Mi MIX 2 နဲ့ Mi Note 3 ကို တပြိုင်တည်းမိတ်ဆက်လိုက်တဲ့ Xiaomi

date_range 12 September 2017

Mi MIX 2 နဲ့ Mi Note 3 ကို တပြိုင်တည်းမိတ်ဆက်လိုက်တဲ့ Xiaomi

visibility 32240 Views

                Xiaomi က ယနေ့၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာပဲ  Mi Notebook Pro နဲ့အတူ Xiaomi Mi ဖုန်းအသစ် ၂ မျိုးကိုပါ တရုတ်နိုင်ငံမှာ မိတ်ဆက်ပြသသွားခဲ့ပါတယ်။ အဲ့ဒါတွေကတော့ အားလုံးစောင့်မျှော်နေကြတဲ့ Xiaomi Mi Note 3 န့ Mi MIX 2 ဖုန်းတွေပဲဖြစ်ပါတယ်။

                ကျနော်တို့ အရင်ဆုံး Xiaomi Mi Note 3 အကြောင်း ပြောကြည့်ရအောင်

Xiaomi Mi Note 3


                Xiaomi Mi Note 3 က အရင် Mi Note Series ပုံစံမျိုးထက်၊ Mi 6 ဖုန်းကို အရွယ်အစားကြီးသွားတာလို့ ပိုပြောလို့ရပြီး၊ ဒီဇိုင်းကလည်း Xiaomi Mi 6 နဲ့ တော်တော်တူညီနေမှာဖြစ်ပါတယ်။ ခန့်မှန်းထားတဲ့အတိုင်းပဲ Snapdragon Processor အမြင့်အစား Mid-Range Qualcomm Snapdragon 660 Processor နဲ့ ပွဲထွက်လာတာ တွေ့ရပါတယ်။ RAM 6GB ပါဝင်မှာဖြစ်ပြီး၊ Storage အနေနဲ့ကတော့ 64 GB နဲ့ 128 GB ပါဝင်မှာဖြစ်ပါတယ်။

 

                ကင်မရာကလည်း Xiaomi Mi 6 ဖုန်းနဲ့ တူညီပြီးတော့ Dual 12 MP Cameras တွေပါဝင်ပြီး Portrait Mode နဲ့ 2× Telephoto Zoom တွေကိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Xiaomi ရဲ့ အဆိုအရတော့ Portrait Mode တွေက ပိုပြီးကောင်းမွန်လာတယ်လို့ ဆိုထားပြီး လူပုံရိုက်ကူးတဲ့နေရာမှာ ပိုပြီး လှပတဲ့ပုံတွေကို ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ Selfie Camera ကလည်း 16 Megapixels ပေမယ့် ထူးခြားတာက Adaptable AI Beautify စနစ်ပါဝင်လာတာပဲဖြစ်ပါတယ်။ Xiaomi က ဒီ Feature အတွက် နှစ်တစ်ဝက်လောက် အချိန်ယူခဲ့ရတယ်လို့ဆိုပြီး၊ Beautify စနစ်က မိန်းမမျက်နှာနဲ့ ယောင်္ကျားမျက်နှာအလိုက် Beautify ပိုလှအောင် လိုက်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

                Xiaomi Mi Note 3 မှာ အခြားအချက်တွေအနေနဲ့တော့ Quick Charge 3.0 ပါဝင်တဲ့ Battery 3500mAh ထည့်သွင်းပေးထားပြီး USB Type C, Stereo Speakers, NFC, IR Blaster တွေပါဝင်မှာပါ။ စျေးနှုန်းအနေနဲ့ကတော့ Xiaomi Mi Note 3 ဖုန်းကို 6GB + 64GB Version ကို 2,499 Yuan (ငွေကျပ် ၅ သိန်းကျော်) နဲ့ 6GB + 128GB Version ကို 2,899 Yuan (Black), 2,999 Yuan (Blue) ဆိုပြီး ငွေကျပ် ၆ သိန်းကျော်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

            Mi Note 3 ရဲ့ Specifications အပြည့်အစုံကို ဒီမှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။


                ကျနော်တို့ အမြင်အရတော့ Mi Note 3 ဖုန်းဟာ အရင် Mi Note စီးရီးတွေလောက် ပြေးဝယ်ချင်စရာမကောင်းတော့ဘူးလို့ ခံစားရပါတယ်။

Xiaomi Mi Mix 2


                Bezel-less ဖုန်းဈေးကွက်ကို စတင်ခဲ့တယ်လို့ ပြောလို့ရတဲ့ Xiaomi Mi Mix ရဲ့ ဒုတိယမြောက်မျိုးဆက်ကိုလည်း ကျွန်တော်တို့ Mi Note 3, Mi Notebook Pro တို့နဲ့အတူ ယနေ့ တွေ့မြင်ခဲ့ရပြီဖြစ်ပါတယ်။ 

                Xiaomi Mi MIX 2 ဟာ ယခင် Mi MIX နဲ့ ဆင်တူပြီး ပိုပြီးသေးငယ်တဲ့ 6" 18:9 Full HD+ Display ကို ပြောင်းလဲအသုံးပြုထားတဲ့အပြင် Mi Mix နဲ့ယှဉ်ရင် အောက်ခြေကဘောင်တွေကိုလည်း ၁၂ ရာခိုင်နှုန်းလျော့ချနိုင်ခဲ့ပါတယ်။ Mi MIX လိုမျိုး Ear Piece ကို Screen အောက်မှာမထားတော့ပဲ Screen အပေါ်က ဘောင်မှာပြောင်းလဲပြီး မြုပ်ထားတာဖြစ်ပါတယ်။


                Performance အနေနဲ့ကတော့ Mi Note 3 လိုမဟုတ်ပဲ တကယ့် Flagship ဖုန်းတစ်ခုလို့တောင်ပြောနိုင်ပြီး Qualcomm ရဲ့ လက်ရှိအမြင့်ဆုံး Snapdragon 835 CPU နဲ့ RAM 6 GB တို့ ပါဝင်မှာဖြစ်ပါတယ်။ Storage ကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်အောင် 64 GB, 128 GB နဲ့ 256 GB တွေကို ရရှိမှာဖြစ်ပါတယ်။ 

                Camera အနေနဲ့ကတော့ Mi MIX 2 မှာ Xiaomi Mi 6 မှာသုံးထားသလိုပဲ Single Sony IMX 386 12MP Sensor ကို တပ်ဆင်ပေးထားပြီး 4 Axis OIS လည်း ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာကိုလည်း 18K Gold နဲ့ ဘေးကနေကွပ်ထားပေးဦးမှာပါ။ Front Selfie Camera ကတော့ ဖုန်းရဲ့အောက်ခြေက ဘောင်မှာပဲ 5MP Sensor ကို ထည့်သွင်းပေးထားပါတယ်။ 


                Xiaomi Mi MIX 2 မှာ အားနည်းချက်လို့ ပြောလို့ရတဲ့အရာတစ်ခုကတော့ Mi Mix တုန်းက ပါဝင်ခဲ့တဲ့ 4400mAh Battery က အချိန်မှာ 3400mAh ပဲပါဝင်တော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Quick Charge 3.0 ကိုတော့ အထောက်အပံ့ပေးဦးမှာပါ။ 

                Xiaomi Mi MIX 2 ကို 64 GB Version ကို 3,299 Yuan (၇ သိန်းဝန်းကျင်)၊ 128 GB ကို 3,599 Yuan (၇သိန်းခွဲဝန်းကျင်) နဲ့ 256 GB Version ကို 3,999 Yuan (၈ သိန်းကျော်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ 

                Xiaomi Mi MIX 2 မှာ ကိုယ်ထည်အကုန်လုံးကို Ceramic Unibody နဲ့ ပြုလုပ်ထားတဲ့ RAM 8GB + 256GB Version ပါရောင်းချသွားမှာဖြစ်ပြီး အဆိုပါ Special Edition ကိုတော့ 4,699 Yuan (၉ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

                Mi MIX 2 ဖုန်းရဲ့ Specifications အပြည့်အစုံကို ဒီမှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

References
GSM Arena GSM Arena
About Author
Assinged Tags
Xiaomi Smartphones Snapdragon 835 Snapdragon 660 Mi MIX 2 Mi Note 3
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed