Bezel-less ဖုန်းတစ်လုံးဖြစ်လာဦးမယ့် Xiaomi Mi MIX 2 ရဲ့ Specifications များ ထွက်ပေါ်

date_range 07 July 2017

Bezel-less ဖုန်းတစ်လုံးဖြစ်လာဦးမယ့် Xiaomi Mi MIX 2 ရဲ့ Specifications များ ထွက်ပေါ်

visibility 6360 Views

                Xiaomi Mi MIX ဟာ မနှစ်က ပထမဆုံး Bezel-less ဘောင်ပျောက် Design နဲ့ ထုတ်ခဲ့တဲ့ဖုန်းဖြစ်ပြီး၊ Earpiece အတွက် Ultrasonic နည်းပညာသုံးထားတာ၊ ကိုယ်ထည်ကိုလည်း Ceramic ကြွေသားနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် ဖုန်းလောကမှာတော်တော်လေးကို Innovative ဖြစ်ခဲ့တဲ့ ဖုန်းတစ်ခုဖြစ်ခဲ့ပါတယ်။ 

                အခုအချိန်မှာ Xiaomi ဟာ Mi MIX ရဲ့ နောက်ထပ် Generation ဖြစ်လာမယ့် Mi MIX 2 ကို မကြာခင်ကြေငြာတော့မှာဖြစ်ပြီး ပါဝင်တဲ့အချက်အလက်တွေကို GFXBench ကတစ်ဆင့် ပေါက်ကြားခဲ့တာဖြစ်ပါတယ်။


                Xiaomi Mi MIX 2 မှာ လက်ရှိအမြန်ဆုံး CPU Processor ဖြစ်တဲ့ Qualcomm Snapdragon 835 ပါဝင်လာမှာဖြစ်ပြီး၊ RAM အနေနဲ့ 6GB ပါဝင်မှာဖြစ်ပါတယ်။ Android Version 7.1.1 ကို အသုံးပြုထားတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ 

            အခြားသတင်းတွေအရတော့ Xiaomi Mi MIX 2 မှာ ယခင် Mi MIX ထက် ပိုပြီးပါးလွှာတဲ့ ဘေးဘောင်တွေနဲ့ 19MP + 13MP Dual Camera ပါဝင်လာမယ်လို့သိရပါတယ်။ Screen Size အနေနဲ့ 6.4" ပဲရှိနေမှာဖြစ်ပြီး AMOLED QuadHD 2540x1440 Pixels Display ပါဝင်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ Battery အနေနဲ့လည်း 4500mAh Battery ပါဝင်ဦးမှာဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Xiaomi Smartphones Xiaomi Mi MIX 2 Rumors Bezel-Less Smartphones Mi MIX 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed