ကွေးဆံ့နိုင်တဲ့ စခရင်အပျော့နဲ့ Laptop ရှေ့ပြေးဒီဇိုင်းတစ်ခုကို Lenovo ပြသ

date_range 21 June 2017

ကွေးဆံ့နိုင်တဲ့ စခရင်အပျော့နဲ့ Laptop ရှေ့ပြေးဒီဇိုင်းတစ်ခုကို Lenovo ပြသ

visibility 3340 Views

                Lenovo က မနေ့က New York မှာ ပြုလုပ်သွားတဲ့ ပွဲတစ်ခုမှာ Personal Computer တွေအတွက် ကုမ္ပဏီရဲ့ အနာဂတ်အိုင်ဒီယာတစ်ခုကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

                Product တစ်ခုအနေနဲ့ ပြသသွားတာမဟုတ်ဘဲ၊ ဒီဇိုင်းဓာတ်ပုံတစ်ခုနဲ့သာ ပြသသွားတာဖြစ်တာကြောင့် တကယ်အကောင်အထည်မဖော်ရသေးဘူးလို့ ယူဆနိုင်ပါတယ်။

                အဆိုပါ Concept Design (ရှေ့ပြေးဒီဇိုင်းပုံစံ) မှာ အလွယ်တကူ ကွေးနိုင်၊ ဆံ့နိုင်တဲ့ Flexible Display ပါ Laptop တစ်ခုကို တွေ့မြင်ရပြီး၊ Keyboard နဲ့ ThinkPad စီးရီးတွေမှာ ပါဝင်နေကြဖြစ်တဲ့ အနီရောင်အလုံးလေး Pointing Stick လည်း ပါဝင်တာကို တွေ့မြင်ရပါတယ်။


                ယခုရှေ့ပြေးဒီဇိုင်းမှာ Laptop Display က သတင်းစာတစ်စောင်လို လိပ်ခေါက်လို့ ရတာကြောင့်၊ Mouse နဲ့ ထိန်းချုပ်ဖို့က အနည်းငယ်အခက်အခဲရှိနိုင်ပြီး၊ Voice Commands ဒါမှမဟုတ် Stylus နဲ့ပဲ အဓိကထိန်းချုပ်ရဖွယ် ရှိပါတယ်။

                Lenovo အနေနဲ့ ဒီ Concept မှာ “အဆင့်မြင့်ကုန်ကြမ်းပစ္စည်းတွေ” နဲ့ “စခရင်နည်းပညာအသစ်” ကို အသုံးပြုထားတယ်လို့သာ ပြောကြားခဲ့ပြီး၊ တိတိကျကျပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။

                Lenovo ဟာ အရင်ကလည်း အလွယ်တကူကွေးညွတ်နိုင်တဲ့ Flexible Display ပါ စမတ်ဖုန်းဒီဇိုင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ပြသခဲ့ဖူးတာကြောင့်၊ ဒီ Laptop ကလည်း မဖြစ်လာနိုင်ဘူးလို့ ယတိပြတ်ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Concept ဆိုတော့ စျေးကွက်ထဲအမှန်တကယ်မြင်တွေ့ရဖို့က ဆယ်စုနှစ်တစ်ခု အနည်းဆုံးကြာမြင့်နိုင်ပါတယ်။


                Lenovo နည်းတူ Samsung ကလည်း မကြာခင်က Direction လားရာဘက်နှစ်ခုကို စိတ်ကြိုက်ကွေးညွတ်လို့ရတဲ့ OLED Display တစ်ခုကို ပြသခဲ့ပါသေးတယ်။ Flexible OLED Display အများစုက Direction ဘက်တစ်ဘက်တည်းကိုပဲ ကွေးလို့ရတာဖြစ်ပြီး၊ Samsung Display ကတော့ Direction နှစ်ခုအထိ ကွေးဆန့်နိုင်တာကြောင့် တီထွင်ဆန်းသစ်မှုတစ်ခုလို့ ဆိုရမှာပါ။

References
The Verge Pocket-lint
About Author
Assinged Tags
Lenovo Lenovo Laptops Flexible Display Flexible Laptop Display Technology
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed