လူကြိုက်အများဆုံး SSD တွေဖြစ်တဲ့ 850 Evo နဲ့ 850 Pro တို့ကို အဆင့်မြှင့် တင်ထားတဲ့ 860 Evo နဲ့ 860 Pro တို့ကို Samsung မိတ်ဆက်

date_range 24 January 2018

လူကြိုက်အများဆုံး SSD တွေဖြစ်တဲ့ 850 Evo နဲ့ 850 Pro တို့ကို အဆင့်မြှင့် တင်ထားတဲ့ 860 Evo နဲ့ 860 Pro တို့ကို Samsung မိတ်ဆက်

visibility 540 Views

                ၂၀၁၄ ခုနှစ်မှာ စတင် မိတ်ဆက်ပေးခဲ့တဲ့ Samsung ရဲ့ 850 Series SSD တွေဟာဆိုရင် လူကြိုက် အများဆုံး၊ အသုံးဝင်ဆုံး SSD များအဖြစ် အသုံးပြုသူများကြားမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Samsung အနေနဲ့ ၂၀၁၄ နောက်ပိုင်းမှာ SSD မော်ဒယ် အသစ်တွေ ထပ်မံ မိတ်ဆက်ခြင်း မပြုလုပ်တော့ပဲ 850 Evo နဲ့ 850 Pro SSD မော်ဒယ်တွေကိုပဲ Storage Capacity မြှင့်တင်ပြီး ထုတ်လုပ် ရောင်းချခဲ့ပါတယ်။

                အခုအခါမှာတော့ 850 Evo နဲ့ 850 Pro SSD မော်ဒယ်နှစ်ခုကို အဆင့်မြှင့်တင်ထားတဲ့ 860 Evo နဲ့ 860 Pro SSD မော်ဒယ်နှစ်ခုကို မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အသစ်ထပ်မံ မိတ်ဆက်လိုက် တဲ့ 860 Evo နဲ့ 860 Pro SSD မော်ဒယ်နှစ်မျိုးလုံးဟာ အရင်တုန်းက ထွက်ရှိထားတဲ့ 850 Evo နဲ့ 850 Pro တို့ထက် သိသိသာသာ ပြောင်းလဲသွားခြင်းတော့ မရှိပါဘူး။

                850 Evo နဲ့ 850 Pro မော်ဒယ်တွေမှာ 48-Layer 3D NAND နဲ့ အတူ LPDDR3 DRAM ကို အသုံးပြုထားပေမယ့် အသစ်ထွက်ရှိလာမယ့် 860 Evo နဲ့ 860 Pro တို့မှာတော့ 64-Layer 3D NAND နဲ့ LPDDR4 DRAM ကို ပြောင်းလဲ အသုံးပြုထားပါတယ်။ ဒါ့အပြင် 860 Evo နဲ့ 860 Pro SSD မော်ဒယ်နှစ်မျိုးလုံးမှာ နောက်ဆုံးပေါ် MJX SSD Controller ကို အသုံးပြုထားပါတယ်။

                အရင်တုန်းက ရောင်းချခဲ့သလိုပဲ Samsung အနေနဲ့ Buget Series ဖြစ်တဲ့ Evo နဲ့ Premium Series ဖြစ်တဲ့ Pro တို့ကို တစ်ပြိုင်နက် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Pro Series SSD တွေဟာ Buget Series Evo SSD တွေထက် Overall Performance မှာ နှစ်ဆ ပိုမြန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ 860 Pro Series SSD တွေမှာ 2-bit MLC နည်းပညာကို အသုံးပြုထားတာ ဖြစ်ပြီး Evo Series SSD တွေမှာတော့ စျေးသက်သာတဲ့ 3-bit MLC 3D NAND (TLC) နည်းပညာကို အသုံးပြုထားတာကြောင့် ဖြစ်ပါတယ်။

                860 Evo Series SSD တွေကို ၂.၅ လက်မ အရွယ်အစားရှိ 4TB, 2TB, 500GB, 250GB မော်ဒယ်တွေအပြင် 2TB, 1TB, 500GB, 250GB m.2 SSD မော်ဒယ်တွေနဲ့ 1TB, 500GB, 250GB mSATA SSD မော်ဒယ်တွေကိုလည်း ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ 250GB မော်ဒယ်တွေကို ကန်ဒေါ်လာ ၉၄.၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်း၂ သောင်းဝန်းကျင်)၊ 4TB မော်ဒယ်တွေကို ကန်ဒေါ်လာ ၁,၃၉၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                860 Pro Series SSD တွေကိုတော့ ၂.၅ လက်မ အရွယ်အစားရှိ 4TB, 2TB, 1TB, 512GB, 256GB မော်ဒယ်တွေ အနေနဲ့သာ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ ကန်ဒေါ်လာ ၁၃၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၈ သောင်း ဝန်းကျင်) ကနေ ကန်ဒေါ်လာ ၁,၈၉၉.၉၉ ဒေါ်လာ (မြန်မာငွေ ၂၅ သိန်း ဝန်းကျင်) ကြားမှာ ရောင်းချသွားမှာ ဖြစ်ပြီး မော်ဒယ်နှစ်မျိုးလုံးကို ဇန်နဝါရီလကုန်ပိုင်းလောက်မှာ စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
Samsung SSD Samsung 850 Evo SSD Samsung 850 Pro SSD Samsung 860 Evo SSD Samsung 860 Pro SSD
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed