော့ရတဲ့ Gaming Console တစ်ခု အဖြစ်ပါ ပြောင်းလဲ အသုံးပြုနိုင်တဲ့ Nintendo Switch ကို “အရမ်း မိုက်လွန်းတယ်” လို့ TIME က ချီးကျူးခဲ့ပါတယ်။ အခု ရွေးချယ်လိုက်တဲ့ Gadget တွေဟာ ဒီနှစ်ထဲမှာ တကယ်ကို Hot ခဲ့တဲ့ Product တွေ ဖြစ်ပြီး၊ iPhone X, DJI Spark နဲ့ Nintendo Switch တို့ဟာ အရင်အပတ်က ထုတ်ပြန်ခဲ့တဲ့ (၂၀၁၇) အတွက် အကောင်းဆုံး တီထွင်မှု (၂၅) ခု မှာလည်း ပါဝင်ခဲ့ပါတယ်။


References
Mac Rumors TIME
About Author
Assinged Tags
Nintendo Switch Gadgets Apple Watch iPhone X Apple Watch Series 3 Time Inventions Top 10
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed