5G ကြိုးမဲ့ကွန်ယက် ချိတ်ဆက်မှု နည်းပညာသုံး စမတ်ဖုန်းတွေကို လာမယ့် ၂၀၁၉ ခုနှစ်မှာ မြင်တွေ့ရတော့မည်

date_range 29 January 2018

5G ကြိုးမဲ့ကွန်ယက် ချိတ်ဆက်မှု နည်းပညာသုံး စမတ်ဖုန်းတွေကို လာမယ့် ၂၀၁၉ ခုနှစ်မှာ မြင်တွေ့ရတော့မည်

visibility 300 Views

                4G စမတ်ဖုန်းတွေ တွင်ကျယ်လာတာနဲ့အမျှ 5G စမတ်ဖုန်းတွေကို တွေ့မြင်ရဖို့ကလဲ နီးသထက် နီးလို့ လာပါပြီ။ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Lenovo (Motorola ရဲ့မိခင်ကုမ္ပဏီ), Xiaomi, ZTE, Oppo နဲ့ Vivo တို့အနေနဲ့ Qualcomm နဲ့အတူ လက်တွဲပြီး 5G စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့အတွက် ကြိုးစားနေကြပြီလို့ Qualcomm Newsroom မှာ တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

                Qualcomm အနေနဲ့ အထက်ပါ ကုမ္ပဏီတွေအတွက် သူတို့ရဲ့ စမတ်ဖုန်း မျိုးဆက်သစ်တွေမှာ 5G ကွန်ယက်စနစ်ကို အသုံးပြုနိုင်အောင် ကူညီလုပ်ကိုင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြိုးမဲ့ကွန်ယက် ချိတ်ဆက်မှု နည်းပညာရဲ့ မျိူးဆက်သစ် ဖြစ်တဲ့ 5G နည်းပညာကို Federal Communications Commission (FCC) က ၂၀၁၆ခုနှစ် ဇူလိုင်လမှာ ခွင့်ပြုပေးခဲ့တာ ဖြစ်ပြီး 4G LTE (Long Term Evolution) ထက် ပိုမို မြန်ဆန်လာမယ်လို့ သိရပါတယ်။

                4G LTE ရဲ့ အမြန်ဆုံး Speed က 100 Megabits per second (Mbps) ဖြစ်ပြီး 5G ကတော့ 100 Gigabits per second (Gbps) ဖြစ်တယ်လို့ သီအိုရီအရ သိရပါတယ်။ ဒီတော့ 5G က ကျနော်တို့ အခုလက်ရှိ အသုံးပြုနေတဲ့ 4G LTE ထက် အဆတစ်ရာ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ နည်းပညာအသိုင်းအဝိုင်းမှာ ရေပန်းစားနေပြီး အားလုံးကလည်း မျှော်လင့်နေကြတဲ့ 5G ကွန်ယက်စနစ်ဟာ မောင်းသူမဲ့ကားတွေနဲ့ Artificial Intelligence (AI) နည်းပညာတွေ တိုးတက်လာဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

                Lenovo, Oppo, ZTE, Vivo နဲ့ Xiaomi တို့အနေနဲ့ Qualcomm ရဲ့ 5G နည်းပညာကို ၃ နှစ်ကျော် အသုံးပြုဖို့အတွက် စုစုပေါင်း ကန်ဒေါ်လာ ၂ ဘီလီယံနဲ့ စာချုပ်၊ ချုပ်ဆိုခဲ့တယ်လို့ Qualcomm က ပြောကြားထားပါတယ်။ ၂၀၁၉ ဆိုတာ ဝေးတော့တဲ့ အချိန်ကာလတစ်ခုတော့ မဟုတ်ပါဘူး။ စမတ်ဖုန်းကုမ္ပဏီတွေက 5G စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီ ဆိုပေမယ့် Telecomm ကုမ္ပဏီတွေကရော 5G Network ကို Support ပေးဖို့ အဆင်သင့်ဖြစ်ပြီးလား ဆိုတာကိုတော့ ၂၀၁၉ ရောက်မှပဲ အတိအကျ သိရမှာပါ။

This Article is contributed by Thaw Zin.
References
CNET
About Author
Assinged Tags
Xiaomi Smartphones Qualcomm Lenovo OPPO Vivo ZTE Motorola 5G Network 5G Smartphones
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed