Storage Space ကို 3GB လောက်နီးပါး လျှော့ချပေးနိုင်တဲ့ iOS 11

date_range 23 September 2017

Storage Space ကို 3GB လောက်နီးပါး လျှော့ချပေးနိုင်တဲ့ iOS 11

visibility 1720 Views

                ၂၀၁၇၊ စက်တင်ဘာ ၁၉ ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့ iOS 11 မှာ Feature အသစ်တွေ၊ Gesture အသစ်တွေ ပါဝင်ပါတယ်။ Feature သစ်တွေပါတာကတော့ ဟုတ်ပါပြီ၊ Storage Space ကိုရော ဘယ်လောက်ထိ လျှော့ချပေးနိုင်လဲ ဆိုတာကလည်း အရေးကြီးပါတယ်။ 

                နည်းပညာတိုးတက်လာနဲ့အမျှ Data တွေကလည်း တစ်နေ့တစ်ခြား တိုးလာတာကြောင့် Smartphone ထုတ်လုပ်သူတွေအနေနဲ့လည်း Storage ကို တတ်နိုင်သမျှ မြှင့်ပေးနေရပါတယ်။ Storage မြှင့်တယ်ဆိုတဲ့ နေရာမှာ 32 GB ကနေ 64 GB ဆိုပြီး Hardware ပိုင်းတင် မြှင့်လို့မရပြန်ပါဘူး။ Software ပိုင်းကလည်း တတ်နိုင်သမျှ Compress လုပ်ပေးနိုင်မှ ရမှာပါ။

                ကျနော့်အနေနဲ့ iOS 11 က Storage Space ကို iOS 10 ထက် ပိုပြီးလျှော့ချပေးလားဆိုတာကို စမ်းသပ်ဖို့အတွက် iOS 11 ကို Upgrade မလုပ်ခင် iOS 10 က Used Storage Space ကို Screenshot ရိုက်ထားခဲ့ပါတယ်။ iOS 10 မှာတုန်းက Used Storage Space က 43.72 GB အထိ ယူထားပါတယ်။

                iOS 11 ကို Upgrade လုပ်ပြီးပြီးခြင်းပဲ Used Storage Space ကို ပြန်သွားကြည့်တဲ့အခါမှာတော့ 40.4 GB ပဲ ရှိတော့ပြီး 3 GB လောက်နီးပါး လျှော့ချပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။

                စမ်းသပ်ခဲ့တဲ့ Device ကတော့ iPhone 6s Plus မှာ ဖြစ်ပါတယ်။ Model ပေါ်မူတည်ပြီး Result က အပြောင်းအလဲ ရှိနိုင်ပါတယ်။ နောက်ပြီး iOS 11 မှာ Storage ကိုပြသထားတဲ့ UI ကလည်း macOS ကလိုမျိုး ဖြစ်သွားပါတယ်။

                အခုခေတ် Smartphone တွေက Camera ပိုင်းကလည်း ကောင်းလာတယ်ဆိုတော့ ထွက်လာတဲ့ ဓာတ်ပုံတွေက File Size တော်တော်လေး များလာပါတယ်။ ဒီတော့ ထွက်လာတဲ့ Photo တွေ၊ Video တွေကို စက်ထဲမှာသိမ်းတဲ့နေရာမှာ Software အကူအညီနဲ့ File Size ကို တတ်နိုင်သမျှ Compress လုပ်ပေးနိုင်မှ OK ပါ လိမ့်မယ်။

References
TechX News
About Author
Assinged Tags
iOS Data Storage iOS 11 iOS File Management Storage Storage Space Storage Management
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed