iOS 11 မှာ ပါဝင်လာတဲ့ Drag-and-Drop Feature ဟာ iPhone မှာလည်း ရရှိမည်

date_range 08 June 2017

iOS 11 မှာ ပါဝင်လာတဲ့ Drag-and-Drop Feature ဟာ iPhone မှာလည်း ရရှိမည်

visibility 1000 Views

                Apple အနေနဲ့ WWDC 2017 မှာ Feature အသစ်တွေ အများကြီးပါဝင်လာတဲ့ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ ခက်တာက iOS 11 မှာ ပါဝင်လာတဲ့ တစ်ချို့အသုံးဝင်မယ့် Feature တွေဟာ iPad တွေမှာပဲ ရရှိမှာပါ။ iPhone အတွက်တော့ အသုံးဝင်မယ့် Feature တွေ မထည့်သွင်းပေးခဲ့ပါဘူး။

                နောက်ပြီး iPad အတွက်ရော၊ iPhone အတွက်ရော File Management အတွက် “Files” ဆိုတဲ့ App လေးလည်း ပါဝင်လာတယ်ဆိုပေမယ့် iPad မှာလောက် ဒီ App လေးဟာ Drag-and-Drop Feature မရရှိတဲ့ iPhone မှာတော့ အသုံးဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မနေ့ကပဲ WWDC 2017 ကို တက်ရောက်နေကြတဲ့ Developers တွေရဲ့ Tweets တွေအရ iPhone မှာလည်း Drag-and-Drop Feature လေး ပါဝင်လာတယ်ဆိုတာကို သိရှိရပါတယ်။


                ဒါပေမယ့် ဒီ Feature လေးကို iPad မှာလိုတော့ iPhone မှာ သုံးလို့ရမှာ မဟုတ်ပါဘူး။ iPhone Display က iPad ထက်ပိုသေးတာကြောင့် iPad မှာလိုမျိုး Split-Screen လုပ်မယ်၊ Multi-Gesture သုံးပြီး တစ်ခုထက်ပိုတဲ့ Files တွေကိုတော့ အလွယ်တကူ Select လုပ်လို့ အဆင်ပြေမှာတော့ မဟုတ်ပါဘူး။

                WWDC 2017 ကို တက်ရောက်နေတဲ့ Developer တစ်ယောက်ဖြစ်တဲ့ Dave Schukin ဆိုသူက iPhone မှာ Drag-and-Drop Feature ဘယ်လိုအလုပ်လုပ်လဲဆိုတာကို Twitter မှာ တင်ထားပါတယ်။ YouTube Channel တစ်ခုဖြစ်တဲ့ iDeviceHelp ကနေလည်း ဒီ Feature လေး အသုံးပြုပုံကို တင်ထားပါသေးတယ်။ အောက်ကဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။


                သို့ပေမယ့်လည်း တစ်ခုသတိပြုရမှာက iOS 11 ဟာ Beta Version ပဲ​ ရှိသေးတယ်ဆိုတာပါပဲ။ ဘယ်အရာမဆို ရိုးရိုးရှင်းရှင်းပဲ လုပ်တတ်တဲ့ Apple အနေနဲ့ ဒီ Feature ကို iOS 11 တကယ်ထွက်ရှိလာတဲ့အခါကျရင် ဖြုတ်ပစ်ချင်၊ ဖြုတ်ပစ်နိုင်ပါတယ်။

References
The Verge
About Author
Assinged Tags
iOS 11
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed