Galaxy S9 ကို နောက်လထဲမှာ ကျင်းပတော့မယ့် MWC 2018 ပွဲမှာ မိတ်ဆက်ပေးသွားမယ်လို့ အတည်ပြုပေးလိုက်တဲ့ Samsung

date_range 11 January 2018

Galaxy S9 ကို နောက်လထဲမှာ ကျင်းပတော့မယ့် MWC 2018 ပွဲမှာ မိတ်ဆက်ပေးသွားမယ်လို့ အတည်ပြုပေးလိုက်တဲ့ Samsung

visibility 1240 Views

                အခုတစ်လော Galaxy S9 နဲ့ ပက်သက်တဲ့ ကောလဟာလ သတင်းတွေ ပလူပျံနေပေမယ့် သတင်းအတိအကျ မထွက်ရှိခဲ့ပါဘူး။ ဒါပေမယ့် အခုလက်ရှိ ကျင်းပနေတဲ့ CES 2018 ပွဲမှာတော့ Samsung က သူတို့ရဲ့ မျိုးဆက်သစ် Flagship Smartphone တစ်လုံးဖြစ်လာမယ့် Galaxy S9 ကို ဘယ်တော့ မိတ်ဆက်သွားမှာလည်း ဆိုတာကို အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

                CES 2018 သတင်းစာရှင်းလင်းပွဲမှာ Samsung ရဲ့ Mobile Communications Business အမှုဆောင်အရာရှိချုပ် DJ Koh က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ Samsung ပရိတ်သတ်တွေ မျှော်လင့်နေကြတဲ့ Galaxy S9 နဲ့ S9+ တို့ကို နောက်လထဲမှာ ကျင်းပတော့မယ့် MWC (Mobile World Congress) 2018 ပွဲမှာ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး တရားဝင် ရောင်းချပေးမယ့်ရက်ကိုလည်း ကြေငြာသွားမယ်လို့ DJ Koh က အတည်ပြုပေးခဲ့ပါတယ်။

                ကျွမ်းကျင်သူတွေကတော့ ပြိုင်ဘက်ဖြစ်တဲ့ iPhone X က ဈေးကွက်ထဲမှာ လျှင်လျှင်မြန်မြန် နေရာယူနေတာကြောင့် Samsung အနေနဲ့ Galaxy S8 နဲ့ S8+ တို့တုန်းကလိုမျိုး မတ်လထဲမှာ မမိတ်ဆက်ပဲနဲ့ Galaxy S9 နဲ့ S9+ တို့ကို စောစောစီးစီး ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်လိုက်ရတာလို့ သုံးသပ်ထားကြပါတယ်။

                Galaxy S9 မှာ အသုံးပြုထားမယ့် Processor ကတော့ အတိအကျ မသိရသေးပါဘူး။ Samsung အနေနဲ့ Qualcomm ရဲ့ Snapdragon 845 ဒါမှမဟုတ် အရင်တစ်ပါတ်တုန်းက မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ Exynos 9810 SoC ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ ကျွမ်းကျင်သူတွေကတော့ SoC နှစ်မျိုးစလုံး အသုံးပြုသွားမှာဖြစ်ပြီး နိုင်ငံအလိုက် မော်ဒယ်လ်ခွဲခြားပြီး ရောင်းချသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

                နောက်ပြီး S9+ မှာ RAM 6GB အထိ ပါဝင်လာနိုင်ခြေရှိပြီး Storage အနေနဲ့လည်း 512GB ထိအောင် ပါဝင်လာနိုင်ပါတယ်။ ပိုမိုကောင်းမွန်ပြီး မြန်ဆန်မယ့် Iris Scanner နဲ့အတူ Fingerprint Sensor ကိုလည်း Galaxy A8 (2018) နဲ့ A8+ (2018) မှာလိုပဲ Main Camera ရဲ့ အောက်ဘက်မှာ ထည့်သွင်းပေးဖို့ အလားအလာ ရှိပါတယ်။ ဒါ့အပြင် ဒီနှစ်ကုန်လောက်မှာ Bixby 2.0 ကို မြင်တွေ့ရဖို့ရှိပြီး ၂၀၂၀ ခုနှစ်ကျရင်တော့ Samsung Device တွေအားလုံးမှာ Bixby ကို အသုံးပြုလို့ရမယ်လို့ သိရပါတယ်။

References
Gadget NDTV
About Author
Assinged Tags
Samsung Samsung Galaxy Galaxy S9 Bixby Samsung Bixby
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed