iPhone X မှာ Touch ID ထည့်သွင်းနိုင်ဖို့ လုံးဝမကြိုးစားခဲ့ဘူးလို့ Apple ငြင်းဆန်

date_range 02 November 2017

iPhone X မှာ Touch ID ထည့်သွင်းနိုင်ဖို့ လုံးဝမကြိုးစားခဲ့ဘူးလို့ Apple ငြင်းဆန်

visibility 2160 Views

                iPhone X မထွက်ခင်ထဲက ပြောင်းလဲသွားမယ့် မျက်နှာပြင်အပြည့် OLED Display ကြောင့် Touch ID ပါဝင်တဲ့ Home Button ကို Screen အောက်မှာ မြှုပ်နှံထားမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ နောက်တော့ အဲ့လိုမြှုပ်နှံဖို့အတွက် နည်းပညာ အခက်အခဲတွေ ရှိနေတာကြောင့် Touch ID ကို ဖုန်းရဲ့ နောက်ကျောဘက်၊ ဒါမှမဟုတ် ဘေးက Lock Button (Power Button) မှာ ထည့်သွင်းသွားမယ် ဆိုတဲ့ သတင်းတွေလဲ ထွက်ခဲ့ပါသေးတယ်။

                ဒါပေမယ့် အဲ့ဒီ့ ကောလာဟလတွေ လုံးဝ မဟုတ်မှန်ကြောင်းကို Apple ရဲ့ Senior Vice President of Hardware Engineering ဖြစ်တဲ့ Dan Riccio က TechCrunch ရဲ့ Interview တစ်ခုမှာ ပြောကြားလိုက်ပါတယ်။

                “Touch ID ကို Screen ရဲ့ အောက်မှာထည့်သွင်းဖို့ အဆင်မပြေတဲ့အတွက် အဲ့ဒါကို လုံးဝ ဖြုတ်ပစ်လိုက်ရတယ် ဆိုတဲ့ ကောလာဟလ တချို့ကို ကျွန်တော်တို့ ကြားပါတယ်… Face ID ကို အကောင်းဆုံး အခြေအနေတစ်ခုထိ ရောက်အောင် ကြိုးစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ Product [iPhone X] ကို ချပြနိုင်မယ်ဆိုတာ အစတည်းက ကျွန်တော်တို့ နားလည်ထားပါတယ်။ အဲ့လို Product တစ်ခု ရရှိဖို့အတွက်ဆိုရင် ရှင်းထုတ်သင့်တာတွေ ရှင်းပစ်ပြီး၊ ရင်းသင့်တာလည်း ရင်းရပါလိမ့်မယ်။” 

လို့ Apple ရဲ့ (၁၀) နှစ်ပြည့် iPhone အတွက် Apple ရဲ့ ခံယူချက်ကို ပြောပြပါတယ်။

                “Face ID ဟာ Touch ID ထက်ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီ ယုံကြည်ချက်အတိုင်းပဲ ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဖုန်းရဲ့ နောက်ကျောဘက်မှာ ဖြစ်စေ၊ မျက်နှာပြင်အောက်မှာ ဖြစ်စေ၊ ဘေးဘက်မှာ ဖြစ်စေ ထည့်သွင်းရမယ့် Touch ID အတွက် လုံးဝ အချိန်မပေးခဲ့ပါဘူး။ iPhone X လို Product မျိုးမှာ Touch ID ထည့်သွင်းနိုင်ဖို့အတွက် နောက်ဆုံးအချိန်မှ ထပ်မံကြိုးပမ်းနေခဲ့ရင် ကျွန်တော်တို့လည်း လိုချင်၊ တကယ်လည်း အရေးကြီးတဲ့ Face ID ကို ရရှိဖို့ အတွက် အနှောင့်အယှက် ဖြစ်သွားပါလိမ့်မယ်။ အခုတော့ Face ID ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါပြီ။” 

လို့ Riccio က ဆိုပါတယ်။

                ဘယ်လိုပဲ ဖြစ်ဖြစ် "Touch ID ကို Screen အောက်မှာ ထည့်သွင်းနိုင်ဖို့ ကြိုးစားခဲ့ဖူးတယ်" လို့ ပြောနိုင်တဲ့ တစ်ချက်တော့ ရှိပါတယ်။ Screen ထဲက Special “Sensing Pixel” တွေကို အသုံးပြုပြီး Fingerprint Data ရယူနိုင်မယ့် “Fingerprint Biometric Sensor Including Drive Signal Level Updating” ဆိုတဲ့ Patent တစ်ခုကို Apple က မှတ်ပုံတင်ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီနည်းပညာဟာ iPhone X အတွက် ဘယ်လောက် ခရီးရောက်ခဲ့လဲ ဆိုတာတော့ မသိရပါဘူး။

                Early Review တွေအရ ဆိုရင်တော့ Face ID မှာ အဆင်မပြေမှုတချို့ ရှိနေသေးပေမယ့် Touch ID ထက် Security ပိုကောင်းတဲ့ နည်းလမ်းတစ်ခုလို့တော့ ပြောနိုင်ပါတယ်။ Touch ID ကို လွမ်းပေမယ့် iPhone X ကိုင်မယ် ဆိုရင်တော့ Face ID ကိုလည်း ငြင်းပါယ်လို့မရဘူးလို့ ပြောချင်ပါတယ်။

References
Cult of Mac
About Author
Assinged Tags
iPhone Touch ID Apple iPhone X FaceID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed