iOS 10 ထက် အသုံးပြုသူ ပိုမိုများပြားလာတဲ့ iOS 11

date_range 13 October 2017

iOS 10 ထက် အသုံးပြုသူ ပိုမိုများပြားလာတဲ့ iOS 11

visibility 1260 Views

                Apple ရဲ့ နောက်ဆုံး iOS Version တစ်ခုဖြစ်တဲ့ iOS 11 ကို လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ တရားဝင်ထုတ်လုပ်ပေးခဲ့ပါတယ်။ 

                iOS 11 မှာ ကောင်းတဲ့အချက်အနေနဲ့ Mobile Data ကနေ App Download ခွင့်ကို 100MB ကနေ 150MB အထိပြောင်းလဲသတ်မှတ်လိုက်တာတွေ၊ Storage Space ကို 3GB နီးပါးလျှော့ချပေးနိုင်တာတွေ၊ Drag-and-Drop Feature တွေ ပါဝင်လာပြီး၊ Control Center ပုံစံအသစ်ကိုလည်း တွေ့မြင်ခဲ့ရပြီးဖြစ်မှာပါ။

                မကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ iOS 11 ဟာ အချို့ Device တွေမှာ လေးလံနှေးကွေးတာတွေ ဖြစ်ပေါ်ခဲ့ပြီး၊  Wi-Fi နဲ့ Bluetooth ကို Control Center မှာတင်ပိတ်မရအောင်ပြုလုပ်ထားတာ စ တဲ့ပြဿနာတွေဖြစ်ခဲ့ပါတယ်။ Wi-Fi နဲ့ Bluetooth Toggle အတွက်တော့ Apple ကိုယ်တိုင်က Control Center မှာ ပိတ်လိုက်တာအတွက် Radio ကိုပါပိတ်မသွားအောင် တမင်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။  Performance ပြဿနာတွေအတွက်ကိုတော့   iOS 11.0.1 ကို Bug Fix အနေနဲ့ iOS 11 ထုတ်လုပ်ပြီး တစ်ပတ်အကြာမှာ System Update ထုတ်လုပ်ပေးခဲ့ပါတယ်။


                အခုအချိန်မှာတော့ ထွက်ရှိထားတာ သုံးပတ်ကျော်ရှိပြီဖြစ်တဲ့ iOS 11 ကို အသုံးပြုထားတဲ့ Device ရာခိုင်နှုန်းဟာ 47% အထိရှိလာပြီး၊ iOS 10 ဟာတော့ 46% နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် iOS 11 ဟာ Android နဲ့ယှဉ်မယ်ဆိုရင်တော့ OS Version အသစ်အတွက် အသုံးပြုသူအများဆုံးကို အချိန်တိုတိုအတွင်းရရှိခဲ့တယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ 

                ဒါကလည်း iOS အနေနဲ့ မိမိ iDevice တွေအပေါ်ကိုပဲ iOS Version အသစ်ထုတ်လုပ်ပေးရပြီး၊ အခြား OEM တွေလည်းမပါဝင်သလို Open Source OS တစ်ခုလည်းမဟုတ်တာကြောင့် ဒီလိုအသုံးပြုသူအများဆုံး စံချိန်တင်နေတာလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင် iOS Version ကို အခုလိုအချိန်တိုအတွင်းမှာ ကျော်တက်နိုင်ပြီး၊ အသုံးပြုသူအများဆုံးအဖြစ် စံချိန်တင်နိုင်တာဟာ OS Development ပိုင်းမှာတော့ အတော်လေးကို ကောင်းမွန်တဲ့ ပြယုဂ်တစ်ခုပါပဲ။

                ဒါပေမယ့်လည်း iOS 11 ဟာ လွန်ခဲ့တဲ့နှစ်တုန်းက iOS 10 ရဲ့ iOS 9 ကိုကျော်လွန်သွားတဲ့နှုန်းထက်တော့ အနည်းငယ်နှေးတယ်လို့ဆိုရမှာပါ။ iOS 10 ဟာ စတင်ထုတ်လုပ်ပြီး နှစ်ပတ်အကြာမှာပဲ အသုံးပြုမှုရာခိုင်နှုန်း 48.16% ရရှိခဲ့ပြီး၊ iOS 9 ကိုကျော်တက်နိုင်ခဲ့ပေမယ့် iOS 11 ဟာတ စတင်ထုတ်လုပ်ပြီး နှစ်ပတ်အကြာမှာ အသုံးပြုမှု 38.5% ပဲရရှိခဲ့ပြီး iOS 10 ကိုကျော်တက်နိုင်ခဲ့ခြင်း မရှိခဲ့သေးပါဘူး။

                လက်ရှိအချိန်မှာတော့ iOS 9 နဲ့ အရင် OS Version အသုံးပြုသူတွေဟာ 6.67% ရှိနေပါသေးတယ်။ ဒါဟာ iOS Update ဆက်လက်မရရှိတော့တဲ့ Legacy Device တွေရဲ့ ရာခိုင်နှုန်းဖြစ်တယ်လို့ ယူဆရပါတယ်။ iOS 11 ဟာ iOS 10 ထုတ်လုပ်မှုနဲ့ ယှဉ်ကြည့်ရင်တော့ အနည်းငယ်နှေးကွေးတယ်လို့ ထင်ရပေမယ့်လည်း အခြား Smartphone OS Platform နဲ့ယှဉ်မယ်ဆိုရင်တော့ လက်ရှိအချိန်မှာ အသုံးပြုမှုအများဆုံးအဖြစ် စံချိန်တင်နေဆဲပါပဲ။ 

References
MacRumors GSM Arena
About Author
Assinged Tags
iPhone iOS iPad iOS 11 iOS 10 Apple iOS 11.0.1
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed