Under Display Fingerprint နည်းပညာကို Vivo မှ ပထမဦးဆုံး လက်တွေ့ပြသ

date_range 29 June 2017

Under Display Fingerprint နည်းပညာကို Vivo မှ ပထမဦးဆုံး လက်တွေ့ပြသ

visibility 13140 Views

                Vivo ကနေ ဖုန်းထုတ်လုပ်သူကုမ္ပဏီတွေထဲမှာ ပထမဦးဆုံးအနေနဲ့ Under Display Fingerprint နည်းပညာကိုအသုံးပြုထားတဲ့ ရှေ့ပြေးမော်ဒယ်ပုံစံကို မိတ်ဆက်ပြသလိုက်ပါပြီ။ 


                Qualcomm မှ Ultrasonic နည်းပညာအသုံးပြုထာပြီး Under Display Fingerprint Sensors တွေထုတ်လုပ်မယ့်အကြောင်း ကို MWC Shanghai 2017 မှာ ကြေညာလိုက်ပြီးနောက်မှာတော့ Vivo မှလည်း အဆိုပါနည်းပညာကိုပဲ အသုံးပြုထားတဲံ့ ရှေ့ပြေးမော်ဒယ်ပုံစံကို Video တစ်ခုနဲ့ ပြသခဲ့ပါတယ်။ လက်တွေ့အနေနဲ့လည်း ထွက်ရှိပြီးသား Vivo Xplay 6 စမတ်ဖုန်းမှာ Under Display Fingerprint ကိုထည့်ပြီး စမ်းသပ်စေခဲ့ပါတယ်။

via GIPHY

                နောက်ထပ်အနေနဲ့ Vivo ဟာ Qualcomm ရဲ့ Ultrasonic Fingerprint Sensor ကို ဖုန်းရဲ့ကျောဘက်မှာတပ်ဆင်ပြီး ရေအောက်ထဲမှာပဲ Fingerprint Sensor နဲ့ ဖုန်းကို Unlock လုပ်ပြခဲ့ပါသေးတယ်။

via GIPHY

                Qualcomm ကနေ ကြေညာခဲ့တဲ့အတိုင်းပဲ ရေထဲမှာတင် Fingerprint ကို Unlock ပြုလုပ်နိုင်တယ်ဆိုတာကို လက်တွေ့မြင်ခဲ့ရတဲ့အတွက် အနာဂတ်စမတ်ဖုန်းတွေအတွက် အံ့သြစရာကောင်းတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ပါပြီ။ Vivo ကနေ ဒီနည်းပညာကို ပထမဦးဆုံး အသုံးပြုထားတဲ့စမတ်ဖုန်းကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ထုတ်သွားဖို့ရှိပါတယ်။

                ဒီ Ultrasonic နည်းပညာအသုံးပြုထားတဲ့ Fingerprint Scanners တွေအနေနဲ့ OLED Panel ရဲ့အောက်မှာပဲ မြှုပ်နှံထားနိုင်တာကြောင့် LCD Panel အသုံးပြုမယ့် စမတ်ဖုန်းတွေအတွက် အဆင်မပြေပါဘူး။ Capacitive နည်းပညာအသုံးပြုထားတဲ့ Scanners တွေလိုမျိုး Physical တွေ့ထိနိုင်မယ့်နေရာတစ်ခု သီးသန့်မလိုအပ်ပဲ Electronic Waves နဲ့ပဲ Fingerprint Map ကို 3D Signals နဲ့ပုံဖော်ဖမ်းယူနိုင်တာကြောင့် Display အောက်မှာ အလွယ်တကူထည့်ထားနိုင်ပါတယ်။

                Capacitive နည်းပညာအသုံးပြုထားတဲ့ Scanners တွေကတော့ ရေအနည်းငယ်ထိတွေ့မိတာနဲ့ အလုပ်မလုပ်တော့ပေမယ့်၊ Ultrasonic Fingerprint Scanners တွေကတော့ ရေအောက်ထဲမှာလည်း အလုပ်လုပ်မှာပါ။ ဒီ Fingerprint Scanners တွေကို လက်ဗွေရာတစ်ခုတည်းတင်မဟုတ်ပဲ နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းတွေကိုပါတိုင်းတာနိုင်မယ်လို့ဆိုပါတယ်။

                Vivo မှ ကတိပေးထားခဲ့တဲ့အတိုင်း ရှေ့ပြေးမော်ဒယ်ကို မိတ်ဆက်ပြသခဲ့ပြီး ကိုယ်တိုင်လည်း Xplay 6 Model မှာစမ်းသပ်ပြခဲ့တဲ့အတွက် ဒီနည်းပညာကို ရုပ်လုံးပေါ်အောင်ပြသနိုင်ခဲ့တဲ့ ပထမဦးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် မှတ်တမ်း၀င်ခဲ့ပါပြီ။

References
Engadget Mac Rumors
About Author
Assinged Tags
Android Smartphones Android Smartphones Vivo Under Display Fingerprint Fingerprint Scanner Under-Glass Fingerprint Sensor Hidden Fingerprint Scanner Hidden Fingerprint Sensor Waterproof In-Screen Fingerprint Fingerprint Fingerprint Sensor In-Screen Fingerprint Sensor Qualcomm Fingerprint Scanner Ultrasonic Fingerprint Sensor Waterproof Fingerprint Sensor Xplay 6 Under Display Fingerprint Sensor Fingerprint Technology
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed