Windows 10 S သုံး ၉၉၉ ဒေါ်လာတန် Surface Laptop အသစ်ကို Microsoft မိတ်ဆက်

date_range 03 May 2017

Windows 10 S သုံး ၉၉၉ ဒေါ်လာတန် Surface Laptop အသစ်ကို Microsoft မိတ်ဆက်

visibility 1010 Views

                Microsoft ဟာ မနေ့ည မြန်မာစံတော်ချိန် ၈ နာရီက Surface Laptop အသစ်ကို New York City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ ထုတ်ပြခဲ့ပါတယ်။

                ကျနော်တို့ မနေ့က ခန့်မှန်းဖော်ပြထားတဲ့အတိုင်း ဒီဇိုင်းကော၊ အသုံးပြုမယ့် OS အသစ်တွေပါ အမှန်တကယ် ပါဝင်လာတာတွေ့ရပြီး၊ ရရှိမယ့်အရောင်ကအစ ကောလဟာလသတင်းတွေအတိုင်းပါပဲ။

                Microsoft Surface ရဲ့ ဒုဥက္ကဌဖြစ်သူ Panos Panay က 

ဒီ Laptop ဟာ အထက်တန်းအောင်ပြီးစ ကျောင်းသူ၊ကျောင်းသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ ဒီဇိုင်းပိုင်းကို သေသေချာချာကျကျနန လုပ်ထားတာကြောင့် လက်ပ်တော့ကိုယ်ထည်မှာ မူလီတစ်လုံးတောင်မှ တွေ့မြင်ရမှာမဟုတ်ပါဘူး။

                လို့ ပြောကြားခဲ့ပါတယ်။

                Microsoft ရဲ့ Surface Laptop အသစ်မှာ ပေါ်လီအက်စတာ ဖိုင်ဘာမျှင်သား (Polyester) နဲ့ ပေါ်လီယူရသိန်း (Polyurethane) တို့ကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Alcantara Fabric သုံး Keyboard ပါရှိလာတာကို တွေ့ရပါတယ်။ ကီးဘုတ်ကိုယ်ထည်က သတ္တုတို့ ပလတ်စတစ်တို့ မဟုတ်ဘဲ၊ ချည်လို အသား ဖြစ်ပေမယ့် ကီးတွေကတော့ ပလတ်စတစ်ကီးတွေပါပဲ။ ကီးဘုတ်ခလုတ်တွေက နောက်ခံမီးလင်း (backlit) မှာဖြစ်ပြီး၊ Character တစ်ခုကို Input လုပ်ဖို့ ဖိနှိပ်ရတဲ့ အကွာအဝေး (Key Travel) က ၁.၅ မီလီမီတာပဲ ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဆိုလိုတာက ကီးတစ်ခုကို အားနဲ့ အထဲထိ ဖိနှိပ်စရာမလိုဘဲ၊ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မှာပါ။

                ဒီ Laptop မှာ အထူးခြားဆုံးအချက်ကတော့ Microsoft ရဲ့ Windows 10 OS အသစ် “Windows 10 S” ပါ။ Windows 10 S က ဘာကွာသွားသလဲဆိုတော့ Windows Store က Apps တွေကိုပဲ Install လုပ်နိုင်မှာဖြစ်ပြီး၊ Windows 10 Pro မြှင့်မှ ကိုယ့်စိတ်ကြိုက် Apps တွေ သွင်းနိုင်မှာပါ။

                ၁၃.၅ လက်မအကျယ်ရှိတဲ့ PixelSense Display ကို အသုံးပြုထားကာ၊ Resolution အနေနဲ့ 2256x1504 Pixels ရှိပြီး၊ 3:2 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Panay ရဲ့ အဆိုအရတော့ ဒီ Display ဟာ Laptop တွေထဲမှာ အပါးဆုံး LCD Touch Display ဖြစ်တယ်လို့ သိရပါတယ်။ Display ကို Microsoft ရဲ့ Surface Pen နဲ့လည်း အသုံးပြုနိုင်မှာဖြစ်တာကြောင့်၊ တခြား Surface တွေလို Display ပေါ်မှာ ပုံတွေဘာတွေ ဆွဲလို့ရမှာပါ။

                Performance ပိုင်းကိုတော့ Microsoft က တော်တော်လေးဂုဏ်ယူပြောထားတာ တွေ့ခဲ့ရပါတယ်။ နောက်ဆုံးပေါ် Kaby Lake Architecture သုံး Intel Core i5 နဲ့ i7 Processors တွေ အသုံးပြုထားတယ်လို့ ဆိုပြီး၊ ဘာ စီးရီးလဲတော့ မသိရပါဘူး။ ဘက်ထရီသက်တမ်းကတော့ ၁၄.၅ နာရီအထိတောင် ခံမယ်လို့ ဆိုပါတယ်။

                Laptop အပူချိန်မတက်အောင်လို့ Laptop ရဲ့ ကျောဘက်၊ အလူမီနီယမ်ကိုယ်ထည်မှာ Vapor Chambers တွေ တပ်ဆင်ထားပြီး၊ Laptop မှာ စပီကာအပေါက်တောင် ပါလာမှာမဟုတ်ပါဘူး။ ဒီအတွက် စပီကာကို ကီးဘုတ်အောက်မှာ ထည့်သွင်းထားပြီး၊ အသံက ကိုယ့်ရဲ့ လက်ချောင်းလေးတွေအောက်က ထွက်နေမှာဖြစ်ပါတယ်။

                Microsoft ကတော့ အခု Surface Laptop အသစ်ဟာ i7 Macbook Pro ထက် ပိုမိုမြန်ဆန်ပြီး၊ အခုစျေးကွက်ထဲမှာရှိသမျှ MacBook Air တွေထက် ဘက်ထရီသက်တမ်းခံတယ်လို့ ပြောထားပါတယ်။

                Surface Laptop ကို ကျနော်တို့ မနေ့ကဖော်ြပထားတဲ့အတိုင်း ပလက်တီနမ်၊ အနီရောင်၊ အပြာရောင် နဲ့ ရွှေရောင်ဆိုပြီး ကာလာလေးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။

                Surface Laptop အသစ်ကို ယနေ့ကစ Pre-Order မှာယူနိင်ပြီဖြစ်ပြီး၊ စျေးနှုန်းကတော့ Core i5 Version ၊ 4GB RAM နဲ့ 128 GB SSD Storage မော်ဒယ်ကို ၉၉၉ ဒေါ်လာအထိ ကျသင့်မှာပါ။ Core i7, 8GB/25GGB SSD Model ကတော့ ၁,၅၉၉ ဒေါ်လာအထိ ရှိပါတယ်။ တင်ပို့ရောင်းချမှုကိုတော့ ဂျွန်လ ၁၅ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft Surface Laptop Specifications


TitleSpecifications
Display13.5-inch LCD  Display, Surface Pen Enabled, Gorilla Glass 3 Touchscreen
Resolution2256 x 1504 Pixels (201 ppi), 3:2 Aspect Ratio, 3.4 million pixels
CPU7th Gen Core i5 or Core i7 Processors
RAM4GB, 8GB or 16GB RAM
Storage128GB, 256GB or 512GB SSD
GraphicsIntel HD 620 (i5) or Intel Iris Plus (i7)
Operating SystemWindows 10 S ( Free Upgrade to Windows 10 Pro through December 31, 2017)
ConnectionsUSB 3.0, Headphone Jack, Mini Display Port, Surface Connect Port
Camera, Video and Audio720p  HD Camera with stereo mic, omnisonic speakers, 
Wireless802.11ac, Bluetooth 4.0 LE
SecurityTPM Chip with Windows Hello face sign-in
SensorsAmbient Light Sensor
Weight

2.76 lbs (1.25 kg)

Dimensions12.13 x 8.79 x 0.57 in (308 x 223 x 14.5 mm)
ColorsBurgundy, Platinum, Cobalt Blue, Graphite Gold
What's in the boxSurface Laptop, Power Supply, Quick Start Guide, Safety and warranty documents


References
The Verge Cnet
About Author
Assinged Tags
Microsoft Windows 10 Laptop Surface Laptop
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed