iOS 11 မှာ Wi-Fi နဲ့ Bluetooth ကို Control Center မှာတင် ပိတ်မရ

date_range 21 September 2017

iOS 11 မှာ Wi-Fi နဲ့ Bluetooth ကို Control Center မှာတင် ပိတ်မရ

visibility 2700 Views

                Apple အနေနဲ့ iOS Version အသစ်ဖြစ်တဲ့ iOS 11 ကို မနေ့ကပဲ တရား၀င်ထုတ်လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ User Interface အတော်များများပြောင်းလဲသွားပြီး၊ Control Center ပုံစံအသစ်နဲ့ ထွက်ရှိလာတဲ့ OS Version အသစ်ဖြစ်ပါတယ်။ iOS 11 မှာပါ၀င်လာတဲ့ Features အသစ်တွေကိုလည်း ကျွန်တော်တို့ရဲ့ ဆောင်းပါးတစ်ခုမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒါပေမယ့်လည်း iOS 11 မှာပါ၀င်လာတဲ့ Control Center ဟာ အရင် OS Version တွေတုန်းကလိုမျိုး Wi-Fi နဲ့ Bluetooth Switch တွေကိုပိတ်လိုက်တဲ့အခါ တကယ်ပိတ်သွားတာမျိုးမဟုတ်ဘူးလို့ သိရှိရပါတယ်။

                iOS 11 က Control Center မှာ ပါ၀င်တဲ့ Wi-Fi နဲ့ Bluetooth Switch တို့ကို ပိတ်လိုက်တဲ့အခါ လက်ရှိချိတ်ဆက်ထားတဲ့ Wi-Fi Networks တွေနဲ့ Bluetooth Device တွေကိုပဲ Disconnect လုပ်လိုက်တဲ့သဘောမျိုးပဲပြုလုပ်ပေးမှာဖြစ်ပြီး၊ တကယ် Wi-Fi နဲ့ Bluetooth Radio တွေကိုပိတ်ချင်တဲ့အခါ Settings ထဲကနေပဲ တိုက်ရိုက်၀င်ပိတ်မှ ရမယ်လို့ သိရှိရပါတယ်။

                ဒီအကြောင်းကို Security Researcher တစ်ယောက်ဖြစ်တဲ့ Andrea Barisani ကလည်း Twitter မှာ အခုလို Tweet ပြုလုပ်ထားခဲ့ပါသေးတယ်။

                Andrea ရဲ့ပြောကြားချက်အရ Apple အနေနဲ့ ဒီလိုမျိုး Radio တွေကိုတကယ်မပိတ်ပစ်ဘဲ ထားတာဟာ မလိုလားအပ်တဲ့တိုက်ခိုက်မှုတွေ (ဥပမာ- BlueBorne လိုမျိုးတိုက်ခိုက်မှုတွေ) ခံရနိုင်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ အသုံးပြုသူတွေဟာ မလိုအပ်ဘဲနဲ့ Wi-Fi နဲ့ Bluetooth တွေဖွင့်မထားတဲ့ အလေ့အကျင့်ကိုပြုလုပ်သင့်တယ်လို့လည်း ဆိုပါတယ်။ 

                Apple ဟာ Control Center ကနေပိတ်ထားပေမယ့်လည်း Background မှာ Radio ကိုဆက်လက်ဖွင့်ထားပေးတာဟာ AirDrop တို့လိုမျိုး File Transfer Feature တွေနဲ့ Location Services တွေအတွက်အထောက်အကူပြုပေးနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ 

                ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး Radio တွေပွင့်နေတာဟာ မမြင်နိုင်တဲ့ လုံခြုံရေးပြဿနာတွေကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲမို့ တကယ်အသုံးမပြုလိုတဲ့အခါကျရင်တော့ Settings ထဲကနေပဲ Wi-Fi နဲ့ Bluetooth ကိုပိတ်ထားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

References
The Verge
About Author
Assinged Tags
iOS iOS 11 Apple Control Center Bluetooth Wi-Fi
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed