U11 Life လို့ခေါ်တဲ့ Android One စမတ်ဖုန်းတစ်မျိုးကို HTC ကနေ မိတ်ဆက်လာဖွယ်ရှိ

date_range 14 September 2017

U11 Life လို့ခေါ်တဲ့ Android One စမတ်ဖုန်းတစ်မျိုးကို HTC ကနေ မိတ်ဆက်လာဖွယ်ရှိ

visibility 560 Views

                လက်ရှိအချိန်မှာတော့ Android One စမတ်ဖုန်းတွေကို OEM တွေကနေ မိတ်ဆက်ပေးတာဟာ Trend တစ်ခုဖြစ်လာပြီလို့တောင် ပြောလို့ရလာပါပြီ။ ဘာလို့လဲဆိုတော့ HTC ကနေလည်း U11 Life လို့ခေါ်တဲ့ Android One စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်လာဖို့ရှိတယ်ဆိုပြီး ကောလာဟလတွေထွက်ရှိလာလို့ပဲဖြစ်ပါတယ်။

                ဒီလို HTC ကနေ Android One စမတ်ဖုန်းအသစ်မိတ်ဆက်မယ်ဆိုတာကို Developer တစ်ယောက်ဖြစ်တဲ့ LlabTooFeR ရဲ့ Tweet တွေကတစ်ဆင့် သိရှိခဲ့ရတာဖြစ်ပါတယ်။

                သိရှိထားချက်တွေအရ HTC ကနေ Ocean_Life လို့ခေါ်တဲ့ Codename နဲ့ Android One စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးဖို့ရှိပြီး၊ HTC ကုမ္ပဏီကနေထည့်သွင်းပေးထားတဲ့ App တွေအတော်များများမပါ၀င်ဘဲ Android Oreo ကိုအသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့် HTC ရဲ့ အဓိက Feature တွေဖြစ်တဲ့ EdgeSense, USonic, Zoe နဲ့ HTC Camera စ တာတွေတော့ပါ၀င်လာမှာဖြစ်ပါတယ်။ 

                Ocean ဆိုတဲ့ Codename ဟာ U ဖုန်းတွေထွက်မလာခင်မှာပေးထားတဲ့ နာမည်တစ်ခုဖြစ်ပြီး၊ ယခုအသစ်ထွက်ရှိလာမယ့်စမတ်ဖုန်းရဲ့နာမည်ဟာ U11 Life ဖြစ်ဖို့များပါတယ်။ ဒါ့အပြင် LlabTooFeR ရဲ့ Tweet အောက်မှာလည်း စမတ်ဖုန်းကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ Evan Blass ကလည်း U11 Life ရဲ့ ပုံစံကို ပြသပြီး အတည်ပြုပေးသွားခဲ့ပါတယ်။

                နောက်ထပ်သိရှိချက်တွေအရ Evan Blass ပြသသွားတဲ့ စမတ်ဖုန်းပုံစံဟာ သာမန် U11 Life ပုံစံဖြစ်နေတာကြောင့် Sense UI နဲ့ Apps တွေ မြင်နေရတာလို့လည်းသိရှိရပါတယ်။ Android One နဲ့ထွက်ရှိလာခဲ့ရင်တော့ ဒီလိုမျိုး Sense UI နဲ့ App ပုံစံမျိုးမဟုတ်ဘဲ၊ Google ကနေ ထုတ်လုပ်ပေးထားတဲ့ Pure Android UI နဲ့ပဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ HTC U11 Life ဟာ HTC ကုမ္ပဏီရဲ့ ပထမဦးဆုံး Android One စမတ်ဖုန်းဖြစ်လာဖို့လည်း ရှိပါတယ်။

                မကြာသေးမီကလည်း Xiaomi ကနေ Mi A1 လို့ခေါ်တဲ့ Android One စမတ်ဖုန်းအသစ် ကို မိတ်ဆက်ပေးသွားခဲ့ပြီး၊ Motorola ကလည်း Android One စမတ်ဖုန်းအသစ်တစ်မျိုးကို US မှာ ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးသွားမယ် ဆိုတဲ့ ကောလာဟလတွေထွက်ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး စျေးနှုန်းအသင့်အတင့်နဲ့ Android One စမတ်ဖုန်းတွေ အများအပြားထွက်ပေါ်လာတာဟာ Google ရဲ့ Android Stock UI ကိုအသုံးပြုချင်ပြီး၊ Pixel တို့လောက်ထိလည်း မလိုက်နိုင်တဲ့သူတွေအတွက် ရွေးချယ်စရာ ပိုရရှိလာတယ်လို့ ထင်မြင်မိပါတယ်။ 

References
Android Police
About Author
Assinged Tags
Google Android HTC U11 HTC U11 Android One U11 Life HTC U11 Life
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed