Player ၂ ယောက် ဆော့ကစားနိုင်မယ့် Nintendo Switch ရဲ့  1-2 Switch Minigame များ

date_range 20 February 2017

Player ၂ ယောက် ဆော့ကစားနိုင်မယ့် Nintendo Switch ရဲ့ 1-2 Switch Minigame များ

visibility Views

                Nintendo Switch မှာတော့ Minigame ပေါင်း ၂၈ ခု ခန့်ပါ၀င်မှာဖြစ်ပြီး ဖြုတ်/တပ် လုပ်လို့ရနိုင်မယ့် Joy Con Controller လေးနှစ်ခုနဲ့ Player ၂ယောက် ကစားနိုင်မယ့် 1-2 Switch Minigame တွေလဲပါ၀င်လာမှာပါ။

                Minigame ပေါင်း ၂၈ ခုမှာ အခုဆို Nintendo က Game ၁၈ ခု အတွက် Youtube မှာ Video တွေတင်ပေးထားပေမယ့် ဒီ Article မှာတော့ နဲနဲ Popular ဖြစ်နေတဲ့ Game ၆ ခုသာ တင်ပြသွားပေးမှာ ဖြစ်ပါတယ်။


၁. ပထမဆုံးအနေနဲ့ နို့ညှစ်ရမယ့် Minigame ပါ။ ( နွားနို့ကိုပြောတာနော်  :P )

                ဒီ Game ကိုတော့ Player ၂ ယောက်ကစားရမှာဖြစ်ပြီး သူသတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဘယ် Player က နွားနို့ဘယ်နှစ်ပုံး ညှစ်နိုင်မလဲ ပြိုင်ပြီးဆော့ကစားရမှာ ဖြစ်ပါတယ်။


၂. နောက် Game တစ်ခုကတော့ Shave ဆိုတဲ့ Game လေးပါ။

                ဒီ Game မှာတော့ Player နှစ်ယောက်ဟာ မိမိ မျက်နှာကို Joy Con Controller နဲ့ နှုတ်ခမ်းမွှေးရိတ်တဲ့စက်နဲ့ နှုတ်ခမ်းမွှေးရိတ်သလိုမျိုး လုပ်ပြီး တခြား Player နဲ့ ဘယ်သူ နှုတ်ခမ်းမွေးရိတ်တာ အရင်ပြီးလဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


၃. နောက် Game တစ်ခုကတော့ Safe Cracker Game ဖြစ်ပါတယ်။

                ဒီ Game မှာတော့ Player ၂ ယောက်ဟာ မီးခံသေတ္တာကို ဘယ်သူအရင်ဖွင့် နိုင်မလဲဆိုတာ ပြိုင်ရမှာပါ။ Game ကစားပုံကတော့ Player ၂ ယောက်ဟာ Joy Con Controller ကိုလှည့်ပြီး Lock ကိုဖွင့်ပြီး ဘယ်သူအရင် Lock ဖွင့်နိုင်လဲ ပြိုင်ရမှာမျိုး ဖြစ်ပါတယ်။


၄. နောက်တစ်ခုကတော့ Copy Dance ပါ။

                ဒီ Game ကတော့ Round ၂ Round ပါ၀င်ပြီး ပထမ Round မှာ ပထမ Player လုပ်ပြသွားတဲ့ Dance Pose တစ်ခုကို နောက် ဒုတိယ Player က ပြန်လုပ်ပြရမှာပါ။ ဒုတိယ Round မှာ ဒုတိယ Player က Dance Pose လုပ်ပြီး ပထမ player က Copy Dance ပြန်လုပ်ပြရမှာပါ။ ဒီ Game မှာတော့ အနိုင်အရှုံးကို အမှတ်နဲ့ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပြီး၊ လုပ်ပြသွားတဲ့ Pose နဲ့ ပိုတူလေ အမှတ်ရလေ ဖြစ်မှာပါ။ Round ၂ ခုလုံးပြီးသွားရင် အမှတ်များဆုံးသူက နိုင်မှာပါ။             


၅. နံပါတ် ၅ တော့ Quick Draw ဖြစ်ပါတယ်။

                သူကတော့ Cowboy ရုပ်ရှင်တွေထဲမှာ တွေ့ရတတ်တဲ့ Gun Duel လုပ်ရတာမျိုးပဲ ဖြစ်ပါတယ်။ Quick Draw မှာတော့ Player ၂ ယောက်ဆော့ကစားရမှာပါ။ ဆော့ကစားနည်းကတော့ Player ၂ ယောက်က သေနတ်ကို ခါးမှာချိတ်ထားသလို (ချိတ်လို့ရရင်တော့ ခါးမှာ သေနတ်ကိုချိတ်ပြီးဆော့တာပိုကောင်းမှာပါ။ အဆင်မပြေရင်တော့ သေနတ်ကို အောက်စိုက်ထားနိုင်ပါတယ်။) Jon Con ကို ချိတ်ထားပြီး One , Two , Three ဆိုပြီး Timing ပေးတဲ့အချိန်မှာ မိမိ ပြိုင်ဘက်ကို သေနတ်နဲ့ အမြန်လှမ်းပစ်ရမှာပါ။ (Controller နဲ့ ကောက်ပေါက်ခိုင်းတာ မဟုတ်ဘူးနော်။ ကောက်ပေါက်လို့ Controller ပျက်သွားရင် ကျနော်နဲ့မဆိုင်ဘူးနော်။ :P) အရင်ပစ်နိုင်တဲ့သူက နိုင်မှာပါ။ (နည်းနည်းတော့ ပေါပေမယ့် စိတ်ပါရင် ပွဲမစခင် ကျောချင်းကပ် ရပ်နေပြီး Timing စခေါ်တော့ အရှေ့ကိုခြေလှမ်းလှမ်း Timing ပြည့်တာနဲ့ ချက်ချင်းလှည့်ပစ်တာမျိုးလဲ လုပ်လို့ရပါတယ်။ :P)

၆. နံပါတ် ၆ ကတော့ Baby Simulator ပါ။


                ဒီ Simulator ကတော့ ဒီ List ထဲမှာ ကျွန်တော် သဘောမကျဆုံး Minigame ပါ။ ကျနော်ကတော့ နားငြီးတယ်ထင်ပေမယ့် ကလေးလိုချင်သူ၊ ကလေးချစ်သူတွေကတော့ သဘောကျမှာပါ။ တစ်ကယ့်ကလေးတစ်ယောက်ကို ချော့သိပ်သလို Game စက်ကို ချော့သိပ်ရမှာပါ။ ပြိုင်ဖက်နဲ့ယှဉ်ဆော့ရတာမဟုတ်ပေမယ့် Player တစ်ယောက်ထဲနဲ့ကို တော်တော်အလုပ်ရှုပ်နေမှာပါ။

References
TechX Gaming
About Author
Assinged Tags
Nintendo Switch
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed