Foldable Galaxy X စမတ်ဖုန်းကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း Samsung အတည်ပြု

date_range 21 November 2017

Foldable Galaxy X စမတ်ဖုန်းကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း Samsung အတည်ပြု

visibility 7680 Views

                Display အပါအဝင် ဖုန်းကိုယ်ထည်တစ်ခုလုံးကို ခေါက်/ကွေးအသုံးပြုနိုင်တဲ့ Galaxy X စမတ်ဖုန်းကို Samsung ဘက်က ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာ အနည်းဆုံး (၃) နှစ်ကျော်လောက် ရှိပါပြီ။

                ဒါပေမယ့် အခုတော့ Foldable Smartphone တစ်လုံးဖြစ်တဲ့ Galaxy X စမတ်ဖုန်းကို Samsung က တကယ်ထုတ်လုပ်နေပြီဖြစ်ကြောင်း ကုမ္ပဏီဘက်က အရိပ်အမြွက် Confirm လုပ်လိုက်ပြီဖြစ်ပါတယ်။

                Galaxy X ဆိုတဲ့ Foldable Smartphone တစ်လုံးကို Samsung အနေနဲ့ ထုတ်လုပ်ဖို့ ရှိတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ စထွက်လာကတည်းက SM-G888No ဆိုတဲ့ ဖုန်းမော်ဒယ်နံပါတ်နဲ့ စထွက်လာခဲ့တာပါ။ Galaxy X စမတ်ဖုန်းအကြောင်း စိတ်ဝင်တစားလေ့လာနေတဲ့သူဆိုရင် ဒီ Model No. ကို ရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ အခုအခါ “SM-G888No” ကို Samsung ရဲ့ တရားဝင် Website က Support Page မှာ စတင်မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ ကံမကောင်းစွာပဲ ဒီမော်ဒယ်နံပါတ်နဲ့ ပတ်သတ်တဲ့ တခြားအချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ Samsung Galaxy X စမတ်ဖုန်းက ကောလာဟလအဆင့်မှာတင်မဟုတ်တော့ဘဲ၊ တကယ်ထုတ်ဖို့အဆင့်ထိ ရောက်နေပြီဆိုတာပါပဲ။ တရားဝင်ထွက်မယ့်အချိန်ကတော့ နည်းနည်းကြာဦးမယ်ထင်ပါတယ်။

                Galaxy X စမတ်ဖုန်းဟာ မိုဘိုင်းနည်းပညာအဖွဲ့အစည်းတွေဖြစ်တဲ့ Bluetooth SIG, Wi-Fi Alliance နဲ့ တောင်ကိုရီးယားရေဒီယိုသုတေသနအေဂျင်စီတို့ကနေလည်း အသိအမှတ်ပြုလက်မှတ် (Certificates) တွေလည်း ရရှိထားပြီးဖြစ်တာကြောင့် အမှန်တကယ်မြင်တွေ့ရဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

                အရင်ကထွက်ခဲ့တဲ့သတင်းတွေအတိုင်းဆိုရင် Samsung ဟာ ခေါက်ချိုးအသုံးပြုလို့ရတဲ့ Galaxy X စမတ်ဖုန်းကို ရောင်းတန်းဝင်ထုတ်လုပ်မှာထက်စာရင် နည်းပညာကြွားတဲ့အနေနဲ့သာ အရင်ထုတ်ဖို့ ရှိပြီး၊ ကုမ္ပဏီအခြေစိုက်ရာ တောင်ကိုရီးယားစျေးကွက်တစ်ခုတည်းမှာပဲ မိတ်ဆက်ရောင်းချသွားနိုင်ခြေ ရှိပါတယ်။ 

                လက်ရှိအချိန်မှာလည်း Samsung၊ LG နဲ့ Lenovo တို့ဟာ  နည်းပညာပြပွဲတော်တော်များများမှာ သူတို့ရဲ့ Foldable Displays တွေ၊ Foldable Devices ကို Demo တွေ ပြသနေပြီး၊ Microsoft ကလည်း Foldable Smartphone ပုံစံတစ်မျိုးကို မူပိုင်ခွင့်တင်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက Demo/Prototype အဆင့်တွေ လောက်မှာပဲ ရှိသေးပြီး၊ ဘယ်ကုမ္ပဏီကမှ အမှန်တကယ်ကွေးခေါက်လို့ရတဲ့ ဖုန်းမျိုး မထုတ်နိုင်သေးပါဘူး။ LG က G Flex တို့ Samsung က Galaxy Round တို့ကို ထုတ်ခဲ့ပေမယ့်လည်း အဆိုပါဖုန်းတွေက ဘော်ဒီလေး နည်းနည်းကွေးတဲ့အဆင့်မှာပဲ ရှိခဲ့ပါတယ်။ ZTE ကလည်း မကြာမီက Display နှစ်ခုကို ခေါက်သိမ်းလို့ရတဲ့ဖုန်း မျိုး မိတ်ဆက်ခဲ့ပေမယ့်၊ Foldable Smartphone လို့ မခေါ်ထိုက်သေးပါဘူး။

Samsung Galaxy Round


Lenovo က စမ်းသပ်ပြသခဲ့တဲ့ Foldable Smartphone

                ကျနော့်အမြင်မှာတော့ Foldable Smartphone တွေဟာ တကယ့်လက်တွေ့မှာ သိပ်အသုံးဝင်နိုင်လောက်မယ့် နည်းပညာတစ်ခုမဟုတ်လောက်ဘူးလို့ပဲ ထင်ပါတယ်။ Samsung ဟာ Foldable Smartphone ကိုပဲ အသားပေးထုတ်လုပ်ချင်တာမျိုးမဟုတ်ဘဲ၊ ဒီလိုမျိုး Foldable လုပ်နိုင်တဲ့ Display တွေကို သူတို့ကောင်းကောင်း ထုတ်လုပ်နိုင်ကြောင်းနဲ့ တခြားနည်းပညာပစ္စည်းတွေမှာ ဒီလို Display မျိုးက အသုံးဝင်နိုင်ကြောင်း ပြသချင်တဲ့ သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်။

References
Forbes My Broadband
About Author
Assinged Tags
Samsung Smartphones Foldable Smartphone Samsung Galaxy X Galaxy X Foldable Display
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed