Samsung Galaxy စမတ်ဖုန်းကနေ Windows 10 ကွန်ပြူတာကို Unlock လုပ်နိုင်တော့မည်

date_range 22 February 2017

Samsung Galaxy စမတ်ဖုန်းကနေ Windows 10 ကွန်ပြူတာကို Unlock လုပ်နိုင်တော့မည်

visibility 420 Views

                Samsung ရဲ့ Galaxy စမတ်ဖုန်းကော Windows 10 ကွန်ပြူတာပါသုံးနေတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ 

                Samsung ကနေ ထုတ်ပေးထားတဲ့ Samsung Flow App ကနေ မကြာခင်မှာ Windows 10 PC ကို တိုက်ရိုက် Unlock လုပ်နိုင်တော့မှာဖြစ်ကြောင်း သိရှိရပြီး၊ ကွန်ပြူတာလုံခြုံရေးဂရုစိုက်တတ်သူတွေအတွက် တော်တော်အဆင်ပြေလာမှာပါ။

                ယခုစွမ်းဆောင်ရည်ကို လက်ဗွေရာဆန်ဆာပါတဲ့ Galaxy ဖုန်းတိုင်းမှာ အသုံးပြနိုင်မှာဖြစ်ပြီး၊ Samsung Flow App လေးဖုန်းထဲထည့်ထားရုံနဲ့ ကိုယ့်ကွန်ပြူတာကို ဖုန်းလက်ဗွေရာကနေ လှမ်း Unlock လုပ်နိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာ ဒီလို ဖုန်းလက်ဗွေရာနဲ့ Unlock လုပ်နိင်တဲ့ စွမ်းဆောင်ရည်ကို Samsung ကပဲ ထုတ်ထားတဲ့ Galaxy Tab Pro S တက်ဘလက်မှာပဲ ရရှိထားတာဖြစ်ပါတယ်။

                Google Play Store ရဲ့ Samsung Flow App အောက်မှာ မေးမြန်းထားတဲ့ Comment တစ်ခုကို Samsung တာဝန်ရှိသူတစ်ဦးက ပြန်ဖြေထားတာကို ကြည့်မယ်ဆိုရင် Samsung Flow App ကို ဗားရှင်းအသစ်ရေးဆွဲနေကြောင်းသိရှိရပြီး၊ နောက် Update မှာ Windows 10 သုံး တခြားကွန်ပြူတာမော်ဒယ်တွေမှာလည်း ရရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

                Samsung Flow App အသစ်ထွက်ရှိမယ့်အချိန်ကတော့ လာမယ့်ဧပြီလလောက်လို့ ယူဆရပြီး၊ ဒီအချိန်မှာ Microsoft ကလည်း Windows 10 Major Update ထွက်ရှိဖို့ရှိပါတယ်။

                Samsung Flow မှာ လက်ဗွေရာနဲ့ ကွန်ပြူတာ Unlock လုပ်တာအပြင်၊ Galaxy ဖုန်းကနေ Windows 10 PC ကို mobile hotspot တန်းလွှင့်ပေးတာမျိုးလည်း လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင် ကွန်ပြူတာကနေလည်း ဖုန်း Notifications တွေကို စစ်ဆေးတာ၊ Reply လုပ်တာတွေပါ လုပ်နိုင်မှာဆိုတော့ တော်တော်မိုက်လာတယ်လို့ ပြောရမှာပါ။

                Samsung Flow မှာတင် အခုလို feature ပါလာတယ်ဆိုတော့ Microsoft ရဲ့ Windows Hello စနစ်သုံးလို့မရတဲ့ လက်ပ်တော့ကွန်ပြူတာပိုင်ရှင်တွေ သဘောကျမှာပါ။ (Samsung ဖုန်းတော့လိုတာပေ့ါ။)

References
Android Authority Samsung Play Store
About Author
Assinged Tags
Samsung Smartphones Samsung Flow Windows Hello Samsung Galaxy Windows 10 Android App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed