စက်တင်ဘာ Apple Event မှာ ဘာတွေ မိတ်ဆက်သွားလဲ?

date_range 13 September 2017

စက်တင်ဘာ Apple Event မှာ ဘာတွေ မိတ်ဆက်သွားလဲ?

visibility 680 Views

                အခု Apple Event ကိုတော့ Apple Park, Steve Jobs Theater နဲ့ Apple Event ကို လာရောက်ကြတဲ့သူတွေကို အရင်ဆုံး Highlight အရင်ပြပါတယ်။ Tim Cook ကြီး စင်ပေါ်တက်လာပြီး Apple Event ကို စဖွင့်ပါတယ်။ Steve Jobs ကို လွမ်းတဲ့အကြောင်း ပြောပါတယ်။


                နောက်တော့ Apple ထုံးစံအတိုင်း Product သစ်တွေ မိတ်မဆက်ခင် Apple Retail Store အသစ်တွေအကြောင်၊ လည်ပါတ်သူက တစ်နှစ်ကိုဘယ်လောက်ရှိကြောင်း၊ နောက်ထပ် Apple Retail Store သစ်တွေကိုလည်း ဘယ်နေရာမှာ ဖွင့်လှစ်ဦးမယ်ဆိုတဲ့ အကြောင်းတွေ အရင်ပြောပါတယ်။ အရင်ဆုံးစမိတ်ဆက်တဲ့ Product သစ်ကတော့ Apple Watch Series 3 ဖြစ်ပါတယ်။


Apple Watch Series 3

                Verizon App မှာ ပြထားတဲ့ အတိုင်းပါပဲ။ နာမည်ကအစ၊ ဒီဇိုင်းအဆုံး၊ Digital Crown လေး အနီရောင်ပြောင်းသွားတာကအစ တစ်ပုံစံထဲပါပဲ။ အပြင်ပန်းဒီဇိုင်းက Series 2 နဲ့ အတူတူပါပဲ။ Digital Crown လေးပဲ အရောင်ပြောင်းသွားတာ ဖြစ်ပါတယ်။ မိတ်မဆက်ခင် Apple က Apple Watch တွေဟာ Rolex, Fissil, Omega စတဲ့ နာမည်ကြီး နာရီတွေထက်တော် ကျော်လွန်ပြီး ကမ္ဘာ့အသုံးများဆုံးနာရီ ဖြစ်တယ်လို့ ကိုယ်ရည်သွေးပါတယ်။

                LTE Support ပါဝင်လာပြီး Display တစ်ခုလုံးကို Antenna အဖြစ် အသုံးပြုထားပါတယ်။ LTE Support ပါဝင်လာလို့ SIM Card နောက်တစ်ခု ထပ်ဝယ်စရာမလိုပါဘူး။ လက်ရှိအသုံးပြုနေတဲ့ SIM Card ကိုပဲ အသုံးပြုနိုင်မှာပါ။ ဘာလို့လဲဆိုတော့ Apple က ရိုးရိုး Nano-SIM ကို မသုံးပဲ Nano-SIM အဆတစ်ထောင်လောက် ပိုမိုသေးငယ်တဲ့ eSIM (electronic SIM) ကို အသုံးပြုထားပါတယ်။ eSIM က Watch ထဲမှာ တခါတည်း ပါလာမှာဖြစ်ပြီး၊ ကြိုက်တဲ့ Operator ကို ပြန်ရွေးနိုင်ပါတယ်။ Operator Support တော့ လိုမှာပေါ့။


                ဒါ့ကြောင့် Apple Watch Series (GPS + Cellular) Model ကို အသုံးပြုမယ်ဆိုရင်တော့ မိမိနိုင်ငံမှာရှိတဲ့ Mobile Carrier ကတော့ Support ပေးမှ ရမှာပါ။ အခုလောလောဆယ်မှာတော့ အမေရိကန်၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျပန် နိုင်ငံများက Mobile Operator တွေကတော့ Support ပေးနေပြီ ဖြစ်ပြီး၊ ကနေဒါ၊ သြစတေးလျနိုင်ငံတွေမှာတော့ အနည်းငယ်စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

                LTE Support ကြောင့် Battery အကုန်မြန်မှာတော့ မဟုတ်ပါဘူး။ Apple ကတော့ ၁၈ နာရီတောင် ခံမယ်လို့ ဆိုပါတယ်။ Full LTE and UMTS Cellular Radio နည်းပညာကြောင့် နာရီဟာ iPhone နဲ့ ဝေးသွားတယ်ဆိုရင် အလိုလိုသိရှိပြီး LTE ကို အလိုလျောက်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

                Wi-Fi အတွက် Apple က W2 ဆိုတဲ့ Chip အသစ်ကို အသုံးပြုထားပြီး ၈၅% လောက် ပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။ Chip ကတော့ S3 ဖြစ်ပြီး အရင် Chip ထက် ၇၀% တောင် ပိုမြန်တယ်လို့ Apple ကတော့ ဆိုပါတယ်။ Apple Watch Series 3 (GPS + Cellular) Model ကတော့ ကန်ဒေါ်လာ ၃၉၉ ရှိပြီး၊ Apple Watch Series 3 (GPS) Model ကတော့ ကန်ဒေါ်လာ ၃၂၉ ရှိမှာ ဖြစ်ပါတယ်။


                Casing Size ကလည်း 33mm ဒါမှမဟုတ် 42mm ရွေးချယ်နိုင်ပါတယ်။ အရောင်တွေကတော့ Gold, Silver နဲ့ Space Grey အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ ဒါ့အပြင် Band အသစ်တွေလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ Pre-Order လုပ်နိုင်မှာဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့ကျမှ Available ဖြစ်မှာ ဖြစ်ပါတယ်။


Apple TV 4K


                နောက်ဆုံးမှာတော့ ပြိုင်ဘက်တွေကို ယှဉ်နိုင်ဖို့အတွက် 4K Support ပေးလိုက်ပါပြီ။ ဒီနေရာမှာ Apple က သာမန် 4K နဲ့ 4K HDR နဲ့ ဘာကွာလည်း ဆိုတာကို အသေအချာ ရှင်းပြသွားပါတယ်။ 4K အပြင်၊ Dolby Vision နဲ့ HDR10 တို့ကိုလည်း Support ပေးထားပါသေးတယ်။


                Chip ကိုတော့ iPad Pro 2017 မှာ အသုံးပြုထားတဲ့ A10X Fusion Chip ကိုပဲ အသုံးပြုထားပါတယ်။ 32GB နဲ့ 64GB ဆိုပြီး Model နှစ်မျိုးခွဲထားပါတယ်။ 32GB Model ကတော့ ကန်ဒေါ်လာ ၁၇၉ ရှိပြီး၊ 64GB Model ကတော့ ကန်ဒေါ်လာ ၁၉၉ ကျသင့်မှာပါ။ Apple Watch Series 3 လိုမျိုးပဲ စက်တင်ဘာ ၁၅ မှာ Pre-Order စတင်မှာယူနိုင်ပြီး၊ ၂၂ ရက်ကျရင်တော့ Available ဖြစ်မှာ ဖြစ်ပါတယ်။


iOS 11


                iOS 11 နဲ့ ပက်သတ်ပြီးတော့ကတော့ ဘာမှ မပြောသွားပါဘူး။ စက်တင်ဘာ ၁၉ ရက်နေ့ကျရင်တော့ တစ်ကမ္ဘာလုံးက iPhone တွေ၊ iPad တွေမှာ Free Update လုပ်လို့ရမှာ ဖြစ်ပါတယ်။

macOS High Sierra


                Mac သမားတွေ အတွက်ကတော့ တော်တော်လေးတော့ ဝမ်းနည်းဖို့ကောင်းမှာပါ။ ပွဲကလည်း iPhone ဦးစားပေးပွဲဆိုတော့ Mac နဲ့ ပက်သတ်တာ ဘာမှပြောမသွားတာတော့ မဆန်းပါဘူး။

iPhone 8 and iPhone 8 Plus


                ဒီဇိုင်းပိုင်းအနည်းငယ် ပြောင်းလဲလိုက်ပြီး Portrait Lighting, Animoji, စတဲ့ Feature သစ်တွေပါဝင်တဲ့ iPhone 8 နဲ့ iPhone 8 Plus တို့ကို မိတ်ဆက်ခဲ့ပါတယ်။

iPhone X


                ဆယ်နှစ်ပြည့် iPhone ပေါ့နော်။ Bazel-Less OLED Display, FaceID, Portrait Lighting, Animoji စတာတွေ ပါဝင်လာတဲ့ iPhone X ကိုလည်း မိတ်ဆက်ပြီးနောက်မှာတော့ Steve Jobs  ကိုလွမ်းကြောင်း ထပ်လောင်းပြောကြားပြီး ပွဲကိုပိတ်သိမ်းလိုက်ပါတယ်။

Hands-On Area


                ပွဲပြီးသွားချိန်မှာတော့ Apple Park ထဲက Hands-On Area မှာ တက်ရောက်လာတဲ့ မီဒီယာတွေနဲ့ နည်းပညာပရိတ်သတ်တွေဟာ ပွဲမှာမိတ်ဆက်လိုက်တဲ့ Product တွေအကုန်လုံးကို hands-on ကိုင်ကြည့်ခွင့် ရခဲ့ကြပါတယ်။

နိဂုံး

                ဒီပွဲဟာ iPhone ဆယ်နှစ်ပြည့်ပွဲဆိုပေမယ့် စိတ်ကျေနပ်စရာမကောင်းဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။ AR နည်းပညာပိုင်းရယ်၊ LTE Support ပါဝင်လာတဲ့ Apple Watch Series 3 လောက်ပဲ ကျေနပ်စရာကောင်းပါတယ်။ Apple အနေနဲ့ iPhone 8 နဲ့ 8 Plus ဆိုပြီး ထပ်မထုတ်တောပဲ iPhone X ကိုပဲ ထုတ်လိုက်ရင်တောင် ပိုပြီးရင်ခုန်ဖို့ကောင်းပါသေးတယ်။

                အခုဟာက iPhone သစ်ဝယ်ချင်သူတွေအတွက် အခက်တွေ့ရပါပြီ။ ဘာလို့လည်းဆိုတော့ iPhone 8 နဲ့ 8 Plus က ဘာမှ ထူးခြားမလာပါဘူး။ ထူးခြားတဲ့ iPhone X ကျတော့လည်း ဈေးကမိုးထိုးနေတယ်ဆိုတော့ iPhone 7 နဲ့ 7 Plus ပဲ ဝယ်ရတော့မလို ဖြစ်နေပါတယ်။

                နောက်ပြီး မကျေနပ်တာတစ်ခုက Mac အကြောင်း ဘာမှကို မပြောသွားတာပါ။ ကိုယ်တိုင်က Mac သမားဆိုတော့ ဘယ်ပွဲမဆို Mac နဲ့ ပက်သက်တာလေးတော့ ကြားချင်မိပါတယ်။

References
Apple Newsroom
About Author
Assinged Tags
Apple Park iPhone 8 related news Steve Jobs Theater Apple Watch Apple Watch LTE Apple iPhone X iPhone 8 Plus Apple TV 4K Apple Watch Series 3
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed