စက်တင်ဘာလ ၁၁ ရက်နေ့မှာ Mi MIX 2 နဲ့အတူ တရားဝင်ထွက်ရှိလာတော့မယ့် Xiaomi Mi Note 3

date_range 10 September 2017

စက်တင်ဘာလ ၁၁ ရက်နေ့မှာ Mi MIX 2 နဲ့အတူ တရားဝင်ထွက်ရှိလာတော့မယ့် Xiaomi Mi Note 3

visibility 1880 Views

                Xiaomi ကနေ လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ Xiaomi Mi Mix 2 ကို တရားဝင်ကြေငြာသွားမယ်လို့ ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Event မှာ Xiaomi Mi Mix 2 တင်မကပဲ အခြား Xiaomi ဖုန်းတစ်လုံးကိုပါ ကြေငြာသွားဖို့ ရှိနေပါတယ်။ 

                အဆိုပါဖုန်းကတော့ Xiaomi Mi Note 3 ဖြစ်ပြီး Teaser ဓါတ်ပုံတွေနဲ့ပါကြော်ငြာသွားတာဖြစ်ပါတယ်။ လက်ရှိထွက်ရှိလာတဲ့ပုံတွေအရတော့ Mi Note 3 ဖုန်းဟာ Xiaomi Mi 6 ဖုန်းနဲ့ တူညီနေတယ်လို့ပြောလို့ရပြီး Mi 6 လိုပဲ အပြာရောင်ပါထုတ်မှာဖြစ်ပါတယ်။ Dual Camera ကလည်း Xiaomi Mi 6 ဖုန်းလိုပဲ ဖုန်းရဲ့ ဘယ်ဘက်ထောင့်မှာရှိတဲ့အတွက် Mi 6 ကို Screen ကြီးကြီးနဲ့ ပြောင်းလဲထုတ်လုပ်တာဖြစ်လောက်ပါတယ်။


                ယခင်က Mi Note 2 ကိုလည်း Mi Mix နဲ့အတူ မနှစ်က ထုတ်ပြခဲ့တာဖြစ်ပြီး မနှစ်က Mi Note 2 ကတော့ Mi 5 Smartphone နဲ့ မတူညီခဲ့ပဲ Dual Curved Display ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ယခုကြေငြာမယ့် Mi Note 3 ဖုန်းဟာလည်း Curved Display ကို ဆက်လက်သုံးစွဲလာမလားကိုတော့ စောင့်ကြည့်ရမှာပါ။ 

                Xiaomi Mi Mix 2 ရော၊ Mi Note 3 ရော လက်ရှိ အမြန်ဆုံးဖြစ်တဲ့ Qualcomm Snapdragon 835 Processor, RAM 6GB နဲ့ အနည်းဆုံး 64GB Storage ပါဝင်လာမှာဖြစ်ပြီး အချို့ကလည်း Mi Note 3 ကို Qualcomm Snapdragon 660 Processor နဲ့ပါ ထုတ်လုပ်သွားလိမ့်မယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။ 

                ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ဟာ Xiaomi ရဲ့ Flagship Smartphone ၂ လုံးကို တချိန်တည်း ပြသမယ့် Event တစ်ခုဖြစ်တဲ့အတွက် ပိုပြီးစိတ်ဝင်စားစရာဖြစ်လာတယ်လို့ ပြောရမှာပါ။ 

References
GSM Arena
About Author
Assinged Tags
Xiaomi Smartphones Mi MIX 2 Mi Note 3
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed