ခေါက်သိမ်းအသုံးပြုလို့ရတဲ့ Full-HD Display နှစ်ခုပါ ZTE Axon M စမတ်ဖုန်း တရားဝင်ထွက်ရှိ

date_range 18 October 2017

ခေါက်သိမ်းအသုံးပြုလို့ရတဲ့ Full-HD Display နှစ်ခုပါ ZTE Axon M စမတ်ဖုန်း တရားဝင်ထွက်ရှိ

visibility 13640 Views

                လွန်ခဲ့တဲ့တစ်ပတ်ကတင် ZTE ဟာ Display နှစ်ခုပါတဲ့ Axon M စမတ်ဖုန်းကို FCC မှာ ခွင့်ပြုချက်ရရှိခဲ့ကြောင်း ကျနော်တို့ သိရှိခဲ့ရပါတယ်။

                ယနေ့မှာတော့ အဆိုပါ ZTE Axon M စမတ်ဖုန်းဟာ တရားဝင်ထွက်ရှိလာပါပြီ။ ဒီလိုမျိုး Dual Display ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့အတွက် စမတ်ဖုန်းကုမ္ပဏီတစ်ချို့က ကြိုးစားနေတဲ့အချိန်မှာ ZTE က အစောဆုံး လက်ဦးမှုယူနိုင်ခဲ့တာလို့ ပြောလို့ရပါတယ်။


                ZTE Axon M စမတ်ဖုန်းရဲ့ Display နှစ်ခုအလယ်မှာ သေတ္တာတွေမှာ အသုံးပြုထားတဲ့ ပတ္တာလိုမျိုး Hinge တစ်ခုပါရှိပြီး၊ Display နှစ်ခုကို ခေါက်သိမ်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Concept က ထူးခြားတဲ့အိုင်ဒီယာတစ်ခုဆိုပေမယ့်၊ တကယ့်လက်တွေ့အခြေအနေမှာ အသုံးဝင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ နောက်လထဲ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ လောလောဆည် US က AT&T မှာပဲ ဝယ်ယူရရှိနိုင်မှာဖြစ်ပေမယ့် သိပ်မကြာခင်မှာ တရုတ်၊ ဥရောပနဲ့ ဂျပန်စျေးကွက်တွေကိုလည်း တင်ပို့သွားဖို့ ရှိတယ်လို့ သိရပါတယ်။

                ZTE ရဲ့ ပြောကြားချက်အရ Axon M စမတ်ဖုန်းဟာ ခေါက်သိမ်းထားမယ်ဆိုရင် အိတ်ကပ်ထဲမှာ အလွယ်တကူ ထည့်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Dual Display ကို ကောင်းကောင်းအသုံးချနိုင်ဖို့အတွက် App နှစ်ခုကို စခရင်တစ်ခုစီမှာ သီးသန့်အသုံးပြနိုင်မယ့် Dual Mode ၊ Display နှစ်ခုကို ပေါင်းစပ်ဖော်ပြပြီး တက်ဘလက်အတိုင်း အသုံးပြုနိုင်မယ့် Extended Mode ၊ Display တစ်ခုကနေ ကိုယ်ကြည့်နေတဲ့ အကြောင်းအရာကို နောက် Display တစ်ခုမှာလဲ ဖော်ြပပေးနေမယ့် Mirror Mode တို့အပြင် သာမန်စမတ်ဖုန်းတစ်လုံးအတိုင်း အသုံးပြုနိုင်မယ့် Traditional Mode ဆိုပြီး အသုံးပြုနိုင်တဲ့ပုံစံလေးမျိုး ပါဝင်မှာဖြစ်ပါတယ်။ 

                Specifications တွေအနေနဲ့ကတော့ ZTE Axon M စမတ်ဖုန်းမှာ ၅.၂ လက်မအကျယ် full-HD TFT LCD Display နှစ်ခု၊ Snapdragon 821 SoC ၊ 4 GB RAM နဲ့ 64 GB Internal Storage တို့ ပါရှိပြီး၊ Display နှစ်ခုစလုံးမှာ Corning Gorilla Glass 5 အုပ်ပေးထားမှာဖြစ်ပါတယ်။ Display နှစ်ခုကို ဆက်ပြီး တပြိုင်တည်းအသုံးပြုချိန်မှာ Display အရွယ်အစားက 6.75-inch အကျယ်ဖြစ်သွားပြီး၊ 8:9 Aspect Ratio  နဲ့ ဖြစ်သွားမှာပါ။ 

                နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်တော့ ဒီဖုန်းမှာ 20-megapixel f/1.8 ကင်မရာတစ်လုံးတည်း ပါဝင်တာဖြစ်ပြီး၊ အရှေ့ကော အနောက်ကော ဒီကင်မရာတစ်လုံးတည်းနဲ့ပဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Android 7.1.2 Nougat နဲ့ ထွက်ရှိလာမှာဖြစ်ပြီး၊ Quick Charge 3.0 အသုံးပြုနိုင်တဲ့ 3180mAh ဘက်ထရီ ပါဝင်ပါတယ်။

                စျေးနှုန်းကတော့ AT&T Next အစီအစဉ်နဲ့ တစ်လကို ၂၄.၁၇ ဒေါ်လာသွင်းရမှာဖြစ်ပြီး၊ လ (၃၀) တိတိ သွင်းရမှာဖြစ်ပါတယ်။ 



References
Gadgets NDTV The Verge
About Author
Assinged Tags
Smartphones ZTE Foldable Smartphone Dual-Display Foldable Display Axon M Dual-Screen Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed