လိုသလိုကွေးဆန့်လို့ရတဲ့ Samsung ရဲ့ ရှေ့ပြေးပုံစံ OLED Screen အသစ်

date_range 26 May 2017

လိုသလိုကွေးဆန့်လို့ရတဲ့ Samsung ရဲ့ ရှေ့ပြေးပုံစံ OLED Screen အသစ်

visibility 460 Views

                ဒီတစ်ပါတ်ထဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Display Week မှာ OLED Display တွေ ထုတ်လုပ်ရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Samsung အနေနဲ့ ရှေ့ပြေးပုံစံ Screen အသစ်တွေအများကြီး ပြသခဲ့ပါတယ်။ 

                ပထမဆုံး ရှေ့ပြေးပုံစံကတော့ ၉.၁ လက်မ OLED Display ပဲဖြစ်ပြီး၊ ဒီ Display သစ်ဟာ ကြိုက်သလို ကွေးနိုင်၊ ခေါက်နိုင်၊ ဆန့်နိုင်ပါတယ်။ ဆွဲဆန့်တဲ့အခါမှာလည်း Display ဟာ ပုံပျက်သွားမှာမဟုတ်ပဲ၊ ဆွဲဆန့်ပြီး ပြန်လွှတ်လိုက်တဲ့အခါမှာ Display ဟာ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ 

                နောက်ပြီး ဒီ Display သစ်ဟာ တစ်ချို့ကွေးညွှတ်လို့တဲ့ Display တွေလိုမျိုး သတ်မှတ်ထားတဲ့နေရာကိုပဲ ကွေးညွှတ်လို့ရတာမဟုတ်ပဲ အသုံးပြုသူ စိတ်ချမ်းသာသလို ကွေးညွှတ်လို့ရမှာ ဖြစ်ပါတယ်။ ဒီ Display ကို ဘယ် Electronic Product မှာ သုံးသွားမလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။​ ဒါပေမယ့် ဒီ Display သုံးထားတဲ့ Product ကတော့ တော်တော်လေးကို လန်းမှာဖြစ်ပါတယ်။

                ဒုတိယတစ်ခုကတော့ 3840x2160 4K Resolution ရှိတဲ့ ၁.၉၆ လက်မ LCD Display ပဲဖြစ်ပြီး ကျွမ်းကျင်သူတွေကတော့ နောင်တစ်ချိန်မှာ ဒီ Display ကို VR Headset တွေ၊ AR Headset တွေမှာ အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

                အခုလက်ရှိ တစ်ချို့ VR, AR Headset တွေမှာ တစ်ခါတစ်လေကျရင် Pixel ကွက်ကလေးတွေ ပေါ်လာတတ်ပါတယ်။ အခု Samsung ရဲ့ ရှေ့ပြေးပုံစံ Display သစ်ကတော့ Resolution အရမ်းကောင်းလွန်းတာကြောင့် Pixel ကွက်တွေပေါ်လာတဲ့ ပြဿနာမဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။

                ဘာလို့အဲ့ဒီလို ပြောနိုင်တာလဲဆိုတော့ အခုလက်ရှိ Oculus Rift VR Headset ရဲ့ Screen တစ်ခုခြင်းစီရဲ့ Resolution ဟာ 1080x1200 ပဲရှိပါတယ်။ နှိုင်းယှဉ်လိုက်မယ်ဆိုရင် Resolution က အရမ်းကိုကွာဟလွန်းတာကို တွေ့ရှိရမှာပါ။ ဒီ Display ဟာလည်း ပထမ Display လိုပါပဲ၊ ဘယ် Electronic Product မှာ သုံးသွားမလဲဆိုတာကို တိတိကျကျ မသိရပါဘူး။


                နောက်ဆုံးတစ်ခုကတော့ 3D မျက်မှန်မလိုတော့တဲ့  ၅.၀၉ လက်မ OLED 3D Screen ပဲဖြစ်ပါတယ်။ ဒီကောင်ကလည်း ရှေ့က Display တွေလိုမျိုးပါပဲ၊ ဘယ် Electronic Product မှာ သုံးသွားမလဲဆိုတာကို တိတိကျကျ မသိရဘူးဆိုပေမယ့် 3D မျက်မှန်မလိုတော့ပဲ 3D ရုပ်ရှင်တွေကြည့်လို့ရတော့မယ်၊ Game တွေဆော့လို့ရတော့မယ်ဆိုတော့ ရင်ခုန်စရာတော့ ကောင်းပါတယ်။

References
The Verge
About Author
Assinged Tags
Samsung OLED Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed