Android OS Update နှစ်နှစ်တိတိရရှိမယ့် Essential စမတ်ဖုန်း

date_range 20 August 2017

Android OS Update နှစ်နှစ်တိတိရရှိမယ့် Essential စမတ်ဖုန်း

visibility 1920 Views

                လူအများ စိတ်၀င်စားမှုကို ရရှိခဲ့တဲ့၊ Android တို့ရဲ့ ဖခင် Andy Rubin ကိုယ်တိုင်ဦးစီးပြီး ထုတ်လုပ်ထားတဲ့ Essential စမတ်ဖုန်းကို Essential Website မှာ စတင်၀ယ်ယူနိုင်ပြီလို့ သိရှိရပါတယ်။ 

                ယခုနှစ် မေလ ၃၀ ရက်နေ့မှာ Andy Rubin ကိုယ်တိုင်မိတ်ဆက်ပေးခဲ့တဲ့ Essential PH-1 စမတ်ဖုန်းကို စတင်မိတ်ဆက်ပြီး နောက်ထပ် ရက် ၃၀ ကျော်လောက်မှာ ရောင်းချပေးမယ်လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း Essential စမတ်ဖုန်းဟာ ရောင်းချမယ့်ရက် ကျော်လွန်သွားတဲ့တိုင်အောင် စမတ်ဖုန်းစျေးကွက်ထဲကို ရောက်ရှိမလာခဲ့ပါဘူး။ 

                သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျပြီးမှ ထွက်ရှိလာခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Essential စမတ်ဖုန်းကို အမေရိကန်နိုင်ငံမှာ Sprint Carrier အတွက် လပေးစနစ်ဖြင့် မှာယူနိုင်ပြီဖြစ်ပြီး၊ Unlocked စမတ်ဖုန်းတွေကိုတော့ USD $699 ဖြင့် ကုမ္ပဏီရဲ့ Website မှာ တိုက်ရိုက်၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။

                ဒါ့အပြင် Andy Rubin ရဲ့ Blog Post တစ်ခုအရ Essential စမတ်ဖုန်းအတွက် Android OS Update တွေကို ၂ နှစ်တိတိ ထုတ်လုပ်ပေးသွားမယ်လို့ အာမခံထားပြီး၊ လစဉ် Security Updates တွေကိုတော့ ၃ နှစ်တိတိ ထုတ်လုပ်ပေးသွားမယ်လို့သိရှိရပါတယ်။ ဒါကြောင့်မို့လို့ Essential စမတ်ဖုန်းဟာ Software Support အတွက် Google Pixel နီးပါး ထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာဖို့ရှိပါတယ်။

                Essential စမတ်ဖုန်းအတွက် Wireless Accessories (ဥပမာ- 360 Degree Camera) အသစ်တွေလည်း မကြာမကြာ ထုတ်လုပ်ပေးသွားဦးမယ်လို့လည်း သိရှိရပါတယ်။ Andy Rubin ကနေလည်း

ဒီလိုမျိုးထုတ်လုပ်ပေးရတာဟာ နောက်ဆုံးပေါ်နည်းပညာတွေကို ဖုန်းကိုအလဲအလှယ်မလုပ်ရပဲ Customer တွေရဲ့လက်ထဲကို အရောက်ပို့ပေးချင်လို့ပါ။ ဒီ Accessories တွေဟာ တခြား Essential Products တွေဖြစ်တဲ့ Essential Home လိုမျိုးတွေပေါ်မှာလည်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

လို့ ပြောကြားခဲ့ပါသေးတယ်။ 

                ဒါ့ထက်ပိုပြီး စိတ်၀င်စားဖို့ကောင်းတာကတော့ Essential စမတ်ဖုန်းမှာ Branding ပြုလုပ်တာမျိုးလုံး၀မရှိဘူးဆိုတာပါပဲ။ Bloatware တွေနဲ့ အခြား ကုမ္ပဏီတွေရဲ့ Apps တွေ Essential စမတ်ဖုန်းမှာ ထည့်သွင်းပေးထားခြင်း လုံး၀မရှိပါဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ Rubin ရဲ့ပြောကြားချက်အရ

ခင်ဗျားတို့ ဖုန်းကိုစပြီး ဖွင့်လိုက်တဲ့အခါ ကျွန်တော်တို့ထည့်သွင်းပေးထားတဲ့ System Preloaded Apps အနည်းငယ်ပဲ တွေ့ရှိရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကုမ္ပဏီဟာ အသုံးပြုတဲ့သူတွေအကျိုးကို ဦးစားပေးထားပြီး ကျွန်တော်တို့အကျိုးအမြတ်ကို လုံး၀ မကြည့်ထားလို့ပဲဖြစ်ပါတယ်။

လို့ သိရှိရပါတယ်။ 

                Essential စမတ်ဖုန်းမှာ 13 MP Dual Camera ပါ၀င်ပြီး RGB နဲ့ Monochrome စတဲ့ Lens တစ်ခုစီ တပ်ဆင်ပေးထားပါတယ်။ Hybrid Autofocus, Phase Detect, IR Laser Assist Focus နဲ့ 4K Video Recording Support စတဲ့ Features တွေလည်းပါ၀င်လာမှာဖြစ်ပါတယ်။ Front Camera အတွက် 8 MP Camera ပါ၀င်ပြီး f/2.2 Aperture ရှိတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် Front Camera အတွက် 16:9 Aspect Ratio, 4K Video Recording စတဲ့ Features တွေလည်းပါ၀င်လာဦးမှာဖြစ်ပါတယ်။ 

                Snapdragon 835 SoC ကိုအသုံးပြုထားပြီး RAM 4GB/Internal Storage 128GB နဲ့ ထွက်ရှိထားပါတယ်။ ဒါ့အပြင် 5.7 လက်မရှိတဲ့ Edge-To-Edge QHD LCD Display ပါ၀င်လာမှာဖြစ်ပါတယ်။ Front Camera နားကို ဝေ့ဝိုက်ပြီးထုတ်လုပ်ထားတဲ့ Bezel-Less Display ဒီဇိုင်းဆန်းဆန်းနဲ့ ထွက်ရှိလာတဲ့ Essential PH-1 ကို စမတ်ဖုန်းစျေးကွက်ထဲမှာ USD $699 ခန့်နဲ့ စတင် မြင်တွေ့လာရပြီပဲ ဖြစ်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Dual Camera Smartphone Android Smartphones Andy Rubin Essenial Bezel-less smartphone Essential PH-1 Essential Smartphone Bezel-Less Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed