Qualcomm နဲ့ Samsung တို့ ပူးပေါင်းပြီး S9 မှာအသုံးပြုသွားမယ့် Snapdragon 845 ကို ဖန်တီးနေကြောင်း သတင်းအခိုင်အမာရရှိ

date_range 25 April 2017

Qualcomm နဲ့ Samsung တို့ ပူးပေါင်းပြီး S9 မှာအသုံးပြုသွားမယ့် Snapdragon 845 ကို ဖန်တီးနေကြောင်း သတင်းအခိုင်အမာရရှိ

visibility 1150 Views

                အခုလတ်တစ်လော မီဒီယာတိုင်းမှာ Samsung ရဲ့ မျိုးဆက်သစ် Smarphone တွေဖြစ်တဲ့ Galaxy S8 နဲ့ S8+ တို့ရဲ့ သတင်းတွေနဲ့ပြည့်နေပြီး Samsung အတွက်လည်း မွေးထုတ်လိုက်တဲ့ Smartphone အသစ်တွေရဲ့ရလာဒ်ကလည်း တော်တော်လေးကောင်းတယ် ဆိုပေမယ့်လည်း Samsung အနေနဲ့ ငြိမ်နေလို့တော့မရပါဘူး။ Galaxy S9 အတွက် ပြင်ဆင်ရပြီ ဖြစ်ပါတယ်။

                မကြာသေးမှီကမှထွက်ရှိလာတဲ့ Report တွေအရ Samsung အနေနဲ့ Qualcomm နဲ့ ပူးပေါင်းပြီး လာမယ့်နှစ်မှာထွက်ရှိလာမယ့် မျိုးဆက်သစ် Chipset ဖြစ်တဲ့ Snapdragon 845 ကို ဖန်တီးနေတယ်လို့ သိရှိရပါတယ်။ နောက်ပြီး Snapdragon 845 Chipset ဟာ Galaxy S9 မှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။

                Aju Business Daily က ရရှိတဲ့ Report အရ Qualcomm အနေနဲ့ မျိုးဆက်သစ် Chipset ရဲ့ နာမည်ကို Snapdragon 845 လို့ ခေါ်သွားမယ်လို့တော့ ခန့်မှန်းရပါတယ်။ နာမည်ကိုတော့ အတိအကျမသိရပေမယ့် နောက်ထပ်မျိုးဆက်သစ် Chipset ရဲ့ Architecture ကိုတော့ Qualcomm အနေနဲ့ ပြင်ဆင်နေပြီဆိုတာ သေချာပါတယ်။

                နောက်ထပ်မသေချာတာတစ်ခုကတော့ Qualcomm အနေနဲ့ Chipset ရဲ့ Architecture ကို ဒီဇိုင်းဆွဲပြီးပြီဆိုတာနဲ့ Samsung နဲ့ TSMC ၊ ဘယ်ကုမ္ပဏီကို ထုတ်လုပ်ခိုင်းသွားမယ် ဆိုတာပါပဲ။ ပြိုင်ဖက်တွေဖြစ်ကြတဲ့ Samsung နဲ့ TSMC အတွက်ကတော့ တိုက်ပွဲတော်တော်လေး ပြင်းထန်မှာပါ။

                အခုလက်ရှိ Snapdragon 835 ဟာ တော်တော်လေးကို ကောင်းမွန်နေပြီ ဖြစ်ပါတယ်။ သို့သော်လည်း Qualcomm အနေနဲ့ မျိုးဆက်သစ် Chipset ကို Battery အစားသက်သာအောင်တင်မဟုတ်ပဲ VR နဲ့ AR နည်းပညာတွေအတွက် လိုက်လျောညီထွေမှုရှိအောင်လည်း ပြုလုပ်သွားဖွယ်ရှိပါတယ်။

References
9to5Google
About Author
Assinged Tags
Samsung Qualcomm Snapdragon 835 Galaxy S8 and S8+ Snapdragon 845 Galaxy S9
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed