Bug Fixes တွေပါတဲ့ iOS 11.0.1 ဒီနေ့ထွက်ရှိ

date_range 27 September 2017

Bug Fixes တွေပါတဲ့ iOS 11.0.1 ဒီနေ့ထွက်ရှိ

visibility 26440 Views

                မနေ့ကပဲ macOS High Sierra ကို Release လုပ်ပေးခဲ့တဲ့ Apple အနေနဲ့ iOS 11 ထွက်ရှိပြီး တစ်ပါတ်အကြာမှာတင် iOS 11.0.1 ကို ဒီနေ့မှာပဲ Release လုပ်ပေးလိုက်ပါတယ်။ ဒေါင်းရမယ့် Size ကတော့ iPhone 6s Plus မှာ 277.7 MB ရှိပြီး၊ iPad Pro (2017) Wi-Fi Model မှာတော့ 276.9 MB ရှိပါတယ် (ဖုန်းဘေလ်နဲ့သာ မွဲဖို့ရှိတော့သည်ပေါ့)။ ဒါပေမယ့် Download Size ကတော့ Device ပေါ်မူတည်ပြီး အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ်။


                Developer တွေနဲ့ Public Beta Tester တွေကတော့ Settings -> General -> Profiles ထဲကိုသွားပြီး Beta Profile ကို Remove လုပ်ပေးရဦးမှာပါ။ Remove လုပ်ပြီးရင်တော့ Reboot ပြန်လုပ်ပေးမှာ ဖြစ်ပါတယ်။ Apple ကတော့ ဒီ Update မှာ ဘယ်လို Bug Fixes တွေ၊ ဘယ်လို Improvements တွေ ပါဝင်လာတယ်ဆိုတာကို အတိအကျ မပြောထားပါဘူး။ iOS 11.0.1 မှာ iPhone နဲ့ iPad တွေအတွက် Bug Fixes တွေနဲ့ Improvements တွေ ပါဝင်လာတယ်ပဲ ပြောထားပါတယ်။

                သေချာတာကတော့ Apple အနေနဲ့ Battery အရမ်းစားနေတာWi-Fi နဲ့ Bluetooth ကို Control Center ကနေ တိုက်ရိုက် ပိတ်မရတာ၊ Performance ကျနေတာ၊ App တွေ အသုံးပြုရတာ လေးနေတာ၊ စတဲ့ Bug တွေရှိနေတဲ့ iOS 11 ကို iOS 10 တုန်းက Bug Fix ချက်ချင်း ထုတ်ပေးခဲ့ရသလိုမျိုးပဲ iOS 11.0.1 ဆိုပြီး Update ထုတ်ပေးလိုက်တာပါပဲ။ Update လုပ်ချင်တယ်ဆိုရင် ထုံးစံအတိုင်း Settings -> General -> Software Update ကိုသွားပြီး Update လုပ်နိုင်ပါတယ်။

                အခုလောလောဆယ် iPad Pro မှာ Update လုပ်ပြီးတာတော့ ဘာမှမထူးခြားသလို ခံစားရပါတယ် (နည်းနည်းလေးတော့ ပေါ့ပါးသွားသလိုပါပဲ)။ နောက်ပြီး Wi-Fi နဲ့ Bluetooth ကို Control Center ကနေ တိုက်ရိုက် ပိတ်မရတာကိုလည်း Fix မလုပ်ပေးထားပါဘူး။ အရင်အတိုင်းပါပဲ။ 

ဒီ Update မှာ နောက်ထပ်ပြောင်းလဲမှုတွေ တွေ့ရှိရင်လည်း ဖြည့်စွက်သွားဦးမှာ ဖြစ်ပါတယ်။
References
9to5Mac
About Author
Assinged Tags
iPhone iPad iOS 11 Software Update Apple iOS 11.0.1
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed