Mi MIX 2 ကို အမြောက်အများထုတ်လုပ်မယ့် Xiaomi

date_range 05 September 2017

Mi MIX 2 ကို အမြောက်အများထုတ်လုပ်မယ့် Xiaomi

visibility 14180 Views

                လွန်ခဲ့တဲ့နှစ်က Bezel-Less ခေတ်ကို ဦးဆောင်သွားနိုင်ခဲ့တဲ့ Xiaomi ကနေ ထုတ်လုပ်ထားတဲ့ Mi MIX ရဲ့ အောင်မြင်မှုတွေအပြီးမှာ၊ အခုတစ်ခါထပ်ပြီးတော့ Mi MIX 2 နဲ့ Screen-To-Body Ratio အမြင့်များဆုံး ၉၃ ရာခိုင်နှုန်း နဲ့ ဆက်လက်ဦးဆောင်သွားဖို့ရှိပါတယ်။ Xiaomi ဟာ ယခုအသစ်ထွက်ရှိလာမယ့် Mi MIX 2 ကို အမြောက်အများထုတ်လုပ်ရောင်းချဖို့လည်း ကြံရွယ်နေတယ်လို့ သိရှိရပါသေးတယ်။

                ကျွန်တော်တို့အနေနဲ့ Mi MIX ဖုန်းကို ဒီဇိုင်းပိုင်းအတွက်ကူညီခဲ့တဲ့ Philippe Starck ကိုယ်တိုင်ပြသခဲ့တဲ့ Mi MIX 2 ရဲ့ Concept Design ကိုလည်းတွေ့ရှိခဲ့ရပြီး၊ ကောလာဟလတွေ အရလည်း Snapdragon 835 SoC နဲ့ RAM 6GB ပါ၀င်လာမယ်လို့လည်းသိရှိထားပါတယ်။ 

                လက်ရှိအချိန်မှာတော့ Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jung ဟာ သူ့ရဲ့ Weibo Account မှာ Mi MIX 2 ကိုထည့်သွင်းပေးထားမယ့် ဘူးပုံစံ ဓာတ်ပုံနှစ်ပုံနဲ့အတူ Mi MIX 2 ကိုလည်း အမြောက်အများထုတ်လုပ်နေပြီဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ 


                ဒါ့အပြင် Xiaomi ကနေ Mi MIX 2 ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ မိတ်ဆက်ပေးသွားဖို့ရှိပြီး၊ Apple ရဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာကျင်းပမယ့် Special Event မတိုင်ခင်မှာပဲ Xiaomi ဟာ Mi MIX 2 နဲ့ အာရုံတွေပျက်ပြားသွားအောင်ပြုလုပ်ဖို့ ကြံရွယ်နေတာလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ 

                ဆက်လက်ပြီးတော့လည်း Mi MIX 2 စမတ်ဖုန်းအတွက် Xiaomi ရဲ့ Vice President တစ်ဦးဖြစ်တဲ့ Manu Kumar Jain ကနေ Twitter မှာ ယခုကဲ့သို့ Tweet ပြုလုပ်ထားပါသေးတယ်။

                ဒါကြောင့်မို့ Xiaomi ဟာ ယခုထွက်ရှိလာမယ့် Mi MIX 2 Flagship စမတ်ဖုန်းအတွက် အတော်ကိုအားထည့်ထားပြီး၊ အားလုံးကို အံ့အားသင့်သွားစေမယ့် Design နဲ့ ထွက်ရှိလာဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

                Xiaomi ဟာ MIUI မပါ၀င်ဘဲ Google ရဲ့ Stock Android နဲ့ ထွက်ရှိလာမယ့် Android One စမတ်ဖုန်းအသစ် အတွက်လည်း ပြင်ဆင်နေပြီး၊ Google နဲ့လည်း 17:9 Aspect Ratio နဲ့ စမတ်ဖုန်းအသစ်ကိုထုတ်လုပ်ပေးနိုင်ဖို့အတွက် ခြောက်လကြာအထိ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။ 

                တကယ်တော့ Aspect Ratio တွေကိုပြောင်းလဲထုတ်လုပ်တာဟာလည်း အဆန်းတော့မဟုတ်ပါဘူး။ Samsung Galaxy S8 ရဲ့ Aspect Ratio ဟာ 18.5:9 ရှိပြီး၊ LG G6 မှာဆိုရင်တော့ 18:9 Aspect Ratio နဲ့ထွက်ရှိထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi ရဲ့ Mi MIX ဟာလည်း သာမန်မြင်တွေ့နေကျ 16:9 မဟုတ်ဘဲ 17:9 နဲ့ထွက်ရှိခဲ့တာကို အားလုံးသတိထားမိကြမှာပါ။ 

                အခုထွက်ရှိလာမယ့် Mi MIX 2 စမတ်ဖုန်းအတွက်တော့ Aspect Ratio ဘယ်လောက်နဲ့ထွက်ရှိလာမလဲဆိုတာကို အတိအကျမသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း Xiaomi ကနေ စက်တင်ဘာလ ၁၁ ရက်မှာ Mi MIX 2 စမတ်ဖုန်းကို တရား၀င်မိတ်ဆက်ပေးတော့မှာမို့လို့ သေချာသိရှိဖို့အတွက် သိပ်စောင့်စရာတော့ မလိုလောက်တော့ပါဘူး။

References
XDA Developers
About Author
Assinged Tags
Xiaomi Xiaomi Mi MIX 2 Mi MIX 2 Bezel-Less Display Mass Production
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed