Snapdragon 660 နဲ့ Xiaomi Mi Note 3 ရဲ့ Promotional Sticker ပေါက်ကြား

date_range 06 September 2017

Snapdragon 660 နဲ့ Xiaomi Mi Note 3 ရဲ့ Promotional Sticker ပေါက်ကြား

visibility 2220 Views

                မနှစ်က Mi 5S နဲ့ Mi 5S Plus တွေ သိပ်မပေါက်ခဲ့တဲ့အချိန်မှာ Xiaomi ဟာ Mi Mix ၊ Mi Note 2 ဖုန်းတွေနဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရယူခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အဓိက Flagship ဟာ Mi Series ဖြစ်ပေမယ့်၊ Mi Note Flagship Series တွေကလည်း မခေလှပါဘူး။ နောက်ဆုံးပေါ် Hardwares တွေနဲ့ပဲ ထွက်လာတတ်တဲ့ Mi Note စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ အမြဲစောင့်ကြည့်နေရတဲ့ဖုန်းစာရင်းထဲမှာ ပါဝင်ပါတယ်။

                အရှေ့က Mi Note စီးရီးအစဉ်အလာတွေအတိုင်းဆိုရင် နောက်ထွက်မယ့် Mi Note 3 မှာ အနည်းဆုံးတော့ Snapdragon 835 Chipset လောက်တော့ ပါမယ်လို့ အားလုံးထင်ထားကြမှာပါ။ ဒါပေမယ့် ဒီနေ့ ပေါက်ကြားခဲ့တဲ့ Mi Note 3 ဓာတ်ပုံကြောင့် ကျနော်တို့ မျှော်လင့်ထားတာတွေ တကယ်ဖြစ်လာပါ့မလားဆိုတာ စိုးရိမ်စရာဖြစ်လာပါတယ်။

                ဓာတ်ပုံထဲမှာ ဖုန်းပုံပါမလာပေမယ့်၊ မြင်တွေ့ရတဲ့ Sticker ပုံကတော့ မယုံနိုင်စရာ Hardwares တွေကိုပြထားပါတယ်။


                အခုမြင်တွေ့ခဲ့ရတဲ့ Mi Note 3 ရဲ့ Promotional Sticker အတိုင်းဆိုရင်တော့ Mi Note 3 ဟာ Snapdragon 660 Chipset နဲ့ ထွက်လာဖို့ ရှိပါတယ်။ ဒါ့အပြင် Optical Zoom၊ Portrait Mode တွေပါမယ့် Dual ကျောကင်မရာ၊ 16 Megapixel Selfie Camera၊ လေးဘက်လုံးခုံးထားတဲ့ Glass Housing၊ Dual Standby နဲ့ Dual Sim Support တွေပါမှာပါ။ Processor ကလွဲလို့ ကျန်တာတွေကတော့ Mi Note Flagship လမ်းစဉ်အတိုင်းပါပဲ။ Snapdragon 835 လို နောက်ဆုံးပေါ် Chipset မသုံးထားတာကြောင့်ပဲ မေးစရာတွေဖြစ်လာတာပါ။ 

                ဒီဓာတ်ပုံကိုကြည့်ပြီးတော့ GFX Benchmark Site ကနေ Jason ဆိုတဲ့ Codename နဲ့ ထွက်ပေါ်ခဲ့ဘူးတဲ့ Mi 6C ကိုလည်း တွေးမိပါသေးတယ်။

                Snapdragon 600 Series ဆို Mid-Range Chipset  ဆိုတာ သိပြီးသားလိုပါပဲ Xiaomi ကလည်း C ဆိုတာကို Mid-Range ဖုန်းတွေမှာသုံးလေ့ရှိပါတယ်။ Mi 6C မှာ 5.46-inch Full HD Screen, Snapdragon 660 Chip, RAM 6GB,  Internal Memory 64 GB, နောက်ဘက်မှာ 12MP Dual-Camera (Sony IMX386 + Samsung s5k3m3), 16MP Selfie Camera (Samsung s5k3p8sp) ပါမယ်လို့ ပေါက်ကြားခဲ့တာပါ။ ဒါ့ကြောင့်လဲ ဒီ Sticker က Mi 6C အတွက် ပိုဖြစ်နိုင်မယ်လို့ တွေးမိပါတယ်။ Mi Note 3 အတွက်ဆို ဒီထက်ပိုကောင်းတာတွေ ပါဝင်သင့်ပါတယ်။ ဒါပေမယ့်လည်း Xiaomi က ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကတော့ Xiaomi ပဲ သိမှာပါ။

This Article is Contributed by YLin
References
Xiaomi Today
About Author
Assinged Tags
Xiaomi Snapdragon 660 Xiaomi Mi 6c MI 6C Mi Note 3
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed