၂၀၁၈ ခုနှစ်ထဲမှာ Foldable OLED Smartphone တွေကို မိတ်ဆက်ပေးသွားမယ်လို့ Samsung အတည်ပြု

date_range 01 February 2018

၂၀၁၈ ခုနှစ်ထဲမှာ Foldable OLED Smartphone တွေကို မိတ်ဆက်ပေးသွားမယ်လို့ Samsung အတည်ပြု

visibility 360 Views

                Samsung အနေနဲ့ ကွေးနိုင်၊ ခေါက်နိုင်တဲ့ Foldable Smartphone ရှေ့ပြေးမော်ဒယ်လ်ကို CES 2018 ပွဲမှာ တိတ်တဆိတ် ပြသသွားခဲ့ပေမယ့် Foldable Smartphone တွေကို ဒီနှစ်ထဲမှာ မိတ်ဆက်ပေးသွားမယ်လို့ အတည်မပြုပေးခဲ့ပါဘူး။ အဲ့ကတော့ တောင်ကိုရီးယား နည်းပညာ Website တစ်ခုဖြစ်တဲ့ ETNews က Samsung ရဲ့ Foldable Smartphone တွေကို ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ မြင်တွေ့ရဖွယ်ရှိတယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။

                ဒါပေမယ့် Samsung အနေနဲ့ Foldable Smartphone နဲ့ ပတ်သက်လို့ ခန့်မှန်းတာတွေ၊ ကောလဟာလတွေကို အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ မနေ့ကပဲ တောင်ကိုရီးယားနိုင်ငံမှာ Samsung က ၂၀၁၇ ခုနှစ်တုန်းက ကုမ္ပဏီက ရရှိခဲ့တဲ့ အကျိုးအမြတ်တွေ၊ ၂၀၁၈ မှာ Samsung ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလည်း ဆိုတာတွေကို တရားဝင် ကြေငြာသွားခဲ့ပါတယ်။

                Samsung အနေနဲ့ ၂၀၁၈ မှာ Foldable OLED Smartphone၊ Galaxy S9 Smartphone၊ SSD တွေအတွက် 64-Layer V-NAND နည်းပညာ၊ AI (Artificial Intelligence) နည်းပညာ၊ IoT (Internet of Things) တို့ကို အဓိကထား ဦးစားပေးသွားမယ်လို့ သိရပါတယ်။

                “စမတ်ဖုန်းတွေနဲ့ ပက်သက်လို့ကတော့ ကွေးနိုင်၊ ခေါက်နိုင်တဲ့ Foldable OLED Display နည်းပညာလို နောက်ဆုံးပေါ် ဆန်းသစ်တဲ့ နည်းပညာသစ်တွေကို အဓိကထား ဦးစားပေးသွားမှာပါ”

လို့ ပြောကြားထားပါတယ်။

                နောက်ထပ်လည်း ၂၀၁၈ ခုနှစ်ထဲမှာ Samsung ဘက်က အဓိကထား ဦးစားပေးသွားမယ့် Feature နှစ်ခုကတော့ Bixby နဲ့ 5G ကြိုးမဲ့ကွန်ယက် ချိတ်ဆက်မှု နည်းပညာတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ အစပိုင်းမှာတော့ MWC 2018 ပွဲမှာ မိတ်ဆက်ပေးသွားမယ့် Galaxy S9 ကိုပဲ ဦးစားပေးသွားမှာ ဖြစ်ပါတယ်။

                SSD နဲ့ပက်သက်ပြီးတော့ 64-Layer V-NAND နည်းပညာကို အသုံးပြုထားတဲ့ SSD မော်ဒယ်လ်သစ် နှစ်မျိုးကို ဒီလထဲမှာပဲ မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပြီး 64-Layer V-NAND နည်းပညာကိုလည်း ၂၀၁၈ ခုနှစ်ထဲမှာတင်ပဲ တိုးတက်သည်ထက် တိုးတက်လာအောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Samsung Bixby OLED Display OLED Display Foldable Smartphone SSD Foldable Display 5G Network 5G Smartphones
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed