ရောင်းချမယ့်ရက်ကိုကျော်လွန်သွားပေမယ့် စျေးကွက်ထဲမှာမမြင်တွေ့ရသေးတဲ့ Essential စမတ်ဖုန်း

date_range 10 July 2017

ရောင်းချမယ့်ရက်ကိုကျော်လွန်သွားပေမယ့် စျေးကွက်ထဲမှာမမြင်တွေ့ရသေးတဲ့ Essential စမတ်ဖုန်း

visibility 1980 Views

                မေလ ၃၀ ရက်နေ့က Android OS ဖန်တီးသူ Andy Rubin ကိုယ်တိုင်ဦးစီးပြီး ထုတ်လုပ်မယ့် Essential စမတ်ဖုန်း ကို မိတ်ဆက်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီ Essential စမတ်ဖုန်းကို နောက်ထပ် ရက် ၃၀ အကြာမှာရောင်းချပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ရက် ၃၀ ကျော်လွန်းပြီးသည့်တိုင်အောင် Essential စမတ်ဖုန်းကို စျေးကွက်မှာတင်သွင်းရောင်းချနိုင်ခြင်းမရှိသေးပါဘူး။

                Essential စမတ်ဖုန်းကို United States မှာ Carrier တစ်ခုကနေပဲ သီးသန့်ရောင်းချပေးသွားမှာဖြစ်ပြီး Essential ကုမ္ပဏီရဲ့ Website မှာတော့ Unlocked ဖုန်းတွေအတွက် Pre-order မှာယူလို့ရပါတယ်။ Andy Rubin အနေနဲ့လည်း $699 တန်ဖိုးရှိတဲ့ Essential စမတ်ဖုန်းကို လတ်တလောခေတ်စားနေတဲ့ Samsung Galaxy S8, OnePlus 5, HTC U11 နဲ့ LG G6+ တို့နဲ့ ပြိုင်ဆိုင်ရမှာမို့လို့ သေချာပြုပြင်မွမ်းမံနေတာလည်း ဖြစ်နိုင်ပါတယ်။

                Essential စမတ်ဖုန်းမှာ ထူးထူးခြားခြားဘာတွေထပ်ပြီး ပါ၀င်လာဦးမလဲဆိုတာတော့ မသိရှိရသေးပေမဲ့ Bootloader ကိုတော့ လွယ်လွယ်ကူကူ Unlock လုပ်ခွင့်ရမယ် လို့ ကုမ္ပဏီမှ ပြန်လည်ဖြေကြားထားပါတယ်။

                စက်ရုံပိုင်း နဲ့ထုတ်လုပ်မှုပိုင်းဆိုင်ရာ အခက်အခဲတွေဟာ ခန့်မှန်းလို့မရတာကြောင့် အနည်းငယ်နောက်ကျနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း Android OS ကိုဖန်းတီးခဲ့တဲ့ Andy Rubin အနေနဲ့ Essential စမတ်ဖုန်းကိုလည်း ထူးခြားတဲ့ဖုန်းတစ်လုံးဖြစ်အောင် အချိန်ယူဖန်တီးနေရတာမို့ စောင့်ဆိုင်းရကျိုးနပ်မယ် မျှော်လင့်မိပါတယ်။

References
Android Community
About Author
Assinged Tags
Android Andy Rubin Essenial Android Phone Essential PH-1 Essential Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed