Galaxy X လို့ခေါ်တဲ့ Display ခေါက်နိုင်တဲ့စမတ်ဖုန်းတစ်မျိုးကို နောက်နှစ်ထဲ Samsung မိတ်ဆက်ဖွယ်ရှိ

date_range 25 September 2017

Galaxy X လို့ခေါ်တဲ့ Display ခေါက်နိုင်တဲ့စမတ်ဖုန်းတစ်မျိုးကို နောက်နှစ်ထဲ Samsung မိတ်ဆက်ဖွယ်ရှိ

visibility 1120 Views

                Samsung နဲ့ LG တို့ဟာ ခေါက်လို့ရတဲ့ Display နဲ့ စမတ်ဖုန်းတွေထုတ်လုပ်ပေးဖို့ကြိုးစားခဲ့တာ အတော်ကြာပါပြီ။ လက်ရှိမှာ Display ကွေးညွတ်နေတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ LG V30 နဲ့ Samsung Galaxy S8 စ တဲ့ Flagship စမတ်ဖုန်းတွေကို စျေးကွက်ထဲမှာ တွေ့မြင်နေကြရပါပြီ။ LG ကနေလည်း LG V30 စမတ်ဖုန်းထဲမှာ LG G Flex 2 မှာအသုံးပြုခဲ့တဲ့ Plastic-OLED Display ကိုအသုံးပြုထားပြီး၊ ကွေးညွတ်နိုင်ဖို့အတွက် အဓိကထားထားတယ်လို့လည်း သိရှိခဲ့ရပါတယ်။

                လက်ရှိအချိန်မှာတော့ Samsung ဟာ ပထမဦးဆုံး ကွေးနိုင်ခေါက်နိုင်တဲ့ Display နဲ့ထွက်ရှိလာမယ့် Samsung Galaxy X ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတယ်လို့ သိရှိထားရပါတယ်။ ဒီကောလာဟလသာ အမှန်ဖြစ်မယ်ဆိုရင်တော့ Samsung အနေနဲ့ ပထမဦးဆုံး Display ကိုခေါက်နိုင်တဲ့စမတ်ဖုန်းကို ထုတ်လုပ်သူဖြစ်လာမှာပါ။ Samsung အနေနဲ့လည်း ဒီလိုမျိုး လိုသလိုကွေးနိုင်ဆန့်နိုင်တဲ့ OLED Display တွေကိုပြုလုပ်နေတယ် ဆိုတာကို မေလလောက်တုန်းက သတင်းတစ်ခုအရ သိရှိခဲ့ပြီးပါပြီ။ 

                National Radio Research Agency (NRRA) ကနေပြီးတော့ Samsung ရဲ့ Model Number “SM-G888N0” လို့ခေါ်တဲ့ Device တစ်မျိုးကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီ SM-G888N0 ဟာ Samsung Galaxy X စမတ်ဖုန်းဖြစ်လာဖွယ်ရှိပြီးတော့ “N0” ဟာ ကိုရီးယားစျေးကွက်ကို ကိုယ်စားပြုတယ်လို့ သိရှိထားပါတယ်။ ဒါပေမယ့်လည်း Galaxy X ဆိုတဲ့နာမည်ဟာ အတည်မဟုတ်သေးဘဲ၊ ကောလာဟလတွေပျံ့ထားတဲ့ နာမည်တစ်ခုသာဖြစ်ပါတယ်။


                Certification Result မှာတော့ SM-G888N0 အတွက် “Equipment of radio equipment for LTE mobile communication” လို့ရေးသားထားပြီးတော့၊ Wi-Fi Alliance မှာတော့ ဒီ Model Number ကိုပဲ “Smartphone” လို့ရေးသားထားတဲ့အတွက် စမတ်ဖုန်း (ဒါမှမဟုတ်) Tablet တစ်လုံးအနေနဲ့ထွက်ရှိလာမယ်လို့တော့ ယူဆရပါတယ်။

                Samsung Galaxy X ကို Samsung Galaxy S9 နဲ့အတူ ဧပြီလ၊ ၂၀၁၈ လောက်မှာ မြင်တွေ့လာရဖွယ်ရှိပါတယ်။ Face ID အစားထိုးအသုံးပြုထားပြီး၊ Home Button မပါ၀င်တဲ့ ထူးခြားတဲ့ Design နဲ့ ထွက်ရှိလာတဲ့ iPhone X ပြီးတဲ့နောက်မှာတော့ Galaxy X ဟာ စမတ်ဖုန်းလောကရဲ့ နောက်ထပ်ထူးခြားတဲ့ ဖုန်းတစ်လုံးအနေနဲ့ လူအများရဲ့စိတ်၀င်စားမှုကို ရယူလာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

References
Android Authority
About Author
Assinged Tags
Samsung Android Foldable Smartphone Samsung Galaxy X Galaxy X Foldable Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed