iOS 11 မှာ 150MB အထိရှိတဲ့ Apps တွေ၊ Games တွေကို Mobile Internet နဲ့ Download လုပ်နိုင်တော့မည်

date_range 21 September 2017

iOS 11 မှာ 150MB အထိရှိတဲ့ Apps တွေ၊ Games တွေကို Mobile Internet နဲ့ Download လုပ်နိုင်တော့မည်

visibility 6220 Views

                Apple အနေနဲ့ အရင်တုန်းက iOS 7 ကစပြီး 100MB ကျော်တဲ့ Apps တွေ၊ Games တွေကို Mobile Internet နဲ့ Download လုပ်ခွင့် ပိတ်ထားပါတယ်။ Apple ကတော့ စေတနာနဲ့ Mobile Internet Usage တွေ အရမ်းများမှာစိုးလို့ Limit လုပ်ပေးထားတယ်ဆိုပေမယ့် Fibre လိုင်း၊ ADSL လိုင်းတွေကလည်း အခုအချိန်ထိအောင် နှေးကွေးနေသေးတာရယ်၊ တပ်ဆင်ခတွေ၊ လစဉ်ကြေးတွေကလည်း မိုးထိုးနေတာရယ်ကြောင့် ဖုန်းဘေလ်အကုန်ခံပြီး Mobile Internet ကိုပဲ အားကိုးနေရတဲ့ မြန်မာနိုင်ငံကလူတွေအတွက်ကတော့ အခုနောက်ပိုင်း 100MB ကျော်လာတဲ့ Facebook App ကိုတောင် Update လုပ်ဖို့ အဆင်မပြေတော့ပါဘူး။

                အခုကတော့ iOS 11 မှာ Limit ကို 150MB အထိ သတ်မှတ်ပေးလိုက်တာကြောင့် Facebook, Messenger, Twitter တို့လို့ 100MB ကျော်တဲ့ Apps တွေကို Mobile Internet နဲ့ပဲ Download လုပ်လို့ ရတော့မှာပါ။ Apple ကတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး

                “အသုံးပြုသူတွေအနေနဲ့ Mobile Internet ကို အသုံးပြုပြီး App Store ကနေ Apps တွေ၊ Games တွေကို အရင်ကထက်ပိုပြီး Download လုပ်လို့ ရတော့မှာပါ”

လို့ ပြောထားပါတယ်။

                Apple အနေနဲ့ အခုလိုမျိုး Limit ကို တိုးပေးလိုက်တာနဲ့ ပက်သက်ပြီး အကြောင်းပြချက် တိတိကျကျ မပြောထားပေမယ့် Apps တွေ၊ Game တွေကလည်း တစ်နေ့တစ်ခြား Size တွေ တိုးလာတယ်ဆိုတော့ 100MB Limit က သိပ်ပြီး အဓိပ္ပါယ်မရှိတော့ဘူးဆိုတာ သိသာလာပါတယ်။

                နောက်တစ်ချက်က နိုင်ငံအများစုမှာ Mobile Data Usage Rates တွေကို လျော့ချလာတာကြောင့်လည်း ပါပါတယ်။ သို့ပေမယ့်လည်း မြန်မာနိုင်ငံက Operators တွေတော့ မပါပါဘူး။ နိုင်ငံတကာက Operators တွေက Mobile Data Usage Rates တွေကို တတ်နိုင်သလောက် လျော့ချနေတဲ့အချိန်မှာ ဒီက Opertators တွေကတော့ အခုအချိန်ထိအောင် Facebook Pack တွေ၊ YouTube Pack တွေနဲ့ ရိုက်စားလုပ်နေကြတုန်းပါပဲ။

                Android မှာ Size များတဲ့ Apps တွေ၊ Games တွေကို Mobile Internet နဲ့ Down ခွင့်ပေးထားပေမယ့် Apple ကတော့ iOS အသုံးပြုသူတွေ Mobile Internet Usage တွေ မများသွားအောင် Limit လုပ်ပေးထားတုန်းပဲ ဖြစ်ပါတယ်။ iOS 11 ကို Upgrade လုပ်ချင်တဲ့သူတွေအနေနဲ့လည်း မိမိရဲ့ iDevice က iOS 11 တင်လို့ရလားဆိုတာကို ဒီမှာ Check ကြည့်နိုင်ပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
iOS 11 Cellular Network Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed