MWC 2017 ပွဲမှာ အကောင်းဆုံးစမတ်ဖုန်းဆုရရှိသွားခဲ့တဲ့ Samsung Galaxy S7 Edge

date_range 28 February 2017

MWC 2017 ပွဲမှာ အကောင်းဆုံးစမတ်ဖုန်းဆုရရှိသွားခဲ့တဲ့ Samsung Galaxy S7 Edge

visibility 3330 Views

                Samsung ဟာ ယခုနှစ် MWC 2017 ပွဲမှာ ဖုန်းတစ်လုံးမှ မိတ်ဆက်ခဲ့ခြင်းမရှိပေမယ့်၊ MWC 2017 ပွဲမှာ အကောင်းဆုံးစမတ်ဖုန်းဆုကို Galaxy S7 Edge ဖုန်းနဲ့ ဆွတ်ခူးနိုင်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

                MWC 2017 ပွဲမှာ အကောင်းဆုံးစမတ်ဖုန်းဆုကို ပြီးခဲ့တဲ့နှစ်တုန်းက ထွက်ခဲ့တဲ့ Galaxy S7 Edge ဖုန်းက ရရှိသွားတယ်ဆိုတာကြောင့် အနည်းငယ်နားရှုပ်သွားနိုင်ပါတယ်။

                MWC ပွဲ ဦးဆောင်ကျင်းပတဲ့ GSMA အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့တစ်နှစ်အတွက်အကောင်းဆုံးဆုကို ဒီဘက်နှစ်ရောက်မှ ဆုပေးပွဲအခမ်းအနားနဲ့ ပေးအပ်လေ့ရှိတာပါ။ ဒါကြောင့် MWC 2017 ပွဲမှာ ပေးတာက “၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးစမတ်ဖုန်းဆု” ဖြစ်ပါတယ်။ ၂၀၁၇ အတွက် အကောင်းဆုံးစမတ်ဖုန်းဆုကိုတော့ ၂၀၁၈ ခုနှစ်မှ ပေးမှာပါ။

                အကောင်းဆုံးစမတ်ဖုန်းရွေးချယ်တဲ့ပုံစံကတော့ ၂၀၁၆ ခုနှစ်အတွင်းမှာ စွမ်းဆောင်ရည်ကောင်းကောင်း၊ ဆန်းသစ်တီထွင်မှုအပြည့်နဲ့ ထွက်ရှိလာတဲ့ သုံးစွဲသူစိတ်ဝင်စားမှုအများဆုံးစမတ်ဖုန်းတွေကို နာမည်ကြီးဂျာနယ်လစ်၊ စျေးကွက်လေ့လာသူနဲ့ နည်းပညာကျွမ်းကျင်သူတွေက စိစစ်အကဲဖြတ်ပေးတာဖြစ်ပါတယ်။

                Global Mobile Awards လို့ ခေါ်ဆိုတဲ့ ယခုဆုပေးပွဲမှာ မိုဘိုင်းနည်းပညာနယ်ပယ်အစုံက အကောင်းဆုံးတွေကို ရွေးချယ်ဆုပေးတာဖြစ်ပြီး၊ အကောင်းဆုံးမိုဘိုင်း App ဆု၊ အကောင်းဆုံးစမတ်ဖုန်းဆု စသဖြင့် ဆုအများကြီးရှိပါတယ်။

                ပြီးခဲ့တဲ့နှစ် (၂၀၁၆)  အတွက် အကောင်းဆုံးစမတ်ဖုန်းဆုဆန်ဆာတင်စာရင်းမှာ Samsung ရဲ့ Galaxy S7 Edge အပြင်၊ Apple iPhone 7 Plus ၊ Google Pixel XL ၊ Huawei P9 နဲ့ Motorola ရဲ့ Moto Z စမတ်ဖုန်းတို့လည်း ပါဝင်ခဲ့ပြီး၊ အဆိုပါဖုန်းတွေထဲကမှ Galaxy S7 Edge က အကောင်းဆုံးဆုရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

References
Samsung NewsRoom GSMA
About Author
Assinged Tags
Samsung MWC 2017
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed