DJI ကုမ္ပဏီက ၄၉၉ ဒေါ်လာတန် "Spark" Drone ကို မိတ်ဆက်

date_range 25 May 2017

DJI ကုမ္ပဏီက ၄၉၉ ဒေါ်လာတန် "Spark" Drone ကို မိတ်ဆက်

visibility 7200 Views

                DJI အနေနဲ့ ဧပြီလ ၂၇ ရက်နေ့ထဲက မနေ့ကကျင်းပမယ့် Event ပွဲအတွက် ဖိတ်ကြားစာတွေကို သက်ဆိုင်ရာမီဒီယာတွေဆီ ပို့ပေးခဲ့ပါတယ် (ဒီသတင်းကို ဒီလင့်ခ် မှာဖတ်ရှုပါ)။ အဲ့ဒီ့တုန်းကထွက်ရှိခဲ့တဲ့ ကောလဟာလသတင်းတွေအတိုင်းပဲ DJI ဟာ လက်ရှိ ကုမ္ပဏီကထုတ်လုပ်နေတဲ့ Drone တွေထဲမှာ ဈေးအပေါဆုံးနဲ့ အရွယ်အစားအသေးငယ်ဆုံး Drone ဖြစ်တဲ့ "Spark" ဆိုတဲ့ Drone တစ်ခုကို မနေ့က Event မှာ မိတ်ဆက်ခဲ့ပါတယ်။ 

                အအေးဘူး တစ်ဘူးလောက်ပဲ ကိုယ်ထည်အရွယ်အစားရှိတဲ့ Spark Drone ဟာ အလေးချိန်အရလည်း တစ်ပေါင်တောင်မပြည့်ပဲ ဝ.၆ ပေါင်ပဲလေးမှာဖြစ်ပါတယ်။ အရွယ်အစားသေးလို့ အထင်မသေးပါနဲ့။ DJI က Spark Drone ကိုလည်း သူရဲ့ အဆင့်မြင့် Mavic Pro Drone လိုပဲ Features အစုံအလင်ထည့်ပေးထားပါတယ်။ 

                DJI Spark Drone မှာ Phantom 4 Drone မှာ ပါဝင်တဲ့ ActiveTrack နဲ့ TabFly လို Intelligent Flight Control features တွေပါဝင်ပြီးတော့ ၊ Features အသစ်တွေအနေနဲ့ လက်နဲ့ Spark Drone ကို လိုသလိုထိန်းချူပ်နိုင်တာ၊ လက်ကနေ Gestures ပြုလုပ်လိုက်ရုံနဲ့ ဓါတ်ပုံရိုက်ပေးနိုင်တဲ့ Features တွေပါ ပါဝင်လာပါတယ်။

                Spark ကို ၁၆ မိနစ်ခန့် ဆက်တိုက်ပျံသန်းနိုင်ပြီးတော့ Micro USB ကနေပဲ တိုက်ရိုက်ပြန်အားသွင်းလို့ရတော့မှာပါ။ အရွယ်အစား အလွန်သေးငယ်တဲ့အတွက် လက်ဖဝါးပေါ်ကနေတောင် လွှတ်တင်နိုင်မှာဖြစ်ပါတယ်။ 

                Spark မှာ Full HD (1080p) Video တွေကို ရိုက်ကူးနိုင်တဲ့ 12 Megapixels Camera ပါဝင်ပြီးတော့ လှုပ်ရှားမှုတွေကို 2-Axis Gimbal နဲ့ ထိန်းထားပေးပါတယ်။ Social Media ပေါ်ကို အလွယ်တကူ Share ပြုလုပ်နိုင်အောင် Quick Shot Feature လည်းပါဝင်မှာဖြစ်ပြီး ၁ မိနစ်ခန့် ဗီဒီယိုကို ရိုက်ကူးထားပြီး ၁၀ စက္ကန့်စာဖြစ်အောင် အကောင်းဆုံးဖြတ်ထုတ်ပေးမှာဖြစ်ပါတယ်။

                Spark မှာ သစ်ပင်နဲ့အခြား အရာဝတ္ထုတွေကို ရှောင်ရှားနိုင်တဲ့ Sensor တွေလည်းပါဝင်ပြီး အမြင့်ဆုံး မြန်နှုန်း တစ်နာရီကို ၃၁ မိုင်နှုန်းမောင်းနှင်နိုင်မှာပါ။ ထိန်းချုပ်မှုတွေကိုတော့ Mavic Pro အတိုင်း စမတ်ဖုန်း ကနေ ပြုလုပ်ရမှာပါ။ 

                DJI Spark ကို ၄၉၉ဒေါ်လာ နဲ့ Alpine White, Sky Blue, Meadow Green, Lava Red နဲ့ Sunrise Yellow ဆိုပြီး အရောင် ၅ ရောင်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Charging hub, Propeller Guards, Remote Controller နဲ့ Battery အပိုတစ်ခု ပါဝင်တဲ့ Package ကိုတော့ နောက်ထပ် $200 ပိုပေးပြီး ဝယ်ယူရမှာပါ။ ဂျွန်လ ၁၅ ရက်နေ့က စတင်ပြီး ရောင်းချသွားမယ်လို့သိရပါတယ်။


References
The Verge
About Author
Assinged Tags
Gadgets DJI Spark Drone Drones
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed