Gamevice ရဲ့ ဖြုတ်တပ်လို့ရတဲ့ Controller ပုံစံကို Switch မှာ သုံးစွဲထားတယ်ဆိုပြီး တရားစွဲဆိုခံနေရတဲ့ Nintendo

date_range 13 August 2017

Gamevice ရဲ့ ဖြုတ်တပ်လို့ရတဲ့ Controller ပုံစံကို Switch မှာ သုံးစွဲထားတယ်ဆိုပြီး တရားစွဲဆိုခံနေရတဲ့ Nintendo

visibility 220 Views

                Nintendo မှ ယခုနှစ် မတ်လ ၃ ရက်နေ့မှာ ဖြုတ်တပ်လို့ရတဲ့ Joy-Con ပုံစံနဲ့ Gaming Tablet ဖြစ်တဲ့ Nintendo Switch ကို တရား၀င်မိတ်ဆက်ပေးခဲ့ပါတယ်။ မိမိ TV မှာလည်း Controller ကိုဖြုတ်၊ Tablet ကို Dock ပြုလုပ်ပြီး ကစားနိုင်သလို အပြင်သွားနေရင်းနဲ့လည်း Controller ကိုတပ်ပြီး Portable ပုံစံနဲ့ကစားလို့ရပါသေးတယ်။ 

                ဒီလိုပုံစံဟာ Gamevice ရဲ့ Android Tablet တွေနဲ့ချိတ်ဆက်ပြီး ဖြုတ်တပ်လို့ရတဲ့ Game Controller ပုံစံကို ခိုးယူထားတယ်ဆိုပြီး Nintendo ကို တရားစွဲဆိုထားပါတယ်။ တရားစွဲဆိုချက်အရ တရားလိုမှအနိုင်ရတဲ့အခါ နစ်နာမှုတွေအတွက် Nintendo Switch ကိုရောင်းချမှု ရပ်စဲပေးဖို့လည်း တောင်းဆိုထားပါသေးတယ်။


                အပေါ်ကပုံမှာပြထားတဲ့အတိုင်း Wikipad ဆိုတဲ့ Game Controller ကို Gamevice မှထုတ်လုပ်ထားခဲ့ပြီး၊ Dual Analog Sticks, Analog D-pad တစ်ခု, Analog Action Button လေးခုပါ၀င်တဲ့ Controller ဖြစ်ပါတယ်။ Android Tablet ကို Slide သွင်းပြီး Controller နဲ့အတူ တွဲဖက်နိုင်တဲ့ပုံစံနဲ့ထွက်ရှိထားတာပါ။ ဒီလို Controller ပုံစံတူတွေကိုလည်း အမြောက်အများထုတ်လုပ်ထားခဲ့တဲ့ Gamevice ဟာ Nintedo ရဲ့ Switch ကြောင့် သူတို့အဖို့ နစ်နာခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

                ဒါပေမဲ့လည်း Engadget မှ သွားရောက်မေးမြန်တဲ့အခါ Gamevice ဟာ ဘာမှပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ Nintendo ဘက်မှလည်း ဒီလိုတရားစွဲဆိုခံထားရတယ်ဆိုတာကို အတည်ပြုခဲ့ခြင်းမရှိသေးဘူးလို့ သိရှိရပါတယ်။ 

                သြဂုတ်လ ၉ ရက်နေ့မှာစွဲဆိုခဲ့တဲ့ တရားစွဲဆိုချက်အတွက် တင်သွင်းစာအပြည့်စုံကို ဒီ Link မှာ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဘယ်လိုပဲ အတည်ပြုခြင်းမရှိသော်ငြား တရားစွဲဆိုထားတယ်ဆိုတဲ့အချက်ကိုတော့ ကုမ္ပဏီနှစ်ခုလုံး ငြင်းဆိုထားတာမျိုးမရှိပါဘူး။

                ဒါကြောင့်မို့ Gamevice နဲ့ Nintendo တို့ တရားခွင်မှာ ဘယ်လိုရင်ဆိုင်ကြမလဲနဲ့ တရားစွဲဆိုတာ အောင်မြင်မလား၊ မမြင်ဘူးလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

References
Engadget Gamespot
About Author
Assinged Tags
Nintendo Switch Nintendo Gamevice Gamevice Gamepad Game Controller Joystick Detachable
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed