iPhone 8 မှာ Home Button ကို Display အောက်မှာ မြုပ်ထားနိုင်မလား?

date_range 30 May 2017

iPhone 8 မှာ Home Button ကို Display အောက်မှာ မြုပ်ထားနိုင်မလား?

visibility 1270 Views

                လက်ရှိအချိန်မှာ Apple ကနောက်ထွက်မယ့် iPhone မျိုးဆက်သစ်မှာ Samsung Galaxy S8 လိုမျိုး Bezeless 18.5:9 Ratio Display နဲ့ထွက်လာမယ်ဆိုတဲ့ သတင်းပေါက်ကြားမှုတွေအရ ယခင်ထဲက ရှိနေခဲ့တဲ့ Home Button ကိုလည်းနေရာပြောင်းထားမယ်ဆိုတဲ့ ကောလဟာလတွေထွက်နေပါတယ်။ 

                DigiTimes ရဲ့အဆိုအရတော့ Apple iPhone 8 ဟာ Home Button ကို Samsung S8 လို Fingerprint အတွက် နောက်ကျောဘက်ကို ပို့မှာမဟုတ်ပဲ Display အောက်မှာပဲ Home Button ရော Fingerprint Sensor ရော မြုပ်ထားမှာဖြစ်ပါတယ်။ 

                အသစ်ထွက်မယ့် iPhone 8 ဟာ Apple ရဲ့ ဆယ်နှစ်ပြည့် iPhone ဖြစ်တဲ့အတွက်ကြောင့် Apple Fans တွေကိုယ်တိုင်ကလည်း Hardware ပိုင်းရော Software ပိုင်းပါ ကြီးမားတဲ့အပြောင်းအလဲတွေပြုလုပ်ဖို့ မျှော်လင့်နေတဲ့ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။ 

                ဒီလိုအချိန်မှာ iPhone 8 ရဲ့ Fingerprint Sensor က Display ကို ဖိလိုက်တာနဲ့အလုပ်လုပ်ပြီး Touch ID ရဲ့ Pressure Sensitivity ကိုပါထိန်းချုပ်နိုင်မယ်လို့ ကောလဟာလပြန့်နှံ့နေတာဟာ Apple ချစ်သူတွေအတွက်တော့ ကြီးမားတဲ့မျှော်လင့်ချက်တစ်ခုဖြစ်နေမှာပါ။ 

                တစ်ချို့ကလည်း Home Button ကိုဖုန်းရဲ့နောက်ကျောဘက်ကိုပို့မယ်လို့ ပြောနေကြတာဆိုတော့ TechX ရဲ့ ပရိသတ်ကြီးလည်း ဘယ်လိုပုံစံနဲ့ iPhone 8 ကို မြင်ချင်ပါသလဲ?

References
DigiTimes Cnet
About Author
Assinged Tags
iPhone Rumors iPhone 8 related news Home Button
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed