Samsung Galaxy S9 တွင် Fingerprint Sensor ကို Display အောက်တွင် မြှုပ်နှံထားခြင်း မရှိဘဲ ဖုန်းအနောက်ဘက်တွင်သာ ပါဝင်လာဖွယ်ရှိ

date_range 09 November 2017

Samsung Galaxy S9 တွင် Fingerprint Sensor ကို Display အောက်တွင် မြှုပ်နှံထားခြင်း မရှိဘဲ ဖုန်းအနောက်ဘက်တွင်သာ ပါဝင်လာဖွယ်ရှိ

visibility 2900 Views

                အသစ်ထွက်ရှိမယ့် Galaxy S9 နဲ့ S9+ တို့မှာ Fingerprint Sensor ကို Display အောက်မှာ မြှုပ်နှံထားမယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပေမယ့် မဖြေရှင်းနိုင်သေးတဲ့ နည်းပညာအခက်အခဲတချို့ကြောင့် အဲ့ဒီ့အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ် လို့ ကိုရီးယား သတင်းဝဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ The Investor က ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Galaxy S9 ရဲ့ Fingerprint Sensor ဟာ S8 နဲ့ S8+ တို့လို ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ ပါဝင်လာဖွယ် ရှိပါတယ်။

                iPhone X မထွက်ခင်တုန်းကလည်း In-display Fingerprint Sensor ပါဝင်လာမယ် ဆိုတဲ့ ကောလာဟလတွေ တော်တော်လေး ထွက်ခဲ့ပါသေးတယ်။ နည်းပညာ အခက်အခဲတွေကြောင့် Touch ID ကို Display အောက် မမြှုပ်ထားတော့ဘူး ဆိုပြီး အခုလိုမျိုးပဲ ပြောကြပြန်ပါတယ်။ ဒါပေမယ့် Apple ကတော့ Face ID အဆင်သင့် ရှိနေတာကြောင့် “iPhone X မှာ Touch ID ထည့်သွင်းဖို့ လုံးဝ မကြိုးစားခဲ့ဘူး” ဆိုပြီး ကောလာဟလတွေကို ငြင်းဆန် ခဲ့ပါတယ်။

                Fingerprint Scanning ဟာ Iris Scanning, Facial Recognition တို့နဲ့ အတူ S8 မှာ ပါဝင်လာတဲ့ Biometric Security Option တွေထဲက တစ်ခု ဖြစ်ပြီး၊ အဲ့ဒီ့ နည်းပညာ (၃) ခု စလုံးဟာ "Defense-grade Security" ကို ပေးစွမ်းနိုင်တယ်လို့ Samsung က ဆိုပါတယ်။ ဒါပေမယ့် S8 ထွက်ပြီး သိပ်မကြာခင်မှာပဲ မျက်နှာကို ရိုက်ထားတဲ့ ဓာတ်ပုံ တစ်ပုံနဲ့ Facial Recognition ကို ကျော်လွှားပြခဲ့ပြီး၊ Iris Scanner ကိုလည်း မျက်လုံး ဓာတ်ပုံကို မျက်ကပ်မှန်တစ်ခု နဲ့တွဲဖက်ပြီး လှည့်စားနိုင်ခဲ့ပါတယ်။

                နောက်ပြီးတော့ S8 ရဲ့ Facial Recognition ဟာ ဖုန်းကို Unlock လုပ်ဖို့အတွက်သာ ဖြစ်ပြီး၊ Samsung Pay နဲ့ Secure Folder တို့အတွက် အသုံးမပြုနိုင်သေးပါဘူး။ ဒါဟာ Samsung ရဲ့ Facial Recognition ကို အဆင့်မြှင့်တင်မှုတွေ လုပ်ဖို့ လိုနေသေးတယ် ဆိုတာ သက်သေပြနေပါတယ်။ ဒီလို အခြေအနေမှာ Samsung Pay လို Service မျိုးကို သက်တောင့်သက်သာ နဲ့ လုံခြုံမှု ရှိရှိ သုံးနိုင်ဖို့အတွက် Fingerprint Scanner ကို အားကိုးနေရဆဲ ဖြစ်ပါတယ်။ တစ်ဘက်မှာတော့ Face ID ဟာ Apple Pay အတွက် အသုံးပြုနိုင်ပြီး၊ Face ID အပေါ် ယုံကြည်မှု အပြည့်ရှိနေတဲ့ Apple က Touch ID ကိုလည်း လုံးဝ ဖြုတ်ပစ်လိုက်ပါတယ်။

                လူကြိုက်များနေတဲ့ Face ID ကို Samsung က Galaxy S9 နဲ့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ Qualcomm ကလည်း OLED DIsplay ကို ဖြတ်ပြီး Scanning လုပ်နိုင်တဲ့ Under-Display Fingerprint Sensors တွေကို မိတ်ဆက်ထားပြီးဖြစ်ပေမယ့်၊ Galaxy ဖုန်းတွေရဲ့ Chipset က အစ အစိတ်အပိုင်းအကုန်လုံးနီးပါးကို ကိုယ်တိုင်ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ Samsung အတွက် Qualcomm Sensors ကိုတော့ ယူသုံးဖြစ်မယ်မထင်ပါဘူး။


                အရင်လ က မိတ်ဆက်ခဲ့တဲ့ Single Lens နဲ့ Portrait ရိုက်ကူးနိုင်တဲ့ Dual Pixel Sensor ပါဝင်လာရင်တော့ S9 ရဲ့ Camera က အတော်လေး မိုက်မှာပါ။ S9 မှာ စွမ်းဆောင်ရည်မြင့် Snapdragon 845 Chipset အသစ် နဲ့ 4GB RAM တို့ ပါဝင်လာမယ်လို့တော့ လောလောဆည် သိထားရပါတယ်။ ဒီဇင်ဘာလထဲမှာ Production တွေ စတင်မှာ ဖြစ်ပြီး၊ ၂၀၁၈၊ ဖေဖော်ဝါရီ-မတ်လ ဝန်းကျင်မှာ မိတ်ဆက် ပေးသွားဖွယ် ရှိနေပါတယ်။

References
Mac Rumors Tech Radar
About Author
Assinged Tags
Samsung Facial Recognition Technology Iris Scanner Snapdragon 845 Galaxy S9 Under Display Fingerprint Biometrics Authentication In-Screen Fingerprint Sensor Under Display Fingerprint Sensor Samsung Galaxy S9 Galaxy S9+
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed