Nintendo က $79 တန် Super NES Classic Edition Console ကို စက်တင်ဘာလ ၂၉ ရက်နေ့ စတင်ရောင်းချမည်

date_range 27 June 2017

Nintendo က $79 တန် Super NES Classic Edition Console ကို စက်တင်ဘာလ ၂၉ ရက်နေ့ စတင်ရောင်းချမည်

visibility 2780 Views

                Nintendo Company ကနေပြီးတော့ ယခင်အောင်မြင်မှုအများအပြားရရှိခဲ့တဲ့ Original Super NES Console နဲ့ ဆင်တူတဲ့ Super NES Classic Edition Console အသေးစားကိုလာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ကစတင်ပြီး $79 ထဲနဲ့ ရောင်းချတော့မှာဖြစ်ပါတယ်။ 

                Original Super NES Console ပုံစံလုပ်ထားတယ်ဆိုပေမယ့် Super NES Classic Edition Console မှာ HDMI ပေါက်ပါဝင်မှာဖြစ်ပြီး ယခင်က Retro Nintendo games တွေကို High-Definition အနေနဲ့ ပြန်လည်ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့အရင်ထုတ်ထားတဲ့ NES Classic Edition Console စက်လေးမှာတုန်းက Controller တစ်ခုပဲပါပေမယ့် အခု Super NES Classic Edition Console မှာတော့ Player ၂ ယောက်အတွက် Controller ၂ ခုပါဝင်လာမှာဖြစ်ပါတယ်။ 

                Nintendo ကနေ Super NES Classic Edition Console မှာ ထည့်သွင်းပေးထားတဲ့ Game တွေကတော့... 

  1. Contra III: The Alien Wars™
  2. Donkey Kong Country™
  3. EarthBound™
  4. Final Fantasy III
  5. F-ZERO™
  6. Kirby™ Super Star
  7. Kirby’s Dream Course™
  8. The Legend of Zelda™: A Link to the Past™
  9. Mega Man® X
  10. Secret of Mana
  11. Star Fox™
  12. Street Fighter® II Turbo: Hyper Fighting
  13. Super Castlevania IV™
  14. Super Ghouls ’n Ghosts®
  15. Super Mario Kart™
  16. Super Mario RPG: Legend of the Seven Stars™
  17. Super Mario World™
  18. Super Metroid™
  19. Super Punch-Out!! ™
  20. Yoshi’s Island™

တို့ပဲဖြစ်ပါတယ်။ 

                အခုလိုအရင်တုန်းကထွက်ခဲ့တဲ့ Game တွေမဟုတ်ပဲ အခုမှ Super NES Classic Edition Console နဲ့ အတူထွက်ရှိလာမယ့် Game အသစ်တစ်ခုလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။ အဲ့ဒီ Game ကတော့ Star Fox™ 2 ပဲဖြစ်ပါတယ်။ အဲ့တော့ Nintendo games တွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက်ကတော့ အခု Super NES Classic Edition Console က $79 ပဲဆိုတော့ ထွက်တာနဲ့ ပြေးဝယ်ကြဦးမှာပါ။ 

References
Tech Crunch
About Author
Assinged Tags
Gaming News Nintendo Consoles Super NES
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed