iOS 11 မှာ App တွေအသုံးပြုရလေးလံနှေးကွေးတာနဲ့ Performance ကျဆင်းမှုပြဿနာတွေ ကြုံတွေ့နေရ

date_range 26 September 2017

iOS 11 မှာ App တွေအသုံးပြုရလေးလံနှေးကွေးတာနဲ့ Performance ကျဆင်းမှုပြဿနာတွေ ကြုံတွေ့နေရ

visibility 1680 Views

                Apple ကနေပြီးတော့ iOS Version အသစ်ဖြစ်တဲ့ iOS 11 ကို လွန်ခဲ့တဲ့ရက်အနည်းငယ်က  Update ထုတ်လုပ် ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီ iOS 11 Update ဟာ အချို့ iPhone နဲ့ iPad မော်ဒယ်တွေမှာ App နဲ့ System Performance ကျဆင်းတဲ့ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ Reddit ကနေ iPhone/iPad အသုံးပြုအတော်များများရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

                iPhone အသုံးပြုသူတွေထဲကမှ တစ်ယောက်ရဲ့ Reddit မှာ ရေးသားချက်အရ

ကျွန်တော့်အနေနဲ့ Upgrade ပြုလုပ်လိုက်ပြီးကတည်းက Apps တွေကိုဖွင့်ရတာက အရင်ကထက်ပိုပြီးအလုပ်ရှုပ်လာပါတယ်။ Safari, Reddit, ESPN, Yahoo, Texts စ တဲ့ Apps တွေဟာ Loading တက်လာတာ အရမ်းကိုကြာတယ်။ App တွေဟာ Crash ဖြစ်ပြီး Home Screen ကိုပြန်ရောက်တာမျိုးလည်းဖြစ်နေပြီး၊ ဖွင့်လို့ရအောင်လည်း App ကို ပိတ်ပစ်ပြီးမှ ပြန်ဖွင့်ရတာမျိုးတွေလုပ်နေရပါတယ်။ ဒါ့အပြင် ဖွင့်လို့အဆင်ပြေတဲ့ App တွေကလည်း ဖွင့်လိုက်တာနဲ့တန်းပွင့်တာမျိုးမရှိဘဲ အချိန်အနည်းငယ်စောင့်နေရပါတယ်။ 
အရင်တုန်းကတော့ ကျွန်တော့် 7+ မှာဒီလိုပြဿနာမျိုးတွေ လုံး၀မရှိခဲ့ပေမယ် မနေ့ညက Update ပြီးကတည်းက လေးပင်နေတာ သဲဗွက်ထဲမှာနစ်နေသလိုပါပဲ။ တစ်ခါမှလည်း ဖုန်းကို Hard Reset လုပ်ပစ်ရတာမျိုးမရှိခဲ့ပေမယ့်၊ iOS 11 ကျမှပဲ ကျွန်တော့်ဖုန်းကို Hard Reset ချရတာ နှစ်ခါရှိသွားပါပြီ။

                လို့  သိရှိရပါတယ်။

                ဒါ့အပြင် Beta Build မှာတုန်းက Error တစ်ခုမှမရှိခဲ့ဘဲ၊ GM Build ရောက်တော့မှသာ Error တွေများပြားနေကြောင်းနဲ့ Apps အချို့ဟာ လုံး၀ကိုဖွင့်လို့မရတော့တာတွေလည်း ကြုံတွေ့နေရပါတယ်။ Bluetooth အနေနဲ့လည်း ချက်ချင်းမချိတ်နိုင်တာနဲ့ Bluetooth Headset တွေမှာပါတဲ့ Music Controls Button တွေဟာ အရင်ကလိုအလုပ်မလုပ်တော့တဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။

                ပုံစံအသစ်နဲ့ပါ၀င်လာတဲ့ Control Center ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Wi-Fi နဲ့ Bluetooth Toggles တွေဟာ Radio ကို တကယ်ပိတ်မပစ်ကြောင်း လည်းသိရှိထားပါတယ်။ ဒါ့အပြင် ဒီ Control Center ရဲ့ Now Playing Widget ဟာ အရင်ကလို Spotify နဲ့ Apple Music က သီချင်းနားထောင်နေတာတွေအတွက် Control ပြုလုပ်လို့မရတော့ပါဘူး။ Battery Drain ပြဿနာတွေလည်း အရင်ကထက်ပိုမိုများပြားလာတယ်လို့လည်း Feedback တွေပေးထားကြပါသေးတယ်။

                Apple အနေနဲ့ ယခုကြုံတွေ့နေရတဲ့ ပြဿနာတွေကို System Updates တွေနဲ့အတူ ဖြေရှင်းပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒီလိုမျိုး iOS 11 မှာ ကြုံတွေ့နေရတဲ့ Performance ပြဿနာတွေကို iPhone 8/8 Plus နဲ့ iPad Pro မော်ဒယ်တို့မှာတော့ သိပ်မမြင်တွေ့ရဘူးလို့ သိရှိထားပါတယ်။

                တကယ်လို့ ဒီလိုပြဿနာတွေကြုံတွေ့နေရရင်လည်း Reset All Settings (Settings > General > Reset > Reset All Settings) ပြုလုပ်ပြီးဖြေရှင်းနိုင်တယ်လို့ဆိုပါတယ်။ အတိအကျကြီးတော့မဟုတ်ပေမယ့်လည်း App တွေနဲ့ပတ်သက်တဲ့ပြဿနာအချို့တော့ ကင်းသွားမယ်လို့ သိရှိထားပါတယ်။ ဒါမှမဟုတ်လည်း Data တွေကို Backup ပြုလုပ်ထားပြီး၊ iOS 11 Firmware ပြန်တင်လိုက်ရင်လည်း အဆင်ပြေနိုင်ပါတယ်။

                လက်ရှိအချိန်မှာ ဒီပြဿနာတွေဟာ ဖုန်းတိုင်းမှာကြုံတွေ့နေရတာမျိုးတော့မဟုတ်ပါဘူး။ Apple အနေနဲ့လည်း ဒီလို iOS 11 မှာ ရှိတဲ့ပြဿနာတွေကို System Updates ထုတ်လုပ်ပေးပြီး ဖြေရှင်းပေးသွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
MacRumors
About Author
Assinged Tags
iOS iOS Games iOS App Related iOS 11 Performance Apple Lag
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed