Mi Notebook Air ပြီးနောက် Mi Notebook Pro နဲ့ Laptop စျေးကွက်ထိပါ Apple ကို ယှဉ်ပြိုင်လာတဲ့ Xiaomi

date_range 11 September 2017

Mi Notebook Air ပြီးနောက် Mi Notebook Pro နဲ့ Laptop စျေးကွက်ထိပါ Apple ကို ယှဉ်ပြိုင်လာတဲ့ Xiaomi

visibility 12560 Views

                Xiaomi ဟာ လွန်ခဲ့တဲ့နှစ်တုန်းက Mi Notebook Air နဲ့ Laptop စျေးကွက်ထဲကို ဝင်ရောက်လာခဲ့တာ အားလုံးသတိပြုမိကြမှာပါ။ Xiaomi အနေနဲ့ Apple ရဲ့ Macbook Air ကို နာမည်ကော ဒီဇိုင်းပါ အနည်းငယ်ကူးယူထားတယ်ဆိုတာ ဝန်ခံရမှာပါ။

                ယနေ့ တနင်္လာနေ့ ( 11.9.2017 ) မှာလည်း Xiaomi က Mi Notebook Pro ဆိုတဲ့ Laptop မော်ဒယ်အသစ်ကို ထပ်မံ မိတ်ဆက်လိုက်ပြန်ပါပြီ။ အခုတခါလည်း မော်ဒယ်နာမည်က တိုက်ဆိုင်ရုံမက၊ တချို့ အချက်အလက်တွေမှာလည်း Xiaomi ကိုယ်တိုင်က Macbook Pro နဲ့ နှိုင်းယှဉ်ပြထားတာ တွေ့ရပါတယ်။ 


                Xiaomi ရဲ့ Mi Notebook Pro မှာ ၁၅.၆ လက်မအကျယ် Display ပါဝင်ပြီး၊ ဘေးဘောင်တွေက တော်တော်သေးငယ်တာကြောင့် Display အရသာကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ Processor အနေနဲ့ကတော့ မကြာမီကမှ မိတ်ဆက်သွားတဲ့ Intel ရဲ့ 8th Generation Quad-Core i7 Processors ကို အသုံးပြုထားပြီး၊ Pro ဆိုပေမယ့် U စီးရီး Processor ဖြစ်တာကို သတိပြုသင့်ပါတယ်။


                Mi Notebook Pro ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Touchpad မှာ Fingerprint Sensor ကို ထည့်ပေးထားတာဖြစ်ပြီး၊ Windows 10 ရဲ့ Security Feature တစ်ခုဖြစ်တဲ့ Windows Hello စနစ်ကို Fingerprint နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။


                Xiaomi Mi Notebook Pro ကို မော်ဒယ်ကွဲသုံးမျိုးရောင်းချသွားဖို့ရှိပြီး၊ Intel Core i7 နဲ့ 16GB RAM မော်ဒယ်က တရုတ်ယွမ်ငွေ ၆,၉၉၉ (မြန်မာငွေ ၁၄ သိန်းခန့်) ၊ Core i7 ကိုပဲ 8GB RAM မော်ဒယ်က တရုတ်ယွမ်ငွေ ၆,၃၉၉ (မြန်မာငွေ ၁၂ သိန်း ၈ သောင်းခန့်) နဲ့ Core i5 ကို 8GB RAM နဲ့ မော်ဒယ်က ၅,၅၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်း ဝန်းကျင်) ရှိမှာဖြစ်ပါတယ်။ Processors အကုန်လုံးက Intel ရဲ့ 8th Gen Kaby Lake Refresh Processors တွေနဲ့ပဲ ဖြစ်ပါတယ်။

                Mi Notebook Pro မှာ Graphics အနေနဲ့ မိုဘိုင်း Entry-level Gaming Card အသစ်တစ်ခုဖြစ်တဲ့ Nvidia GeForce MX150 နဲ့ ဖြစ်ပါတယ်။ MX150 က သိပ်မကြာခင်က မိတ်ဆက်ခဲ့တဲ့ GT 1030 Desktop Graphics Card ရဲ့ မိုဘိုင်းဗားရှင်းလို့ ခေါ်ဆိုနိုင်တာကြောင့် စွမ်းဆောင်ရည်ကတော့ သိပ်မဆိုးလောက်ဘူးလို့ ထင်ပါတယ်။ Storage အနေနဲ့ 256GB ကနေ 1TB SSD အထိ ရရှိနိုင်ပြီး၊ NTSC Color Gamut 72% ရှိတဲ့ 15.6-inch Display မှာ Corning Gorilla Glass 3 နဲ့ အုပ်ပေးထားပါတယ်။

                ကီးဘုတ်ကတော့ အောက်ခံမီးလင်းမယ့် Backlit Keyboard ဖြစ်ပြီး၊ Xiaomi ရဲ့ အဆိုအရ Mi Notebook Pro ရဲ့ ကီးဘုတ်ဧရိယာက Apple Macbook Pro ထက် ၁၉ ရာခိုင်နှုန်း ပိုကြီးတယ်လို့ သိရပါတယ်။


                Ports တွေအနေနဲ့ 3-in-1 SD Card Slot, USB Type-C Ports နှစ်ခု၊ 3.5mm နားကြပ်ပေါက်တစ်ခု၊ HDMI Port ကြီးတစ်ခု၊ USB Type-A Ports နှစ်ခု စုံစုံလင်လင်ပါရှိလာတာ တွေ့ရပါတယ်။ Dual-Band Wi-Fi 802.11 ac Chip လည်း ပါဝင်ပြီး၊ အလေးချိန်ကတော့ ၁.၉၅ ကီလိုဂရမ်ရှိမှာဖြစ်ပါတယ်။ Macbook Pro က ၁.၃၇ ကီလိုဂရမ်ဆိုတော့ Macbook Pro ထက်တော့ နည်းနည်းလေးနေဦးမှာပါ။ အရွယ်အစားအတိအကျကတော့ 360.7x243.6x15.9mm ရှိမှာဖြစ်ပါတယ်။


                ကုမ္ပဏီရဲ့ အဆိုအရပဲ Mi Notebook Pro မှာ Harman Infinity က ထုတ်ပေးထားတဲ့ စပီကာတွေ ပါဝင်မှာဖြစ်ပြီး၊ Dolby Atmos အသံစနစ်နဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 60Wh ဘက်ထရီဖြစ်ပြီး၊ Laptop Charger အသစ်က ဘက်ထရီကို ၃၅ မိနစ်အတွင်းမှာ အား ၅၀ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

                Mi Notebook Air တုန်းကလည်း မြန်မာနိုင်ငံစျေးကွက်မှာ ဝယ်ယူရရှိခဲ့တာကြောင့် အခု Mi Notebook Pro ကလည်း ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်လာနိုင်ခြေရှိပါတယ်။


References
Gadgets NDTV The Verge
About Author
Assinged Tags
Xiaomi MacBook Pro Laptop Mi Notebook Air Intel 8th Generation Kaby Lake Refresh Mi Notebook Pro
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed