စမတ်ဖုန်းတွေရဲ့ အနာဂတ်ဖြစ်လာနိုင်တဲ့ Microsoft ရဲ့ မူပိုင်ခွင့်အသစ်

date_range 13 June 2017

စမတ်ဖုန်းတွေရဲ့ အနာဂတ်ဖြစ်လာနိုင်တဲ့ Microsoft ရဲ့ မူပိုင်ခွင့်အသစ်

visibility 11400 Views

                Microsoft က လျှောက်ထား ထားတဲ့ မူပိုင်ခွင့်တစ်ခုကနေ ခေါက်ချိုးအသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေရဲ့ ဖြစ်လာနိုင်တဲ့ အနာဂတ်ဒီဇိုင်းတစ်ခုကို ကျနော်တို့ ကြိုတင်မြင်တွေ့ခဲ့ရပါတယ်။

                MSPowerUser ကနေ စတင်တွေ့ရှိခဲ့တဲ့ Microsoft မူပိုင်ခွင့်တစ်ခုမှာ Hinge လို့ ခေါ်တဲ့ တွဲဆက်အရှင်နဲ့ ဆက်ထားတဲ့ Display နှစ်ခုပါ Device တစ်မျိုးကို တွေ့မြင်ရပြီး၊ Display တစ်ခုကို ချိုးဖွင့်လိုက်တာနဲ့ Tablet ပုံစံဖြစ်သွားမှာပါ။


                မူပိုင်ခွင့်ဒီဇိုင်းတွေအရ အဆိုပါ Device မှာ Zero degree ပိတ်ထားတဲ့ပုံစံ၊ 180 degrees ဖြန့်ထားတဲ့ပုံစံနဲ့ 360 degrees လုံးဝချိုးချထားတဲ့ ပုံစံဆိုပြီး၊ Mode သုံးမျိုး ပါရှိတာတွေ့ရပါတယ်။ Zero-degree ပိတ်ထားချိန်မှာ Device အလုပ်မလား၊ မလုပ်ဘူးလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိနိုင်ပေမယ့်၊ 180-degree ဆိုရင် Tablet ပုံစံနဲ့ 360-degree ဆိုရင် မျက်နှာပြင်နှစ်ခုကို ရှေ့နောက်ကပ်လျက်သားပုံစံ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။ 360-degree ပုံစံမှာ လက်ကကိုင်ထားမယ်ဆိုရင် အောက်က Display က လက်နဲ့ ထိပြီး အနှောင့်အယှက်ဖြစ်နေလောက်တယ်လို့ ထင်စရာရှိပေမယ့်၊ ဒီအတွက် အဆင်ပြေစေမယ့် နည်းပညာအသစ်တွေလည်း ပေါ်ထွက်လာနိုင်ပါသေးတယ်။


                ယခု Device မူပိုင်ခွင့်ဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက Microsoft က လုပ်ခဲ့တဲ့ Productivity Future Vision ဆိုတဲ့ ဗီဒီယိုထဲက Device နဲ့ တော်တော်လေး ဆင်တူတာတွေ့ရပါတယ်။ အဆိုပါဗီဒီယိုဟာ နောက် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ဖြစ်လာနိုင်တဲ့ နည်းပညာအသစ်အဆန်းတွေကို Microsoft က ကြိုတင်ခန့်မှန်းပြထားတဲ့ ဗီဒီယိုတစ်ခုပါ။

                ဗီဒီယို ၂ မိနစ်လောက်မှာ လူတစ်ယောက်ဟာ စခရင်ချည်းသာပါဝင်ပြီး၊ Display နှစ်ခုကို သက်သက်ခွဲထုတ်နိုင်တဲ့ စမတ်ဖုန်းပုံစံ Device တစ်ခုကို အသုံးပြုနေတာကို တွေ့မြင်နိုင်ပါတယ်။ Display နှစ်ခုကို မလိုတော့တဲ့အခါ တစ်ခုတည်းအဖြစ် အလွယ်တကူပြန်ဆက်လို့ရပြီး၊ ယခုမူပိုင်ခွင့်ဒီဇိုင်းပုံစံအတိုင်းလည်း ခေါက်ချိုးအသုံးပြုသွားတာကို တွေ့မြင်ရပါတယ်။ Microsoft အနေနဲ့ ဒီ Concept ကို အမှန်တကယ်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်ရှိသလားဆိုတာကတော့ သူတို့ပဲ သိမှာပါ။

via GIPHY

                Microsoft, Apple, Google အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေမှာ အခုလို မူပိုင်ခွင့် Patent တွေ ထောင်ချီရှိပေမယ့်၊ Patent တိုင်းက တကယ်ဖြစ်မလာနိုင်ပါဘူး။ ယခု Microsoft Device ကလည်း Patent အဆင့်မှာပဲ တန့်နေမလား၊ အမှန်တကယ်ထွက်ရှိလာနိုင်မလားဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ယုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။


References
Tech Radar MS PowerUser
About Author
Assinged Tags
Microsoft Smartphones Future Technology Patent Foldable Smartphone Future Devices
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed