Mi Walkie-Talkie နဲ့ Mi Smart Camera အပြင်၊ အခြား ထူးထူးခြားခြားပစ္စည်းများကို မိတ်ဆက်လိုက်တဲ့ Xiaomi

date_range 06 March 2017

Mi Walkie-Talkie နဲ့ Mi Smart Camera အပြင်၊ အခြား ထူးထူးခြားခြားပစ္စည်းများကို မိတ်ဆက်လိုက်တဲ့ Xiaomi

visibility 2940 Views

                နည်းပညာနယ်ပယ်မှာ ပစ္စည်းများကို အမျိုးအစားစုံစုံလင်လင်နဲ့ ထုတ်လုပ်ဖြန့်ချိနေတဲ့ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Xiaomi ကတော့ Mi Walkie-Talkie, Mi Smart Camera, Mi Router Pro, Mi Car Recorder နဲ့ Mi Smart Scale 2 တို့ကို မိတ်ဆက်လိုက်ပြန်ပါပြီ။

Mi Walkie-Talkie


                ဒီ Walkie-Talkie လေးဟာ Ultra High Frequency (UHF) ရော၊ Very High Frequency (VHF) ရောပါ Support လုပ်တာဖြစ်တဲ့အတွက် လူနေထူထပ်တဲ့မြို့ထဲမှာသာမက၊ ကွင်းပြင်ကျယ်များမှာလည်း ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။ 

                ဒီကောင်လေးမှာ FM Radio အပြင် မိမိရဲ့တည်နေရာကိုလည်း Share လုပ်နိုင်တဲ့ Feature လဲပါမှာပါ။ Screen ကတော့ 160x100 Pixel resolution ရှိတဲ့ LCD Screen ဖြစ်ပြီး၊ ဘာမှမသုံးပဲ ဒီတိုင်းဖွင့်ထားရင် ၈ ရက်အထိအထားခံတဲ့ 2600mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ 

                ၂၀၀ ဂရမ်သာလေးတဲ့ ဒီ Walkie-Talkie လေးဟာ Micro-USB အားသွင်းပေါက်လေးလည်း ပါပါသေးတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၃၆ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပါတယ်။

Mi Smart Camera


                ဒီကင်မရာလေးကတော့ 1080p ဗီဒီယိုတွေကို Maximum 20fps Frame Rate နဲ့ရိုက်ကူးနိုင်မှာပါ။ Lens ကလည်း Ultra-Wide Lens ဖြစ်တဲ့အပြင် အလင်းမရှိတဲ့နေရာတွေမှာလည်း ရိုက်ကူးနိုင်မယ့် အနီအောက်ရောင်ခြည် နည်းပညာပါဝင်ပါတယ်။ 

                Wi-fi လည်းပါဝင်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို microSD Card ဒါမှမဟုတ် Cloud Storage မှာသိမ်းထားနိုင်မှာပါ။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၉ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပါတယ်။

Mi Car Recorder


                ဒီပစ္စည်းလေးကတော့ Sony ရဲ့ IMX323 Image Sensor ကို အသုံးပြုထားပြီး Aperture ကလည်း f/1.8 တောင်ရှိပါတယ်။ Lens ကလည်း 160-Degree Ultra-Wide Angle Lens ဖြစ်တဲ့အပြင် ထွက်လာတဲ့ပုံတွေကိုလည်း Mstar 1080p Image Processing Chip နဲ့ Process လုပ်ပေးသွားမှာပါ။

                အလင်းအရမ်းအားနည်းတဲ့ နေရာတွေအတွက်တောင်မှ High-Definition ဓာတ်ပုံတွေထုတ်ပေးနိုင်တယ်လို့ Xiaomi ကဆိုထားပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၀ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပါတယ်။

Mi Router Pro


                အခု Router မှာ 4x4 Omnidirectional Antenna တွေပါဝင်ပြီး၊ အရင်ကထက်လည်း Signal Coverage ကပိုကောင်းတယ်လို့ Xiaomi ကဆိုထားပါတယ်။ MU-MIMO နည်းပညာကို အသုံးပြုထားတဲ့အတွက် Stable Connection ပေးနိုင်မှာဖြစ်ပါတယ်။ Full-Sized Gigabit Ethernet Port တွေလည်းပါဝင်တဲ့ ဒီ Router လေးရဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇၂ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပါတယ်။

Mi Smart Scale 2


                အရင် Mi Smart Scale မှာတုန်းကတော့ ခြေထောက်တင်နိုင်တဲ့ ဘုလေးတွေမပါပေမယ့် အခု Mi Smart Scale 2 မှာတော့ ခြေထောက်တင်နိုင်တဲ့ ဘုလေးတွေ ၄ ခု ပါလာပါတယ်။ ၁၄.၅၅ မီလီမီတာသာထူတဲ့ ဒီကိုယ်အလေးချိန်၊ ချိန်တဲ့စက်ကလေးဟာ ကိုယ်အလေးချိန်ကို LED Display နဲ့ပြသပေးမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၀ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပါတယ်။

                ဒီကိုယ်အလေးချိန်စက်လေးဟာ ကိုယ်အလေးချိန်အပြင်၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏ၊ အရိုးသိပ်သည်းဆ ရာခိုင်နှုန်း၊ ကြွက်သားပမာဏ၊ စသည့် ကျန်းမာရေးလိုက်စားသူတွေအတွက် အရမ်းအသုံးဝင်မယ့် Feature တွေစုံစုံလင်လင် ပါရှိပါတယ်။

References
Gadgets 360
About Author
Assinged Tags
Xiaomi Mi Walkie Talkie Mi Smart Camera Mi Car Recorder Mi Router Pro Mi Smart Scale 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed