Single Lens နဲ့ Portrait ရိုက်ကူးနိုင်တဲ့ 12 MP Dual Pixel Sensor နဲ့ အခြား 24MP Camera Sensor တစ်ခုကို Samsung ထုတ်ဖော်ပြသ

date_range 13 October 2017

Single Lens နဲ့ Portrait ရိုက်ကူးနိုင်တဲ့ 12 MP Dual Pixel Sensor နဲ့ အခြား 24MP Camera Sensor တစ်ခုကို Samsung ထုတ်ဖော်ပြသ

visibility 1460 Views

                Google Pixel 2 ဖုန်းဟာ Single Lens တစ်ခုထဲပါဝင်ပေမယ့် Dual Pixel နည်းပညာနဲ့ Machine Learning စနစ်တွေကို အသုံးပြုပြီး နောက်ခံ Background ကိုဝေဝါးအောင် ရိုက်ကူးနိုင်တဲ့ Portrait ဓါတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ပြောရရင် ဒီနည်းပညာဟာ ဒီနှစ်ထဲမှာ Innovative အဖြစ်ဆုံး နည်းပညာတစ်ခုလို့ ပြောလို့ရမှာပါ။ ဒါပေမယ့် နောက်နှစ်မှာ ထွက်ပေါ်လာမယ့် Samsung Galaxy S9 စမတ်ဖုန်းမှာတော့ အလားတူနည်းပညာတစ်ခုကို တွေ့မြင်ရဖို့ရှိနေပါတယ်။ 

                ဘာဖြစ်လို့လဲဆိုရင် Samsung ဟာ မနေ့ (အောက်တိုဘာလ ၁၁ ရက်နေ့) က Camera Sensor အသစ် ၂ ခုကို မိတ်ဆက်ခဲ့ပြီး ပထမတစ်ခုက Galaxy S9 မှာ သုံးလာမယ်လို့ ယူဆရတဲ့ 12MP 1.28µm, Dual Pixel ပါဝင်တဲ့ Sensor နဲ့ 24MP 0.9µm Camera Sensor တွေကို မိတ်ဆက်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ 

                Codename ISOCELL Fast 2L9 လို့ ခေါ်ဆိုနိုင်တဲ့ 12MP 1.28µm Sensor ဟာ ယခင် Galaxy S8 မှာ ပါဝင်ခဲ့တဲ့ 12MP 1.4µm Pixel Size ထက် သေးငယ်တယ်ဆိုပေမယ့် Dual Pixel စနစ်ကို ထောက်ပံ့ပေးပြီး Samsung ရဲ့ အဆိုအရတော့ အလွန်လျှင်မြန်တဲ့ Autofocus စနစ်ကို ရရှိနိုင်တဲ့အပြင် Single Camera တစ်ခုထဲနဲ့ Bokeh Effect တွေကို ရရှိနိုင်တယ်လို့ ပြောထားပါတယ်။ 

                နောက် Sensor တစ်ခုဖြစ်တဲ့ ISOCELL Slim 2X7 လို့ အမည်ရတဲ့ 24MP Sensor ကတော့ Samsung ကနေ ပထမဆုံးအကြိမ်အနေနဲ့ 1µm အောက် Pixel Size ကို အသုံးပြုလာတဲ့ Sensor တစ်ခုဖြစ်ပြီး၊ ညဖက်အလင်းရောင်နည်းပါးတဲ့အချိန်တွေမှာဆိုရင် Pixel တစ်ခုချင်းစီရဲ့ ဘေးပတ်လည်က Pixel ၄ ခုကိုပါ ပေါင်းစပ်ပြီး Light Sensitivity ကို တိုးမြှင့်စေတဲ့ Tetracell လို့ နာမည်ပေးထားတဲ့ နည်းပညာလည်းပါဝင်မှာဖြစ်ပါတယ်။ Samsung ကနေ အခု ISOCELL Sensor တွေရဲ့ Deep Trench Isolation နည်းပညာဟာ Dynamic Range ကို ပိုပြီးတိုးတက်လာစေပြီး Color Crosstalk ကိုလည်း လျော့ချပေးနိုင်မယ်လို့သိရပါတယ်။

                အခုထုတ်ပြန်လိုက်တဲ့ Sensor ၂ ခုစလုံးဟာ အလွန်ပါးလွှာတဲ့ ဖုန်းကိုယ်ထည်တွေထဲမှာ ထည့်သွင်းနိုင်မှာဖြစ်ပြီး၊ Camera Hump တွေမပါဝင်စေပဲ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Samsung ကိုယ်တိုင်ကတော့ အခု Sensor တွေဟာ ဘယ်ဖုန်းတွေမှာ အသုံးပြုမယ်လို့ ကြိုတင်ပြောကြားထားခြင်းမရှိပေမယ့် Samsung Galaxy S9 မှာ စတင်ပါဝင်မယ်လို့ ယူဆရပါတယ်။ Samsung ကလည်း အခုလိုမျိုး 1µm Pixel Size အောက်ပဲရှိတဲ့ Camera Sensor တွေကို ထပ်မံထုတ်လုပ်ဖို့ အစီအစဉ်ရှိနေသေးတယ်လို့ ကြေငြာခဲ့ပါသေးတယ်။ 

References
GSM Arena
About Author
Assinged Tags
Samsung Galaxy S9 Image Sensors Dual Pixel Sensor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed